သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကန်ဒေါ်လာ သန်း ၂၀၀၀ ကျော်သုံးမယ်လို့ ဂျက်ဖ်ဘီဇော့ ကတိပြု

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကန်ဒေါ်လာ သန်း ၂၀၀၀ ကျော်သုံးမယ်လို့ ဂျက်ဖ်ဘီဇော့ ကတိပြု

ကမ္ဘာ့အကြီးဆုံး အွန်လိုင်အရောင်းအဝယ်လုပ်ငန်းတစ်ခုဖြစ်တဲ့ အမေဇုံစီပွားရေးလုပ်ငန်းကို တည်ထောင်သူ ဂျက်ဖ်ဘီဇော့ က ကမ္ဘာသူကမ္ဘာသားတွေရဲ့ စားသောက်မှုပုံစံပြောင်းလဲရေးနဲ့ နဂိုရ်သဘာပတ်ဝန်းကျင် ပြန်လည်ရရှိအောင်လုပ်ဖို့ အတွက် သူပိုင် ပိုက်ဆံထဲက ကန်ဒေါ်လာ သန်း ၂၀၀၀ကျော်ကို သုံးမယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။
အမေဇုံ ကုမ္ပဏီရဲ့ ၂၀၃၀ အတွင်း ကမ္ဘာ့ရာသီပြောင်းလဲမှုကို ပြုပြင်ရေး လုပ်ငန်းအတွက် လျာထားတဲ့ ကမ္ဘာကြီးရန်ပုံငွေ သန်း ၁သောင်း ထားရှိထားရာ အဲ့ဒိ ပိုက်ဆံတွေထဲက သန်း၂ထောင်ကို ထုတ်သုံး မှာဖြစ်ပါတယ်။ တစ်စက္ကန့်ကို ၃၇၁၅ဒေါ်လာဝင်တဲ့ ကမ္ဘာ့အချမ်းသားဆုံး စာရင်ဝင် ဘီဇော့က COP 26 ညီလာခံမှာ သသူ့အနေနဲ့ ၂၀၂၁ နှစ်က ကမ္ဘာကြီးရဲ့ အလှည့်အပြောင်း နှစ်ဖြစ်တဲ့အတွက် အရေးပါပါတယ်လို့ မိန်ခွန်း ပြောခဲ့ပါတယ်။
“ ကမ္ဘာကြီး ရဲ့ သဘာဝတရားက အလွန်လှပါတယ်ဗျာ ။ အခုတော့ ကျိုးပဲ့ပျက်စီးကုန်ပါပြီ ၊ ကျနော်က ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စိတ်ထဲမှာ မကောင်းဘူးဖြစ်နေခဲ့တယ်ဗျာ။ ကျနော် ဘလူးအော်ရဂျင်နယ်အစီအစဉ်နဲ့ အာကာသထဲကိုထွက်ပြီး ကမ္ဘာကြီးကို ကြည့်ခဲ့တယ်။ ဘာသွားတွေ့သလဲဆိုတော့ ကျနော်တို့ ကမ္ဘာကြီးက အလွန်စိတ်မကောင်းစရာကောင်းလောက်အောင်ကို ပျက်စီးနေပါပြီဗျာ။ ဘယ်လောက်ကုန်ကုန် ပြန်ပြုပြင်ရမယ်ဆိုတဲ့ အသိတရားရလာခဲ့ပါတယ်” လို့ ညီလာခံကိုတက်ရောက်လာတဲ့ နိုင်ငံအသီးသီးက ကိုယ်စားလှယ်တွေကို သူက ပြောခဲ့ပါတယ်။
သစ်တောတွေ မြေပြန့်လွင်ပြင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်တွေ ကို ဘယ်လောက်စုပ်ယူတဲ့အကြောင်း ၊ သဘာဝပတ်ဝန်းကျင်တွေ ဘယ်လောက်ပျက်စီးနေကြောင်း နဲ့ ဒီနှစ်မတိုင်မီကတည်းက အဲ့ဒိပြုပြင်ရေး လုပ်ငန်းတွေအတွက် သူက သန်း ၁ထောင်ထည့်ဝင် ထားပြီးဖြစ်ကြောင်း ၊ အခုတော့ နောက်ထက်သန်းပေါင်းများစွာကို အရင်းအနှီးအဖြစ်မတည်ပေးမှာဖြစ်ကြောင်း သူက ဆိုခဲ့ပါတယ်။
မောင်ယဿ ( နိုဝင်ဘာ ၁၃ )
REF; greencitizen
Photo : greekwhite

About The Author

greenness_mm

No Comments

Leave a Reply