သံလွင်ဆီတွေ စျေးကောင်းတော့ သူခိုးတွေကြောင့် သက်တမ်းရင့်အပင်တွေ အန္တရာယ်နဲ့ရင်ဆိုင်နေရပြီ

သံလွင်ဆီတွေ စျေးကောင်းတော့ သူခိုးတွေကြောင့် သက်တမ်းရင့်အပင်တွေ အန္တရာယ်နဲ့ရင်ဆိုင်နေရပြီ

၂၀၁၉ လောက်ကနေ စပြီး တရိပ်ရိပ် တက်လာတဲ့ သံလွင်ဆီစျေးက အခုဆိုရင် အရင်စျေးနှုန်းထက် ၃ ဆ ကျော်သွားပါပြီ ။ နောက်ဆက်တွဲကတော့ မြေထဲပင်လယ်ဒေသမှာ ရှိတဲ့ သံလွင်ပင်တွေ ရဲ့ အသီးတွေ အကိုင်းတွေ နဲ့ အပင်လိုက်ပါ သူခိုးတွေရဲ့ လက်ချက်စာမိနေတာပါပဲ ။ အဲ့ဒိအခိုးခံရတဲ့ အပင်တွေထဲမှာ အချို့အပင်တွေဆိုရင် သက်တမ်း ရာနဲ့ချီနေပါပြီ ။
သံလွင်ပင်တွေကို အဓိကစိုက်ပျိုးတဲ့ နိုင်ငံငံတွေထဲမှာ ဂရိ ၊ စပိန်နဲ့ အီတလီ နိုင်ငံတို့ပါဝင်ပါတယ်။ အဲ့ဒိနိုင်ငံတွေ မှာ သူခိုးတွေက စိုက်ပျိုးခြံတွေ ဖောက်ဝင်တာတွေ ၊ ခြံလုပ်ငန်းက စာရင်းကိုင်တွေ စာရင်းဖျောက်တာတွေ နဲ့ သံလွင်ဆီခိုးယူမှုကိစ္စတွေက အများကြီးကိုဖြစ်ပေါ်နေပါတယ်။
အချို့ခြံတွေဆိုရင် အစောင့်မရှိလို့ လူမိုက်ဂိုဏ်းတွေက ခြံထဲကိုဝင်ပြီး လွှစက်တွေနဲ့ တစ်ခြံလုံးနီးပါးကို ခုတ်ယူ သွားကြပါတယ်။ ဘာဖြစ်လို့ အဲ့လိုဖြစ်တာရလဲဆိုရင် သံလွင်ဆီထုတ်လုပ်မှု ကုန်ကျစရိတ်မြှင့်တက် လာတာရယ် ၊ ရာသီဥတုဖောက်ပြန်မှုကြောင့်ရယ် ၊ တောမီးတွေ ဆက်တိုက်လောင်ကျွမ်းမှုဖြစ်နေတာရယ် အတွက်ကြောင့်ပဲလို့ ပညာရှင်တွေက ဆိုလာကြပါတယ်။ ဆောင်းရာသီကလည်း အရင်လို မအေးတော့တာတွေ ၊ မကြာခဏရေကြီးမှု ဖြစ်နေတာရယ် အဲ့ဒါတွေကြောင့်လည်းပါပါတယ်။
နောက်ဆုံးတော့ သံလွင်စိုက်ပျိုးသူတွေနဲ့ ရာဇဝတ်ကောင်တွေ ကြားမှာ ပြဿနာကြီးတစ်ရပ်ကိုဖန်တီးနေသလိုဖြစ်လာပါတယ်။
အေသင်မြို့ အပြင်က လေဆိပ်ပတ်ဝန်းကျင်လွင်ပြင်မှာ သံလွင်တောတွေရှိပါတယ် ။ အဲ့ဒါက ဟိုးနှစ်ပေါင်း များစွာ ကတည်းက တည်ရှိနေတာပါ ။ အချို့အပင်တွေဆိုရင် သက်တမ်းနှစ်ရာနဲ့ချီနေပါပြီ ။ အဲ့ဒိတောအုပ် အများစုက စိုက်ပျိုးရေးသမားတွေ စိုက်ပျိုးထားကြပြီး သံလွင်ဆီထုတ်စက်ရုံတွေ တည်ဆောက်ကာ လုပ်ကိုင်နေ တာ အများစုက မျိုးဆက် ၄ ၊ ၅ ဆက်တောင်ရှိနေပါပြီ ။ တောအုပ်တွေကို သူခိုးတွေက လက်ကိုင်လွှစက်တွေ နဲ့ဝင်ဝင်ခိုးနေတော့ သူတို့က အသီးတွေကကိုစောစောခူးရတာရယ်၊ တောအုပ်တွေကို ထိန်းသိမ်းဖို့ မလုပ်နိုင်တာရယ်ကြောင့် အထွက်နှုန်းကျဆင်းကုန်ပါတယ်။
“ဓားပြတွေက ထူထပ်သော သစ်ကိုင်းများကို ရှာဖွေ၍ ခုတ်ထစ်ကြပါတယ် ။ သူတို့က သံလွင်သီးကို ခိုးယူရုံ သာမကဘူး သစ်ပင်တွေကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ပုံမှန်ပြန်ဖြစ်ဖို့ ၄ ၊ ၅ နှစ်ကြာပါတယ်” လို့ Papachristou က အရုဏ်တက်ချိန်တွင် လယ်ကွင်းတစ်ခုတွင် ရပ်ကာ ပြောသွားပါတယ်။
သူ့နောက်တွင် အလုပ်သမားများသည် သစ်ပင်များမှ သံလွင်သီးများကို ပိုက်ကွန်များပေါ်သို့ ဖြန့်ကြဲရန် လျှပ်စစ် ဘီးကြီးများကို အသုံးပြုနေကြပါတယ် ။ အဲ့လိုအခိုးခံနေရတဲ့အထဲမှာ သံလွင်ပင် ၅၀၀၀ ပိုင်ဆိုင်သော Christos Bekas လည်း ပါဝင်ပါတယ် ။ သူခိုးတွေ ထပ်ခါထပ်ခါ စီးနင်းတိုက်ခိုက်လာလို့ သူ့ရဲ့သီးနှံတွေကို စောစော ရိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“ သံလွင်ဆီ ၃.၇ ကီလို ထွက်ဖို့အတွက် ဒီဇယ်ဆီ၁ကီလိုသုံးရပါတယ်။ ကျနော်ရဲ့ သံလွင်ဆီ ကီလို ၆၀၀ထွက်ဖို့ အတွက် ဒီဇယ် ၆၀ ကီလိုသုံးခဲ့ရတယ်။ မနှစ်ကအခြေအနေပါ ၊ အမြတ်သိပ်တော့မကျန်ဘူးပေါ့ဗျာ ” လို့ Bekas ကပြောပါတယ် ။ ကမ္ဘာ့ရောင်းလိုအား၏ ၄၀ % ကို ပုံမှန်အားဖြင့် လွှမ်းခြုံထားတဲ့ စပိန်တောင်ပိုင်းတွင် နှစ်နှစ်ကြာ မိုးခေါင်ရေရှားမှုကြောင့် ကမ္ဘာ့သံလွင်ဈေးကွက်ကို အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply