သတင်းအမှောင်ချခံခဲ့လိုက်ရတဲ့ ဂီနီယာပင်လယ်ကွေ့ က ရေနံကွက်ကြီး

သတင်းအမှောင်ချခံခဲ့လိုက်ရတဲ့ ဂီနီယာပင်လယ်ကွေ့ က ရေနံကွက်ကြီး

ပြီးခဲ့တဲ့ ၂၀၁၀ တုန်းက မက္ကဆီကို ပင်လယ်ကွေ့မှာ BP ရေနံ ကုမ္ပဏီရဲ့ Deep Water Horizon ကမ်းလွန်ရေနံလုပ်ငန်းက ပေါက်ကွဲပြီး ရေနံစည် သန်း၄၀ ကျော် ပါတဲ့ ရေနံကွက်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒိတုန်းက ကမ္ဘာ့ သတင်းမီးီယာတွေမျာ လတော်တော်ကြာအောင် ခေါင်းကြီး သတင်းအနေနဲ့ ပါခဲ့လို့ လူတော်တော်များများ သိခဲ့ရပါတယ်။

ဒါပေမဲ့ ၂၀၀၂ ကနေ ၂၀၁၂ လောက်အထိ ၁၀စုနှစ် တစ်ခုစာ ရှိခဲ့ အာဖရိကတိုက် အနောက်ဖက်ကမ်းခြေ ဂီနီယာ ပင်လယ်ကွေ့က ရေနံကွက်ကြီးအကြောင်း ကိုတော့ ဘယ်သူမှ တစ်စွန်းတစ မသိလိုက် ကြပါဘူး ။ အဲ့ဒိတုန်းက ဂြိုဟ်တုက ရိုက်ထားတဲ့ ဓာတ်ပုံ အထောက်အထားအရ ဂီနီယာပင်လယ်ကွေ့ မှာ ရှိခဲ့တဲ့ ရေနံကွက်ကြီး က BP ကြောင့် ဖြစ်တဲ့ ရေနံကွက်ကြီးထက်ပိုကြီးတယ်လို့ သိရပါတယ်။

ပြင်သစ်သုတေသီဖြစ်တဲ့ ဆာဂျီရီယာဇာနော့ က “ မက္ကဆီကိုပင်လယ်ကွေ့မှာဖြစ်ခဲ့တဲ့ ရေနံကွက်ကြီး အကြောင်းကို သတင်းမီဒီယာတွေက ဖောက်ချလို့ လူတွေ သိလိုက်ရတယ်။ ကောင်းပါတယ်။ ရေနေသတ္တဝါတွေရဲ့ အသေအပျောက်အကြောင်းကိုလည်း ဖတ်လိုက်ရပါတယ်။ ဒါပေမဲ့ အဲ့ဒိထက်ပိုဆိုးတဲ့ ဂီနီယာ ပင်လယ်ကွေ့က ရေနံကွက်ကြီးအကြောင်းကိုတော့ ဘယ်သူမှ မပြောဖြစ်ခဲ့ကြပါဘူး”

“၂၀၀၂ ခုနှစ်တုန်းက ဥရောပ အာကာသ အေဂျင်စီကနေ ဂြိုဟ်တုတစ်လုံးလွှတ် တင်ခဲ့တယ်။ အဲ့ ဒိဂြိုဟ်တုက ရိုက်ခဲ့တဲ့ ဓာတ်ပုံ ၄၀၀၀ ကျော်ကို ကျနော်နဲ့ ကျနော်တွဲဖက်တို့ စစ်ဆေးကြည့်တဲ့အခါမှာ ဂီနီယာ ပင်လယ်ကွေ့ က ရေနံကွက်ကြီး ကိုတွေ့ ခဲ့ရပါတယ်။ အဲ့ဒိအကွက်ကြီးက ၂၀၁၂ ခုနှစ်အထိရှိခဲ့တာနော် “ လို့ ဆိုပါတယ်။

သိပ္ပံပညာရှင်တွေ နဲ့ တိုင်ပင်တဲ့အခါမှာတော့ ရေ နံပေါကြွယ်ဝစွာရှိနေတဲ့ အာဖရိကအနောက်ဖက်ကမ်းခြေ ဒေသမှာ ကမ်းလွန်ရေနံတွင်းတူးစင်တွေနဲ့ ရေနံတင်သဘောၤတွေရဲ့ ဖိတ်စင်မှုတွေက လှိုင်းပုတ်ပြီး အဲ့ဒိပင်လယ်ကွေ့ထဲမှာ လာစုနေတာဖြစ်တယ်လို့ရှင်းပြပါတယ်။

“ Shell တို့လို Exxon တို့လို ရေနံ ကုမ္ပဏီတွေကြောင့်ဖြစ်တဲ့ ပင်လယ်ထဲက ရေနံကွက်ကြီးတွေအတွက် ပြစ်ဒဏ်တွေ ၊ ဒဏ်ကြေးတွေရှိပေမဲ့ အခြားရေနံကုမ္ပဏီ တော်တော်များများကတော့ သူတို့ကြောင့်ဖြစ်တဲ့ ဖိတ်စင်မှုတွေကို သတင်းပေးပို့ခြင်း ၊ တာဝန်ယူခြင်း တာဝန်ခံခြင်းတွေ မလုပ်ကြပါဘူး။ အချို့ က သူတို့ကြောင့်ဖြစ်တဲ့ ရေနံဖိတ်စင်မှုတွေက နည်းနည်းလေးပါလို့ ပြောပေမဲ့ ဂီနီယာ ပင်လယ်ကွေ့ က ရေနံကွက်ကြီး က စတုရန်မိုင် ၄၀၀ နီးပါးရှိခဲ့ပါတယ်။ အဲ့ဒါတွေအတွက် တစ်ခုခုတော့လုပ်သင့်နေပါပြီ” လို့ သူက ဆိုလိုက်ပါတယ်။

 

မောင်ယဿ ( ဒီဇင်ဘာ ၇ )
REF: mongabay
Photo : mongabay

About The Author

greenness_mm

No Comments

Leave a Reply