အဂရိုနော်မစ်နဲ့ မြို့ပြစိုက်ခင်းကို ဖန်တီးဖို့ ကြိုးစားနေတဲ့ ဘရက်ဆဲလ်မြို့

အဂရိုနော်မစ်နဲ့ မြို့ပြစိုက်ခင်းကို ဖန်တီးဖို့ ကြိုးစားနေတဲ့ ဘရက်ဆဲလ်မြို့

ဘယ်လ်ဂျီယံနိုင်ငံက ဘရက်ဆဲလ် မြို့ဆိုတာ အစိုးရရုံးစိုက်ရာ မြို့ ကြီးဖြစ်တဲ့အပြင် ဥရောပသမဂ္ဂ အုပ်ချုပ်ရေးရုံးတော်တော်များများလည်းရှိပါတယ်။ အဲ့ဒိမြို့ မှာ အီးယူရဲ့ ငွေးကြေးစိုက်ထုတ်မှုနဲ့ မြို့ပြစိုက်ခင်းတွေကို အိမျမိုေးတှပေါျမှာ ပြုလုပ်နေပါတယ်။

ပထမဆုံးအဆင့်အနေနဲ့ စူပါမာကတ်တွေရဲ့ အမိုးတွေပေါ်မှာ စိုက်ခင်းတွေ စတင်ပြီး လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လကနေ ဒီနေ့အထိ မျိုးစိတ် ၆၀ ကို စမ်းသက်စိုက်ပျိုးခဲ့ပါတယ်။ လောလောဆယ်တွက်ချက်မှု အရ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ ၂တန်ကျော်ထွက် ရှိထားပါတယ်။

ခေါင်မိုးပေါ်စိုက်ခင်း ကို အဂရိုနော်မစ် ( စိုက်ပျိုးစီးပွား)အဖြစ် လာဂမ်စီမံကိန်းဆိုပြီး အမည်ပေးကာ မြို့ပြစိုက်ခင်းတွေကို တည်ထောင်ဖို့ ကြိုးစားနေပါတယ်။

လောလောဆယ်တော့ သုတေသန အဆင့်မှာ ပဲရှိပါသေးတယ်။ ခေါင်မိုးတွေပေါ်မှာ စီးပွားဖြစ်စိုက်ပျိုးလို့ ရတဲ့ မျိုးစိတ်တွေကို စမ်းသက်နေပါတယ်။ ဒီစီမံကိန်းမှာ ဘာတွေ အလုပ်မဖြစ်ဘူးလဲ။ ဘယ်လိုသီးနှံတွေက အကြမ်းခံလဲ ။ ဈေးကွက်ဝင်လည်းဆိုတာကို စမ်းသက်နေပါတယ် လို့ ဗီရီဂျီ တက္ကသိုလ်က စိုက်ပျိုးရေးနဲ့ စီးပွားရေး ဌာန တာဝန်ခံ ဖရစစ္စကို ဒါဗီလာက ဆိုပါတယ်။

အဲ့ဒိစီမံကိန်းက ဒေသခံပြည်သူတွေကို အသိပညာပေးဖို့ နဲ့ အိမ်တွင်းစီးပွားရေး လုပ်ငန်းထူထောင်နိုင်အောင် လှုံ့ဆော်ဖို့ အချက်အလက်တွေ စုဆောင်းရန်ဖြစ်ပါတယ်။ ဥပမာ စားသောက်ဆိုင်တွေမှာ လက်ဆတ်တဲ့ စားသောက်ကုန်တွေ ရရှိဖို့ အတွက် ဖြစ်လာမှာပါ။

ကိုယ့်စိုက်ခင်းထွက် စားသောက်ကုန်တွေလောက် အာမခံချက်ရှိတဲ့ စားသောက်ကုန်ဆိုတာ မရှိပါဘူး ။ အဲ့ဒိလိုစိုက်ခင်းတွေ ထူထောင်တဲ့အခါမှာ လူမှုပွူနာ ဘယ်လောက်ထိ ရင်ဆိုင်ရမလဲဆိုတာကိုပါ တွက်ချက်နေပါတယ်။
စမ်းသက်မှုကို အနည်းဆုံး ၂နှစ်ကြာအောင် လုပ်မှာပါ။

ကမ္ဘာ့ရာသီဖောက်ပြန်မှု ထိန်းသိမ်းရေး လုပ်ငန်းတစ်ရပ်အဖြစ်နဲ့သော်လည်ကောင်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေး လုပ်ငန်းတစ်ရပ်ဖြစ်မဖြစ်ကိုလည်ကောင်း စမ်းသက်ပြီးတာနဲ့ ဥရောပနိုင်ငံတွေ ကို တင်ပို့သွားမယ်လို့ သိရပါတယ်။

မောင်ယဿ
REF; euronews
Photo : livingroof

About The Author

greenness_mm

No Comments

Leave a Reply