သီရိလင်္ကာတွင် စွန့်ပစ်ပလပ်စတစ်များ စားသုံးခြင်းကြောင့် ဆင်များသေဆုံး

သီရိလင်္ကာတွင် စွန့်ပစ်ပလပ်စတစ်များ စားသုံးခြင်းကြောင့် ဆင်များသေဆုံး

သီရိလင်္ကာနိုင်ငံ အရှေ့ပိုင်းရှိ အမွိုက္ပုံတစ္ခုမွ စွန့်ပစ်ပလပ်စတစ်များကို စားသုံးခြင်းကြောင့် ယခုလ တတိယပတ်အတွင်းက ဆင်နှစ်ကောင်သေဆုံးခဲ့ပြီး ယင်းအမှိုက်ပုံသည် ဆင်များကို သတ်ဖြတ်နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများနှင့် တိရစၦာန်ဆေးဆရာဝန်များက သတိပေးပြောကြားခဲ့သည်။
မြို့တော် ကိုလံဘိုအရှေ့ဘက် ကီလိုမီတာ ၂၁၀ ခန့်အကွာ Ampara ခရိုင် Pallakkadu ရွာရှိ အမှိုက်ပုံတွင် ပလတ်စတစ်အမှိုက်ကို စားသုံးပြီးနောက် ပြီးခဲ့သော ရှစ်နှစ်အတွင်း ဆင်ကောင်ရေ ၂၀ ခန့် သေဆုံးခဲ့သည်ဟုဆိုသည်။ သေဆုံးခဲ့သော ဆင်များကို စစ်ဆေးမှုများပြုလုပ်ရာတွင် ၎င်းတို့သည် အမှိုက်ပုံကြီးအတွင်း တွေ့ရှိရသည့် ပလတ်စတစ်အမြောက်အမြားကို မျိုချမိခဲ့ကြောင်း တောရိုင်းတိရစ်ဆာန်တိရစၦာန်ဆေးကုဆရာဝန် Nihal Pushpakumara က ပြောကြားခဲ့သည်။ သေဆုံးဆင်များ၏ အစာအိမ်အတွင် အစာမကြေနိုင်သည့် ပလပ္စတစ္မ်ားကို တွေ့ရကြောင်း ၎က ပြောကြားခဲ့သည်။
သီရိလင်္ကာသည် ဘာသာတရားအရ ဆင်များကို အထွဋ်အမြတ်ထားသော်လည်း ဆင်မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်နိုင်ငံဖြစ်ကြောင်း နိုင်ငံတော်၏ ပထမဆုံးသော ဆင်သန်းခေါင်စာရင်းအရသိရသည်။ ပြီးခဲ့သော ၁၉ ရာစုက သီရိလင်္ကာတွင် ဆင်ကောင်ရေ ၁၄၀၀၀ ခန့်ရှိရာမှ ၂၀၁၁ ခုနှစ်တွင် ဆင်ကောင်ရေ ၆၀၀၀ ခန့်သာကျန်ရှိခဲ့ကြောင်း The Times Of India က ယင်းသန်းခေါင်းစာရင်းကို ကိုးကား ဖော်ပြခဲ့သည်။ ထိုသို့ ၁၉ ရာစုနောက်ပိုင်း ထက်ဝက်မက လျော့နည်းသွားခြင်းသည် တောင်သူလယ်သမားတို့၏ လယ်ယာ ကောက်ပဲသီးနှံများကို ဖျက်ဆီးသည့်အပေါ် စိတ်ဆိုးဒေါသထွက်ကာ သတ်ဖြတ်ခြင်းများသည်လည်း အပါအဝင်ဖြစ်သည်ဟု ဆိုသည်။
၂၀၁၇ ခုနှစ်တွင် သီရိလင်္ကာအစိုးရက ဆင်များကိုကာကွယ်ရန် တောရိုင်းတိရစၦာန်များ ကျက်စားသည့် ဧရိယာအတွင်းရှိ အမှိုက်ပုံများနှင့်ပတ်သက်ပြီး စီမံအချို့ ပြုလုပ်မည်ဟု ပြောကြားခဲ့သော်လည်း ယခုအချိန်ထိ ယင်းစီမံကိန်းများကို ဖော်ဆောင်ခြင်း မရှိသေးပေ။ သီရိလင်္ကာနိုင်ငံတစ်ဝှမ်း တောရိုင်းတိရစၦာန်များ ကျက်စားသည့် ဧရိယာအတွင်း စွန့်ပစ်အမှိုက်ပုံ ၅၄ ခုရှိကာ ဆင်ကောင်ရေ ၃၀၀ ခန့်သည် ယင်းအမှိုက်ပုံများအနီးတွင် က်က္စားကြောင်း သိရသည်။
ဖူးဖူး
Greeness
ref-The Times of Idia

About The Author

greenness_mm

No Comments

Leave a Reply