သစ်တော ပြန်လည်ထူထောင်ဖို့ဆိုရင် ဒရုန်းအစေ့ချ လုပ်ငန်းက အရေးပါ

သစ်တော ပြန်လည်ထူထောင်ဖို့ဆိုရင် ဒရုန်းအစေ့ချ လုပ်ငန်းက အရေးပါ

သစ်တောပြုန်းတီးမှု ရဲ့ အဓိကကျတဲ့ ကိစ္စနှစ်ရပ်ကတော့ သစ်ထုတ်လုပ်ငန်းတွေကြောင့် နဲ့ တောမီးလောင်ခြင်း ကြောင့် ဆိုပြီ ဖြစ်ပါတယ်။ လူသားကြောင့် ဖြစ်တဲ့ သစ်တောပြန်ုန်းတီးမှု နဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်တဲ့ သစ်တောပြုန်းတီမှုဆိုပြီး ပြောလိုရပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် သစ်တောတွေ နည်းလာရင် ကမ္ဘာ့ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်တွေ စုပုံလာမယ် ။ ကာဗွန်တွေက အပူစုတ်ထားမယ်။ အပူချိန်တက် လာတဲ့ ကမ္ဘာကြီးမှာ ရာသီဥတုဖောက်ပြန်မှု တွေဖြစ် လာမယ်။ ရာသီဥတုဖောက်ပြန်မှု က သဘာ၀ ဘေးအန္တရာယ်တွေကို ဖြစ်ပေါ်လာစေပြီး လူသားတွေကို ဒုက္ခရောက်စေမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သစ်တောတွေကို ပြန်လည်ပြုစုပျိုးထောင်တဲ့ လုပ်ငန်းက ကမ္ဘာကြီး ကို ကယ်တင်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။
ပြီးတော့ ဟန်ချက်ပျက်သွားပြီဖြစ်တဲ့ ဂေဟစနစ်ကို ပြန်လည်တည့်မတ်တာလည်း ဖြစ်ပါတယ်။ ပြောတော့သစ်တောပြန်လည်ပြုစုပျိုးထောင်ကြမယ်လို့ ဆိုပေမယ့် လက်တွေမှာတော့ အလွန်လက်ဝင်တဲ့ ကိစ္စဖြစ်ပါတယ်။ အလွန်ကျယ်ပြန်တဲ့ တောကြီးတွေ ။ ဖုန်းဆိုးမြေတွေ ။ မြတ်ရိုင်းလွင်ပြင်ကြီးတွေမှာ မျိုးစေ့ချ ၊ ရေလောင်း ပြီး စောင့်ကြည့်ဖို့ က ခက်ခဲကြမ်းတမ်းတဲ့ လုပ်ငန်းတွေပဲဖြစ်ပါတယ်။ လုပ်သားအင်အားတွေ အများကြီး သုံးရမှာဖြစ်လို့ သစ်တောပြန်လည် ထူထောင်ဖို့ဆိုတာ စိတ်ကူးနဲ့ လက်တွေ့မကျနိုင်တဲ့ ကိစ္စဖြစ်နေပါတယ်။
အဲ့ဒိပြဿနာကို ဖြေရှင်ဖို့အတွက် DRONE SEED ကုမ္ပဏီက ဒရုန်းနဲ့ အစေ့ချ ၊ ပျိုးထောင်လုပ်ငန်းလုပ်ဖို့ ဖန်တီးမှုတွေ လုပ်လိုက်ပါပြီ။ လက်တလောမှာ မီးလောင်သစ်တောတွေမှာ အစေ့ချလုပ်ငန်းတွေ ကို လုပ်ကိုင်နေတာ အောင်မြင်နေပါတယ်။ နည်းပညာမြှင့်ထားတဲ့ ဒရုန်းတွေ ဆိုရင် သစ်တောကို အကွက်ရိုက်ပြီး အစေ့ချတဲ့ လုပ်ငန်းကို လုပ်နိုင်နေပါပြီ။ လုပ်သားတစ်ဦးတည်းနဲ့ ကျယ်ပြန့်တဲ့ ဧရိယာကို အပင်မျိုးစေ့တွေ လိုက်ချနိုင်မယ် ။ ပြီး ရင် ပျိုးထောင်မယ်။ စောင်ကြည့်မယ် ၊ ဒါတွေကို လုပ်ကိုင်နိုင်နေပါပြီ ။
လူ အယောက် ၁၀၀ လောက် နေရာဖြန့်ပြီး လုပ်ကိုင်မှရမယ့် နေရာတွေကို လူတစ်ဦးတည်း ဒရုန်းတွေကို ထိန်းချုပ်ပြီး လုပ်သွားနိုင်တော့မှာပါ။ ဒရုန်းတွေက အစေ့ရော မြေသြဇာပါ ထည့်ထားတဲ့ ခွက်ချွန်တွေ ကို သယ်ဆောင်လာမယ် ။ မြေပုံပါ နေရာတွေမှာ ခွက်ကို ပစ်လွှတ်ချပြီး စိုက်လိုက်မှာပါ။ ဒရုန်း နဲ့ အစေ့ချ အဖွဲ့ တစ်ဖွဲ့ က နားနားနေနေ လုပ်ရင်တောင် တစ်ရက် ကို အနည်းဆုံး ၂ ဧက ကျော် စိုက်ပျိုး နိုင်မယ်လို့ သိရပါတယ်။
 မောင်ယဿ ( နိုဝင်ဘာ ၂၉ )
REF: greencitizen
Photo : unmanned system

About The Author

greenness_mm

No Comments

Leave a Reply