ဟီရိုရှီးမားနဲ့ ကမ္ဘာကြီးပူနွေးလာမှု

ဟီရိုရှီးမားနဲ့ ကမ္ဘာကြီးပူနွေးလာမှု

ရင်ငြိမ်းနွေ

၁၉၄၅ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်ကို အမေရိကန်က အဏုမြူဗုံးတစ်လုံးကျဲ ချလိုက်ပါတယ်။ မြို့တစ်ခုလုံးနီးပါး မီးလောင်ပြာကျသွားခဲ့ရပါတယ်။ သစ်ပင်တွေ အဆောက်အအုံတွေ မီးလောင်ကျွမ်းခဲ့တဲ့ မီလောင်ပြင်ကြီး ကို ဂျပန်အစိုးရက ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်နေတာ ဒီကနေ့ အထိတိုင်အောင်ပါပဲ။ ဒီနှစ် သြဂုတ်လဆိုရင် ၇၇ နှစ်တိုင်တိုင်ရှိခဲ့ပါပြီ။
ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ရေနံ ၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးတွေဆီက စွမ်းအင်ရယူပြီး ကုန်ထုတ်လုပ်ငန်းတွေ အင်တိုက်အားတိုက်လုပ်နေစဉ်မှာ အဲ့ဒိရုပ်ကြွင်းလောင်စာတွေလောင်ကျွမ်းခြင်း ကနေထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် အပါအဝင် အခြားသော ဖန်လုံအိမ် ဓာတ်ငွေ့တွေက ကမ္ဘာ့ လေထုထဲကို အုံလိုက်ကျင်းလိုက်ရောက်လာပြီး ၎င်းတို့ က နေကလာတဲ့ အပူကိုစုတ်ယူထားတဲ့အတွက် ကမ္ဘာကြီး က စက်မှုလုပ်ငန်း မဖွံ့ဖြိုး မီကာလကထက် အပူချိန်တိုး လာတာကို ကမ္ဘာကြီး ပူနွေးလာမှုလို့ ခေါ်ပါတယ်။
လက်ရှိအတိုင်း သွားနေမယ်ဆိုရင် ဒီရာစုနှစ်အတွင်းမှာပဲ ကမ္ဘာကြီး က ၂.၆ ကနေ ၄.၈ ဒီကရီ ဆဲစီးယက် ပိုတက်လာနိုင်မယ်လို့ ကမ္ဘာ့သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ပုံမှန်အနေအထားကနေ ကမ္ဘာကြီး ပိုပြီးပူလာတဲ့အတွက် ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်ခြင်း ၊ အပူလှိုင်းကျရောက်ခြင်း ၊ ဝင်ရိုးစွန်းဒေသ ရေခဲတွေ အရည်ပျော်ပြီး ပင်လယ်ရေမြင့်တက် လာခြင်း ၊ မိုးသည်းထန်ပြီး ရေကြီးခြင်း ၊ ရေလွှမ်းမိုးခြင်း တို့လို့ သဘာဝဘေးအန္တရာယ်တွေ တစ်ခုပြီး တစ်ခုဝင်လာတော့တာပါပဲ။ အဲ့ဒိလိုဖြစ်လာတဲ့အခါ တောရိုင်းတွေစားကျက်ပျောက်တာတွေ၊ မြေနိမ့်ဒေသ တွေနဲ့ ကမ်းရိုးတမ်းဒေသတွေ ကွယ်ပျောက်ကုန်တာတွေ ဖြစ်လာလို့ ဂေဟစနစ် ပျက်စီးရပါတယ်။ ဂေဟစနစ်ပျက်စီးသွားပြီဆိုရင် လူအပါအဝင် တိရစ္ဆာန်တွေ အသက်ဆက်ရှင်သန်ဖို့ က မဖြစ်နိုင်တော့ပါဘူး ။

 

အဲ့ဒါတွေကို ကို ကာကွယ်ဖို့အတွက် နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့အစည်း တွေက ၂၀၁၅ ပါရီ သဘော တူညီချက် ဆိုပြီး အခြေခံမူတွေ စတင်ချမှတ်ခဲ့ပါတယ်။ အဲ့ဒါပြီးတဲ့ နောက်မှာ ကျိုတို ပရိုတိုကော ဆိုပြီး သဘောတူညီမှုတွေ ဆက်လုပ်ပါတယ်။ ပါရီသဘောတူညီမှုမှာပါတဲ့ ၅၅ နိုင်ငံက ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု တစ်ဝက်ကျော် လျှော့ချရေးအတွက် အားထုတ်မှုတွေကို လုပ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံက ၂၀၁၆ မေလမှာ ပါရီသဘောတူညီမှုနဲ့ ဆိုင်တဲ့ ကိစ္စတွေကို စတင် အကောင်အထည် ဖော်ပါ တယ်။ နိုဝင်ဘာလမှာ ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် နှစ်ရှည်စီမံကိန်းတွေရေးဆွဲပြီးခဲ့ပါတယ်။

 

ကာဗွန် ထုတ်လွှတ်မှု နဲ့ ပတ်သက်ပြီး ရေတိုစီမံကိန်းမှာတော့ အခြေခံ နှစ်ရဲ့ ၃.၈ % ကို နှစ်စဉ်လျှော့ချ နိုင်အောင် ကြိုးစားမျာဖြစ်ပြီး ရေလတ်စီမံကိန်းမှာ ၂၆% လျှော့ချဖို့နဲ့ ရေရှည်စီမံကိန်းမှာ ၈၈% လျှော့ချနိုင်မှုအတွက် ရေးဆွဲ လုပ်ဆောင်နေခဲ့တာပါ။
မြစ်၀ ကျွန်းပေါ် ဒေသထဲမှာ ပါဝင်တဲ့ ဟီရိုရှီးမာမြို့ကလည်း အဲ့ဒိစီမံကိန်းဝင်မြို့တစ်မြို့ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ကို အခြေခံနှစ်အဖြစ် ထားပြီး ကာဗွန် ထုတ်လွှတ်မှုကို နှစ်စဉ် ၆% လျှော့ ကျအောင် လုပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဟီရိုရှီးမားက ကမ္ဘာ့ပူနွေးလားမှုကိုထိန်းချုပ်ဖို့အတွက် ဆိုလာစနစ်တွေ ဖြစ်ထွန်းအောင် တိုက်တွန်းအားပေးမှုတွေနဲ့ တီထွင်မှုတွေပြုလုပ်ဖို့ အတွက် လှုံ့ဆော်ခဲ့ပါတယ်။ ကံမကောင်းချင်တော့ ဂျပန်နိုင်ငံရဲ့ အရှေ့ ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ငလျင်တွေကြောင့် နျူကလိယဓာတ်အားပေးစက်ရုံတွေ ထိခိုက်သွားတဲ့ခြင်းက တိုင်းပြည်ကိုစွမ်းအင်ရရှိဖို့အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့သွားစေခဲ့ရပါတယ်။ အဲ့ဒိမှာ ဂျပန်က ကမ္ဘာ့ လေထုထဲကို ဖန်လုံအိမ်ဓာတ်ငွေ့တွေ အဓိက ထုတ်လွှတ်နေတဲ့ နိုင်ငံထဲကို ပြန်ရောက်သွားတော့တာပါပဲ ။

 

ဆူနာမီရေလှိုင်းကြောင့် နျူကလိယ စက်ရုံထဲကို ရေတွေဝင်သွားလို့ စက်ရုံ ပိတ်လိုက်ရတဲ့အခါမှာ စွမ်းအင် ရရှိဖို့အတွက် ရုန်းကန်ရတော့တာပါပဲ ။ လျှပ်စစ်စွမ်းအင် ရောင်းချတဲ့သူတွေက ပိုမိုတိုးတက်လာတဲ့ အိမ်ယာတွေ ၊ လူဦးရေ တွေအတွက် ပိုမို ထုတ်လုပ်ပေးဖို့ရန်အတွက် နျူကလိယစွမ်းအင် ကို အားကိုးမရ တော့တဲ့ အခါမှာ ရုပ်ကြွင်းလောင်စာသုံး ဂျင်နရေတာတွေဖက်ကို ပြန်ပြီးဦးလှည့်သွားတော့ တာပါပဲ။ သူတို့ရည်မှန်ထားတဲ့ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးစီမံကိန်းကလည်း အဟောသိကံ ဖြစ်သွားရပါတယ်။
ဟီရိုရှီးမားမှာ ဖန်လုံအိမ်ဓာတ်ငွေ့တွေထဲက ကာဗွန်ဒိုင်အောက်ဆိုက် ၊ မီသိန်း ၊ ဒိုင်နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်နဲ့ ကလိုရိုဖလူအိုရိုကာဗွန် ( CFC) တို့လို ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ဦးစားပေး စာရင်း ပြုစုလိုက်ပါတယ်။ ပြီးတော့ ဒေသတွင်း သစ်ပင်တွေကနေ ကာဗွန် စုတ်ယူမှုပမာဏကိုလည်း မှတ်တမ်းပြုပါတယ်။
အဲ့ဒိနောက်မှာတော့ မြို့တွင်း အိမ်ရာသိပ်သည်းမှုကို ပထမဆုံး အစီအစဉ် ချဖို့ လုပ် ကြပါတယ်။ စွမ်းအင် သုံးစွဲမှု နည်းပါးတဲ့ နည်းပညာမြင့် အိမ်ယာ ၊ လုပ်ငန်း နဲ့ မိသားစုဘဝတွေကို လမ်းညွှန်ပေးလိုက်ပါတယ်။ လူမှုစီးပွား ဘဝကို အဆင်ပြေချောမွေ့အောင် လုပ်ပေးနိုင်သဖြင့် လူဦးရေ တိုးနှုန်း ကျဆင်းသွားပြီး သက်တောင့် သက်သာ သွားလာနေထိုင် နိုင်ပြီး နေ့စဉ်ဘ၀ က အဆင်ပြေချောမွေ့သွားပါတယ်။ အဲ့ဒိစီမံကိန်း က လူနေထိုင်မှု ပြန့်ကျဲနေတာကို တစ်စုတစ်စည်းတည်းဖြစ်အောင်လုပ်ပြီး စွမ်းအင် အလေအလွင့်ဖြစ်မှု ကို ကာကွယ်လိုက်တာပဲ ဖြစ်ပါတယ်။

 

မြို့ ကို ပြည်တွင်းရိုးရာနေထိုင်မှုနဲ့ နိုင်ငံတကာ ခေတ်သစ်နေထိုင်မှုကြား ပြဿနာမဖြစ်အောင် အတွဲအစပ်မှန်အောင် လုပ်ပေးလိုက်ပါတယ်။
ရာသီဥတု ပြောင်းလဲမှု ဖြစ်တဲ့အခါမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ဖို့အတွက် မြို့ ကို ချုံ့ လိုက်တာက ထိရောက်တဲ့ လုပ်ငန်းဖြစ်သွားပါတယ်။ အဲ့ဒိလုပ်ငန်းစဉ်မှာ ပြောင်းလဲမှုလုပ်တိုင်း ချောမွေ့အောင် တစ်ဆင့်ချင်း တစ်ကွက်ချင်း တစ်ပိုင်းချင်း လုပ်တာပဲဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်က ရတဲ့ အရင်းအမြစ်တွေအားလုံး တစ်ခုမှ မပျက်င်္စီး အောင် လုပ်လိုက်နိုင်တာက ဟီရိုရှီးမားစည်ပင်ရဲ့ ကြိုးစားအားထုတ် မှုပဲဖြစ်ပါတယ်။ ရေချိုထွက် ပင်ရင်းတွေ ၊ သစ်တော နဲ့ ဂေဟစနစ်တွေ ကို လိုက်လျှောညီထွေမှုဖြစ်အောင် အစွမ်းကုန် ထိန်းသိမ်းခဲ့ပါတယ်။ အဓိကကတော့ လူနေမှု စနစ်ပြောင်းလဲလာမှု သဘာဝပတ်ဝန်းကျင် ကို ချိန်ညှိပေးနိုင်တာပဲ ဖြစ်ပါတယ်။
မြို့တော်စီမံအုပ်ချုပ်ရေးအဖွဲ့များကို တိကျတဲ့လမ်းညွှန်ချက်ပေးခြင်းနဲ့ အတူ သင့်တင့်လျောက်ပတ်အောင် နေထိုင်နိုင်ရေးအတွက် လုပ်ငန်းတွေကို တိုးမြင့်ပေးခြင်း နဲ့ လျှော့ချခြင်းကြောင့် ဖြစ်လာတဲ့ လှစ်ဟာချက်တွေကို ဖြည့်ဆည်းမှုတွေလုပ်ခြင်းတွေကို အပြန်အလှန် ပြည့်စုံအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။
အဲ့ထက်ပါအချက်က ဟီရိုရှီးမားကို ရေရှည်တည်တံ့ခိုင်မြဲပြီး ကာဗွန်ထုတ်လွှတ်မှုနည်းတဲ့ ပျော်ရွင်ဖွယ် ကောင်းတဲ့ လူနေမှု ပုံစံတစ်ခုရအောင် ပြုလုပ်နေတဲ့ စီမံကိန်းပဲဖြစ်ပါတယ်။ စွမ်းအင်သုံးစွဲမှု အချိုးညီပြီး တောင့်တင်း တဲ့ မြို့ တစ်မြို့ ဖြစ်လာဖို့အတွက် အခြေခံ တစ်ခုဖြစ်လာနေပါတယ်။

 

REF: city talk

 

#greenness

About The Author

greenness_mm

No Comments

Leave a Reply