အင်္ဂလန်တက္ကသိုလ်တွေကို ရေနံကုမ္ပဏီတွေက လာဘ်ထိုးပြီး ပါးစပ်ပိတ်ခိုင်းထားတယ်လို့ ဆို

အင်္ဂလန်တက္ကသိုလ်တွေကို ရေနံကုမ္ပဏီတွေက လာဘ်ထိုးပြီး ပါးစပ်ပိတ်ခိုင်းထားတယ်လို့ ဆို

                အင်္ဂလန်တက္ကသိုလ်တော်တော်များများကို ရေနံကုမ္ပဏီကြီးတွေက ရန်ပုံငွေထောက်ပံ့ပေးပြီး သုတေသန လုပ်ငန်းတွေကို ဆက်မလုပ်ဖို့အတွက် လာဘ်ထိုးထားတယ်လို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာများကို အဓိကထားအာရုံစိုက်သည့် သတင်းနှင့် တက်ကြွလှုပ်ရှားသူ ဝဘ်ဆိုက်တစ်ခုဖြစ်သည့် DeSmog ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိပါတယ် ။
            ယူကေရှိ အကြီးကျယ်ဆုံးတက္ကသိုလ်အချို့က ရာသီဥတုဆိုင်ရာအရေးပေါ်အခြေအနေအား ကိုင်တွယ် ဖြေရှင်းရန် နှင့် ပိုမိုစိမ်းလန်းသောကမာ္ဘကြီးကို တည်ဆောက်မယ်လို့ ကတိပြုထားပေမဲ့ ပြီးခဲ့သောနှစ်အတွင်းက ရုပ်ကြွင်းလောင်စာ ကုမ္ပဏီများထံမှ သန်းပေါင်းများစွာကို လက်ခံခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုအသစ် တစ်ခုအရ သိရပါတယ်။ ရုပ်ကြွင်းလောင်စာ ဘီလူးကြီးများက ၂၀၂၂ ခုနှစ်မှစ၍ ယူကေတက္ကသိုလ်များသို့ စုစုပေါင်း ယူရို ၄၇သန်း (ပေါင် ၄၁ သန်း) ကျော် ပေးအပ်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
          အဲ့ဒိတက္ကသိုလ်တွေ ကို ရန်ပုံငွေထောက်ပံ့ပေးတဲ့ ကုမ္ပဏီများစာရင်းတွင် ရုပ်ကြွင်းလောင်စာကုမ္ပဏီကြီး Shell၊ British Petroleum (BP)၊ မလေးရှားအစိုးရပိုင် ရေနံကုမ္ပဏီ Petronas၊ အီတလီနိုင်ငံက Eni နဲ့ Total ၊ ဆော်ဒီက Aramco နှင့် ExxonMobil တို့အပြင် ကမ္ဘာပေါ်ရှိ ညစ်ညမ်းမှုအများဆုံးကုမ္ပဏီများ ပါဝင်ပါတယ်။ ၎င်း ကုမ္ပဏီ များက သုတေသနသဘောတူညီချက်များ၊ ပညာသင်ဆုများ၊ ကျူရှင်ခများနှင့် အခြားငွေကြေးဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသော UK တက္ကသိုလ်များသို့ ရက်ရက်ရောရော ပမာဏများစွာ ပေးဆောင်ထားပါတယ် ။
            DeSmog ရဲ့ အဆိုအရ၊ အဲ့ဒိတက္ကသိုလ်များက ရုပ်ကြွင်းလောင်စာကုမ္ပဏီများနဲ့ ပတ်သက်နေခြင်းမှ နုတ်ထွက်ရန် ကတိပြုထားပေမဲ့ ကုမ္ပဏီတွေရဲ့ ကမ်းလှမ်းချက်အများအပြားကို ဗြိတိန်အဖွဲ့အစည်းများမှ လက်ခံထားခြင်းဖြစ်ပါတယ် ။
မနှစ်ကစတင်ပြီး ရုပ်ကြွင်းလောင်စာကုမ္ပဏီ ၃၂ ခုမှ ကမ်းလှမ်းထားသည့် ယူရို ၄၇ သန်းကျော်ကို ယူကေရှိ တက္ကသိုလ် ၄၄ ခုက လက်ခံထားကြောင်း သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့ပါတယ် ။ ၎င်းတို့တွင် Exeter (ပေါင် ၁၄၇၀၀၀၀၀), Imperial College London (ပေါင်၅၇၈၅၇၆၉), Cambridge (ပေါင် ၂၈ ၂၁ ၄၃၇ ), Oxford (ပေါင် ၁ ၂၀၉ ၂၂၁ ), Manchester (ပေါင် ၃၀ ၇၇ ၂၆၉ ), Royal Holloway (ပေါင် ၇၄၀ ၆၅၇ ), Queen Mary London (ပေါင်၅၈၇ ၉၅၆) နှင့် တခြားနိုင်ငံအနှံ့အပြားရှိ တက္ကသိုလ်များ ပါဝင်ပါတယ်။
DeSmog ရဲ့ စာတမ်းနဲ့ ပတ်သက်ပြီး အကာအကွယ် ဖြစ်စေရန်အတွက် သတင်းဌာနတွေ တက္ကသိုလ်တွေကို စုံစမ်းမေးမြန်းမှု လုပ်တဲ့နေရာမှာတော့ ရန်ပုံငွေအများဆုံး လက်ခံထားတဲ့ Exeter တက္ကသိုလ်က သူတို့အနေနဲ့ ကမာ္ဘ့ကာဗွန်သုည အစီအမံအတွက် ရှဲရေနံကုမ္ပဏီနဲ့ ပူးပေါင်းလုပ်နေတာပါလို့ ပြောသွားပါတယ်။ တစ်ကမာ္ဘလုံးဆိုင်ရာ ကာဗွန်သုည အစီအစဉ်မှာ ရေနံကုမ္ပဏီတွေ မပါဘဲနဲ့ သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ဆိုသွားပါတယ်။
            ဒုတိယအကြီးဆုံးအကျိုးခံစားခွင့်ဖြစ်သည့် Imperial တက္ကသိုလ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက သူတို့ တက္ကသိုလ်သည် ၂၀၂၀ တုန်းက ကတိပြုခဲ့တဲ့ “သုတေသနသည် ၎င်းတို့၏ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖယ်ရှားရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ရုပ်ကြွင်းလောင်စာကုမ္ပဏီများနှင့်သာ သုတေသနပြုသည့် ပူးပေါင်းဆောင်ရွက်မှုများ တွင်သာ လုပ်ဆောင်မည်ဟု ကတိပြုခဲ့ကြောင်း၊ ကုမ္ပဏီသည် ယုံကြည်ရလောက်သော မဟာဗျူဟာကို ပြသမှသာ ၂၀၅၀ ကာဗွန်သုည ဖြစ်ရေးကို တွဲဖက်လုပ်ကိုင်မယ်လို့ ပြန်လည်ဖြေခဲ့ပါတယ်။
မောင်ယဿ
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply