သရက်သီးမှ သားရေထုတ်လုပ်ခြင်း

သရက်သီးမှ သားရေထုတ်လုပ်ခြင်း

မြန်မာပြည်မှာတစ်နှစ်တစ်နှစ်စွန့်ပစ်ရတဲ့အသီးအနှံတွေမနည်းပါ။
သရက်သီး၊ ငှက်ပျောသီး၊ ပန်းသီး၊ နာနတ်သီး စသည်တို့ကနေ fruitleather ထုတ်လို့ရပါတယ်။
ဖရဲသီးတွေစွန့်ပစ်ထားတာတွေ့လို့ ဖရဲသီးကေရာ သားရေထုတ်လို့ရမလားလို့ ရှာကြည့်ပါတယ်။ ဖရဲသီးကရေဓာတ်များပြီး ဖိုင်ဘာနည်းလို့မရပါ။
သရက်သီးကေန ကျနော်တို့က mango leather သရက်ပျဉ်လုပ်တတ်ကြပြီးသားပါ။ အဲ့ဒီသေဘာကေနစတာပါပဲ။
သရက်သီးကိုခွဲပြီး အစေ့ပါတဲ့အပိုင်းကိုဖယ်ကာ ကျန်တဲ့အခွံရောအသားကိုပါထည့်ကြိတ်ကာ ထွက်လာတဲ့အရည်ပျစ်ပျစ်တွေကို စည်ပိုင်းတစ်ခုထဲမှာစုလိုက်ပါတယ်။

အဲ့ဒီမှာ leather နဲ့တူစေမယ့် addatives တွေထည့်ရောရပါတယ်။ ရောပြီးလို့သမအောင်မွှေပြီးရင် လေးထောင့်လင်ပန်းတွေထဲထည့်ပြီး dehydrator နဲ့ ရေဓာတ်ခန်းခြောက်သွားအောင်လုပ်ပါတယ်။ dehydrator ထဲမထည့်ခင်မှာ cream color ဖြစ်ပေမယ့် ရေဓာတ်ခန်းခြောက်သွားရင် သရက်သီးပေါ်မူတည်ပြီးအရောင်ပြောင်းသွားပါတယ်။ Palmer mango ဆိုရင်အညိုရောင်ရပါတယ်။ Keitt mango ဆိုရင်အနက်ရောင်ရပါတယ်။ရလာတဲ့အချပ်ပြားတွေကို leather process အတိုင်းပဲလုပ်ပါတယ်။ ဒါပေမယ့် သုံးတဲ့ပစ္စည်းနဲ့အပူချိန်ကွာပါတယ်။

ပြီးရင်အပေါ်ကနေ resin coating အလွှာပါးပါးလေးအုပ်ကာ စက်နဲ့ဖိချပါတယ်။ ပြီးရင် oven ထဲထည့်ပြီး 100 ဒီဂရီ C နဲ့မီးဖုတ်ပါတယ်။
ပိုကြာရှည်ခံရန် အထက္က လုပ်ငန်းစဉ်အတိုင်းလိုအပ်သလောက်ထပ်လုပ်ပါတယ်။ ပြီးရင် လေသလပ်ခံကာ အေးအောင်လှန်းထားပါတယ်။
သရက်သီးကရတဲ့သားရေချပ်မှာ ဆွဲဖြဲအား Single Tear strength က 1938 N အထိခံနိုင်ပါတယ်။ flexibility က သားရေခြောက်မှာ 2000 flexes ရှိပါတယ်။ ပျမ်းမျှအထူ mean thickness က 1.05 mm ရှိပါတယ်။

နောက်ဆုံးသားရေချပ်ထွက်ဖို့ နယ်သာလန်မှာလုပ်တာ တစ်ပေပတ်လည်ကို (၂၂) ဒေါ်လာကုန်ကျစားရိတ်ရှိပါတယ်။
စွန့်ပစ်သရက်သီး ၇၀၀၀ လောက်ကနေ 80 square meters ရွိတဲ့ သားရေချပ်ကိုရပါတယ်။ အဲ့ဒီကေန ဖိနပ်ပေါင်း အရံ (၂၅၀) လောက်ရပါတယ်။
အဓိကေဈးကြက္ကေတာ့ တိရိစ္ဆာန်ထွက်ပစ္စည်းရှောင်တဲ့သူတွေအတွက် Vegan leather ထုတ္တာပါ။ ကျန်တဲ့သူတွေလည်းသုံးကြပါတယ်။
နောက်ဆုံးထွက်လာတဲ့သားရေချပ်ကို ဖိစက်နဲ့ဖိပြီးလိုချင်တဲ့ သားရေကွက်ပုံဖော်ပါတယ်။ မိချောင်းသားရေ၊ မြွေအရေခွံစသည့်ပုံဖော်ပြီး လိုချင်တဲ့အရောင်တင်ပါတယ်။

ကမ္ဘာ့ သားရေထုတ်ကုန်ဈေးကွက်ဟာ ဒေါ်လာ ၄၀၀ ဘီလျံလောက်ရှိပါတယ်။ လူလုပ်သားရေတုဈေးကွက်က ဒေါ်လာ ၄၀ ဘီလျံလောက်ရှိနေပါပြီ။
ရေနံကထုတ်တဲ့ polyurethane ပလတ်စတစ်ဆန်တဲ့သားရေတုကို လူတွေကသိပ်အကြိုက်ကြီးမဟုတ်ပါ။ သဘာဝထုတ်ကုန်ကိုပိုလိုချင်လာကြပါတယ်။
နည်းပညာအသစ်တွေနဲ့ထပ်မံမွမ်းမံပြီး နောင်တချိန်မှာ အသီးအနှံကရတဲ့ fruit leather ဈေးကွက်ကပိုကြီးလာဖို့ပဲရှိပါတော့တယ်။

Richard Myo Thant
4-January -2022

About The Author

greenness_mm

No Comments

Leave a Reply