သတ်ပစ်မှာလား ၊ ထားရစ်မှာလားနဲ့ ဥ‌ရောပ ဝက်ဝံညိုတွေရဲ့ပြဿနာ

သတ်ပစ်မှာလား ၊ ထားရစ်မှာလားနဲ့ ဥ‌ရောပ ဝက်ဝံညိုတွေရဲ့ပြဿနာ

ပြီးခဲ့တဲ့ ၃ ရက်အတွင်း စလိုဗက်ကီးယားမြောက်ပိုင်းမှာ လူတွေကို ဝက်ဝံညိုတွေရဲ့ ဒုတိယအကြိမ် တိုက်ခိုက်မှု ပြီးနောက် ဒေသခံ အာဏါပိုင်တွေက ‌ဒေသတွင်းအရေးပေါ်အခြေအနေကို ကြေညာလိုက်ရပါတယ် ။
တာထရာတောင်တန်းများအနီးရှိ Liptovský Mikuláš ဒေသတွင် အသက် ၁၀ နှစ်မှ ၇၂ နှစ်ကြား လူငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့ပါတယ် ။ လက်နက်ကိုင်ခြောက်ဖွဲ့က ကင်းလှည့်အမဲလိုက်ပြီးနောက် ဝက်ဝံကို ဖမ်းဆီးရမိဖွယ်ရှိကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ထပ်မံ ပြောကြားခဲ့ပါတယ် ။ အထူးသဖြင့် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ဝက်ဝံတွေရဲ့အန္တရာယ်ကို သတိထားဖို့ လိုကြောင်းကိုလည်း အကြံပြုထားပါတယ်။
“ဝက်ဝံတွေကို ကယ်ဆယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လူမနေတဲ့နေရာတွေထဲကို တွန်းပို့ခဲ့ပြီး အရေးပေါ် အဖွဲ့တွေက ဖယ်ရှားဖို့ အမိန့်ပေးထားပါတယ်” လို့ အာဏါပိုင်တစ်ဦးက ဆိုပါတယ်။ လူသွားလူလာရှိတဲ့ လမ်းပေါ်မှာ ဝက်ဝံတစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဉီး ခြံစည်းရိုးပေါ်ကို ကျော်ခွပြီး တက်ပြေးရတဲ့ ဗီဒီယိုဖိုင်ကလည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။
“ကျွန်တော်တို့က တောင်တွေကြားက မြို့လေးဆိုပေမယ့် မြို့လေးတစ်မြို့ဖြစ်နေတုန်းပါပဲ။ နေ့ခင်းကြောင် တောင်ကြီး မြို့လယ်မှာ ဝက်ဝံတစ်ကောင်က လူငါးယောက်ကို တိုက်ခိုက်တယ်ဆိုတာကို ခွင့်မပြုနိုင်ဘူး” လို့ အဆိုပါမြို့အာဏါပိုင်ကပြောပါတယ် ။
အဲ့ဒိလိုကိစ္စတွေဖြစ်လာတာက ပြီးခဲ့တဲ့သောကြာနေ့က ဘီလာရုစ်နိုင်ငံမှာ သက်ကြီးပိုင်း စုံတွဲတစ်တွဲက သစ်ပင်ထူထပ်တဲ့ ဒေသတစ်ခုမှာ လမ်းလျှောက်ထွက်နေတုန်းဝက်ဝံတစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် အဘွားအိုမှာ သေဆုံးခဲ့ရပါတယ် ။ အဲ့ဒါဖြစ်စဉ်ပြီးနောက်မှာ စလိုဗက်ကီးယားမှာ ဝက်ဝံတွေက လူတွေကို တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
အဲ့ဒိလိုဖြစ်စဉ်တွေ ဖြစ်လာပြီးနောက် ဥရောပမှာတိုးပွားလာတဲ့ ဝက်ဝံညိုတွေနဲ့ ပတ်သက်ပြီး အခြေအတင်ဖြစ်မှု တွေကလည်း များပြားလာပါတယ်။ စလိုဗက်ကီးယား အခြေခံဥပဒေမှာ ရှားပါးတောရိုင်းတွေကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုတာပါပြီး သတ်ဖြတ်ခွင့်မပြုထားပါဘူး ။ အခုလို လူသေဆုံးမှုဖြစ်လာတဲ့အထိ အခြေအနေနဲ့ ပတ်သက်ပြီး မီဒီယာတွေက ဝက်ဝံညိုတွေကို ရှင်းလင်ပစ်ဖို့အတွက် ရေးသားမှုဖြစ်လာတဲ့အပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အကြောက်အကန်ငြင်းဆိုလာပါတယ်။
ဝန်ကြီးက မလိုလားတဲ့ ကိစ္စတွေဖြစ်ပေါ်လာအောင် မီဒီယာတွေက မြှောက်ပင့်ရေးသားနေကြတယ် ဆိုပြီးဝေဖန်ခဲ့ပါတယ်။
တစ်ခါက ဥရောပမှာပျောက်ကွယ်သွားလုနီးပါးဖြစ်ခဲ့တဲ့ ဝက်ဝံညိုတွေကို တွေ့တာနဲ့ ပစ်သတ်ရမှာလား ။ လူတွေနဲ့ ယှဉ်တွဲနေထိုင်လို့ရအောင် အစိုးရက စီစဉ်နိုင်မလားကတော့ စောင့်ကြည့်ရမယ့်ကိစ္စပါပဲ။
မောင်ယဿ
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply