အင်ဒိုနီးရှား ကမ်းခြေအချို့ရဲ့ ပင်လယ်ရေမှာ ပါရာစီတမော​ ဆေးတွေနဲ့ ညစ်ညမ်းနေ

အင်ဒိုနီးရှား ကမ်းခြေအချို့ရဲ့ ပင်လယ်ရေမှာ ပါရာစီတမော​ ဆေးတွေနဲ့ ညစ်ညမ်းနေ

အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာကမ်းခြေနဲ့ အချို့သော ကမ်းခြေတွေမှာ ရှိတဲ့ ပင်လယ်ရေတွေကို ပညာရှင်တွေ စစ်ဆေးမှုလုပ်ရာမှာ ပါရာစီမောတွေက ရှိသင့်သည်ထက် ပမာဏထက် အများကြီးပိုကာ ပင်လယ်ရေကို ညစ်ညမ်းစေနေတယ်လို့ ဆိုင်းယင့်ဒါရိုက် သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
ပါရာစီတမောဆိုတာ အဖျားတက်ရင်သောက်တဲ့ အဖျားပျောက်ဆေးဖြစ်ပြီး ပင်လယ်ရေထဲမှာ အဲ့ဒိဆေးရဲ့ ဓာတုပစ္စည်းတွေ အများကြီး ပါနေတာကို သိပ္ပံပညာရှင်တွေ လေ့လာစူးစမ်းမှုတွေကို လုပ်နေရပါတယ်။
ဂျာကာတာပင်လယ်အော်မှာ ၃နေရာနဲ့ ဂျာဗားကျွန်း အလယ်ပိုင်းကမ်းခြေတစ်နေရာ လည်း အဲ့လိုမျိုး ပါရာစီတမော ဓာတ်တွေကိုတွေ့ ရပါတယ် လိုက ဆိုပါတယ်။
သိပ္ပံပညာရှင်တွေက ပင်လယ်ကမ်းခြေက ပင်လယ်ရေတွေမှာ သက်ရှိတွေ လိုအပ်တဲ့ အောက်စီဂျင် ပမာဏ ရှိမရှိ ကိုစစ်ဆေး ကြတာပါ။ စစ်ဆေးရင်နဲ့မှာ ပင်လယ်ရေ တစ်လီတာမှ ပါရာစီတမော ၆၁၀ နာနိုဂရမ် ပါနေတာကို သွားတွေ့ရပါတယ်။ အချို့ ကမ်းခြေတွေမှာတော့ ၄၈၀ နာနိုဂရမ် ပါနေပါတယ်။ အင်ဒိုနီးရှား အစိုးရက ပါရာစီတမော အသုံးပြုတာကို မလိုအပ်ဘဲ မသုံးဖို့ ကန့်သတ်ချက်ထားထားပါတယ်။ ဘာကြောင့် ပင်လယ်ရေတွေက ပါရာစီတမောတွေနဲ့ ညစ်ညမ်းနေတယ်ဆိုတာကို စစ်ဆေးခိုင်းထားပါတယ်။
အင်ဒိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကတော့ သူတို့ နှစ်စဉ် စစ်ဆေးနေပေမဲ့ ဘာဖြစ်လို့ အဲ့လိုတွေဖြစ်တာလဲဆိုတာကို နားမလည်နိုင်ဘူးဖြစ်နေတယ်လို့ ဆိုထားပါတယ်။ သုသေတန ဌာနကတော့ ကျနော်တို့ ကမ်းခြေတစ်ဝိုက်က မြေပြင်ရော ရေပြင်ကိုပါစစ်ဆေးနေပါတယ်။ အခုစစ်ဆေးမှုကလည်း ကျနော်တို့ နှစ်စဉ်လုပ်နေတဲ့ လုပ်ငန်းစဉ်အတိုင်း လုပ်တာပါ။ ပင်လယ်ရေတွေ ကို ဓာတ်ခွဲရင်းနဲ့ က အခုလိုမျိုးတွေ့ရတာပါ။ ပုံမှန်စစ်ဆေးတာကတော့ အောက်စီဂျင်ပမာဏနဲ့ ရေထဲမှာ ခဲဓာတ် ၊ သံဓာတ် တို့လို လေးလံတဲ့ သတ္တုဓာတ်တွေ ဘယ်လောက်ပါလဲ ဆိုတာကိုပဲလေ့လာတာပါ လို့ ဆိုပါတယ်။
အဲ့ဒိသတင်း တက်လာပြီးနောက်မှာတော့ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ကလည်း ပင်လယ်ရေတွေ ကို စစ်ဆေးမှု လုပ်နေပါတယ်။
မောင်ယဿ
REF; world of buzz
Photo : steemit

About The Author

greenness_mm

No Comments

Leave a Reply