သိပ္ပံပညာရှင်များက အန္တရာယ်ရှိသော ကျူးကျော်မျိုးစိတ်များကို အနံ့ခံရန် ခွေးများကို လေ့ကျင့်ပေး

သိပ္ပံပညာရှင်များက အန္တရာယ်ရှိသော ကျူးကျော်မျိုးစိတ်များကို အနံ့ခံရန် ခွေးများကို လေ့ကျင့်ပေး

ခွေးတွေက သူတို့ မမြင်ရတဲ့ ရေကန်အောက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဒေသခံမျိုးမဟုတ်တဲ့ ငါးမျိုးတွေ ရဲ့ အနံ့ကို ခွဲခြားနိုင်စွမ်းရှိတယ်လို့ လေ့လာမှု အသစ်တစ်ရပ်က ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ရေချို အင်း များ အိုင်များ အတွင်းကို ငါးကြင်း မျိုးစိတ်တွေ ကျူးကျော်ရောက်လာပါက ဒေသခံမျိုးစိတ်တွေ ပျက်းစီး ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ အရှေ့အလယ်ပိုင်း ဇာတိငါးဖြစ်တဲ့ ငါးကြင်း ငါးမြစ်ချင်းတွေက အခြားဒေသက ရေချိုကန်တွေကို ရောက်တဲ့ အခါမှာ သူတို့ရဲ့အကောင်ပေါက်အား နဲ့ ဒေသတွင်း ရေကန်တွေကို စိုးမိုးပစ်လိုက်ပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေက ကျူးကျော်မျိုးစိတ်တွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် ခွေးတွေရဲ့ အနံ့ခံနိုင်စွမ်းကို အသုံးပြုပြီး ၎င်းတို့ကို ဖယ်ရှားဖို့ အတွက်လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါတယ်။ သြစတေးလျှနဲ့ နယူးဇီလန်က ပညာရှင်တွေက ဒေသခံမျိုးစိတ် မဟုတ်တဲ့ငါးတွေ ရေကန်ထဲမှာ ရှိမရှိ ခွေးတွေကို သုံး ပြီးစမ်းသက်နိုင်ခဲ့ပါတယ်။ “ ကျနော်တို့ စမ်းသက်လေ့လာမှု အောင်မြင်ခဲ့ပါတယ်။ ခွေးတွေရဲ့ အနံ့ခံအာရုံက ရေကန်အောက်ထဲက ငါးမျိုးစိတ်တွေကို ခွဲခြားနိုင်လောက်အာင်ကို ကောင်းပါတယ်။

 

ခွေးတွေက ကျနော်တို့ထက် အာရုံခံနိုင်စွမ်း ပမာဏ သောင်း နဲ့သိန်းကြား သာပါတယ်” လို့ ဝေကာတိုနဲ့ ကိန်ဘာရာ တက္ကသိုလ်တွေက သိပ္ပံပညာရှင်တွေက လာဘရာဒေါ ခွေးမျိုးတွေနဲ့ စမ်းသက်ပြီးနောက် ရှင်းပြခဲ့ပါတယ်။ သူတို့က ရွှေငါးတွေ ငါးကြင်းတွေ ရှိတဲ့ ရေကန်တွေ က ရေနမူနာ နဲ့ ရိုးရိုးဒေသတွင်း ငါးတွေ ရှိတဲ့ ရေကန်တွေက ရေနမူနာတွေကို ခွေးတွေအား ခွဲခြားတတ်အောင် လေ့ကျင့်သင်ကြားပေးခဲ့တာပါ။ ပထမဆုံး သင်ကြားခံရတဲ့ ခွေးမလေးကတော့ ရူဘီ ဆိုတဲ့ ခွေးမလေးပါပဲ ၊။ သူမကို ကျူးကျော်သူတွေကို ထောက်လှမ်းတဲ့ စပိုင်ရဲခွေးလို့ နာမည်ပေးခဲ့ပါတယ်။ သူမက ရေလီတာ ၂သန်းမှာ ငါးကြင်း ၁ ကီလိုဂရမ် ပါရင်တောင် ခွဲခြားနိုင်ပါတယ်။ သူမက ရေကန်ထဲမှာ ငါးကြင်းတွေ အများကြီး ပေါက်ပြီး အန္တရာယ်ဖြစ်လာနိုင်တဲ့အခြေအနေကို ကောင်းကောင်းခွဲခြား နိုင်ပါတယ်။ ခွေးကိုသုံးပြီး ဒေသတွင်း ကန်တွေမှာ ကျူးကျော် မျိုးစိတ်တွေကို ဖယ်ရှားနိုင်ဖို့ ကြိုးစားခြင်းက ကုန်ကျစရိတ်မြှင့်တဲ့ သိပ္ပံကိရိယာတွေနဲ့ စစ်ဆေးတာထက်အများကြီး သက်သာပါတယ်။ သဘာဝအခြေပြုဖြေရှင်းချက် ( NBS) တစ်ခုဖြစ်ပါတယ်။

မောင်ယဿ

REF: euronews

#greenness

 

About The Author

greenness_mm

No Comments

Leave a Reply