သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းတဲ့ အဖွဲ့၅ဖွဲ့ကို ဗြိတိန်မင်းသားက ဆုချီးမြှင့်

သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းတဲ့ အဖွဲ့၅ဖွဲ့ကို ဗြိတိန်မင်းသားက ဆုချီးမြှင့်

ကမ္ဘာရာသီပြောင်းလဲမှုနဲ့အခြားသဘာဝပတ်ဝန်းကျင် ဆိုင်ရာကိစ္စတွေကို လှုံ့ဆော်ပေးတဲ့ ၊ အဖြေရှာပေးတဲ့ အစိုးရတွေ ၊ အဖွဲ့အစည်းတွေ ကို ဗြိတိန်နန်းမွေခံ မင်းသားဝီလျှံ က သူ့ရဲ့ ကိုယ်ပိုင်ဆုဖြစ်တဲ့ Earthshot ဆု ၅ဆုကို ချီးမြှင့်တယ်လို့ ​အောက်တိုဘာ ၁၇ ရက်ညက အခမ်းအနားလုပ်ပြီးကြေညာခဲ့ပါတယ်။
မင်းသားက အခမ်းအနားကို နာမည်ကျော် ဆယ်လီတွေ ၊ အခမ်းအနားမှူးတွေ နဲ့ နယ်ပယ်အသီးသီး က နာမည်ကြီးတွေကို ဖိတ်ခေါ်ပြီး Coldplayတီးဝိုင်း နဲ့ ဧည့်ခံခဲ့ပါတယ်။ အဲ့ဒိပွဲမှာ သူက ဆုချီးမြှင့်ခံရတဲ့ အဖွဲ့တွေကို အလုပ်ဆက်လုပ်လို့ ရအောင် တစ်ဖွဲ့ ကို ကန်ဒေါ်လာ ၁.၄သန်းစီ ချီးမြှင့်မယ်လို့ ဆိုပါတယ်။
ဆုရတဲ့ အဖွဲ့တွေကတော့ ကော်စတာရီကာအစိုးရ ၊ အီတလီနိုင်ငံက မီလန်မြို့ အုပ်ချုပ်ရေးအဖွဲ့ ၊ အိန္ဒိယနိုင်ငံအခြေစိုက် တာကာချာ ကုမ္ပဏီ ၊ သန့်စင်စွမ်းအင်ကုမ္ပဏီ အီနပ်တာ နဲ့ သန္တာကျောက်တန်း ကုမ္ပဏီ ကိုရာဗီတာ တို့ ပဲဖြစ်ပါတယ်။
ကော်စရီကာအစိုးရက ကျွန်းနိုင်ငံတစ်ခုလုံး ဂေဟစနစ်ပြန်ရအောင် တစ်နိုင်ငံလုံး သစ်ပင်တွေ ပြန်စိုက်ဖို့ အစိုးရ ကပျိုးပင်တွေ ထုတ်ပေးပြီး စိုက်ခိုင်းတဲ့ အတွက် ကြောင့် ရတာပါ။
မီလန်မြို့ ကတော့ အစားအသောက်လေအလွင့် ကင်းမဲ့တဲ့ ကမ္ဘာဖြစ်အောင် လုပ်နိုင်လို့ပါ။ အစားအသောက် ကို လိုသလောက်ပဲစားပြီး ပိုတဲ့အစာကို သန့်ရှင်းအောင်ထားပြီး ငတ်မွတ်နေသူတွေကို ဝေမျှတဲ့ အစီအစဉ်ကို တစ်မြို့လုံးလုပ်နိုင်လို့ပါပဲ။
အိန္ဒိယသား မိုဟန်ကတော့ ဇီဝလောင်စာနဲ့ ဇီဝမြေသြဇာတွေ လုပ်ပြီး အိန္ဒိယစိုက်ပျိုးရေးလုပ်ငန်းတွေကို ကူညီပေးနိုင်ခဲ့လို့ပါပဲ ။
ဘဟာမားက ကိုရာဗီတာက သန္တာကျောက်တန်းတွေ ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်တာတွေကို ဆက်တိုက် လုပ်နိုင်ခဲ့လို့ပါပဲ။
အီနပ်တာက တော့ ဟိုက်ဒရိုဂျင်သုံး ဂျင်နရေတာတွေကို တီထွင်နိုင်ခဲ့လို့ပါပဲ ၊ သူတို့ထွင်တဲ့ လျှပ်စစ်တုတ်တဲ့ ဂျင်နရေတာတွေက ဖန်လုံအိမ်ဓာတ်ငွေ့ လုံးဝမထွက်ပါဘူး။
မောင်ယဿ
REF: UPI
Photo : UpI

About The Author

greenness_mm

No Comments

Leave a Reply