အင်္ဂလန်မှာ လူကို ကူးနိုင်တဲ့ ဝက်တုတ်ကွေး မျိုးသစ်ပေါ်နေ

အင်္ဂလန်မှာ လူကို ကူးနိုင်တဲ့ ဝက်တုတ်ကွေး မျိုးသစ်ပေါ်နေ

အင်္ဂလန်ကျန်းမာရေးလုံခြုံမှု အေဂျင်စီရဲ့ အဆိုအရ အင်္ဂလိပ် အမျိုးသားတစ်ယောက် အဖျားကြီးလို့ ဆေးရုံလာတင်ရာက သွေးစစ်ကြည့်တဲ့နေရာမှာ လူကိုကူးနိုင်တဲ့ ဝက်တုတ်ကွေး အမျိုးသစ်တစ်ခုကို တွေ့ခဲ့ရပါတယ်လို့ သိလိုက်ရပါတယ်။
Influenza A (H1N2)v သည် UK ရှိ ဝက်များတွင် လက်ရှိပျံ့နှံ့နေသော ဗိုင်းရပ်စ်များနှင့် ဆင်တူသော်လည်း မကြာသေးမီက ဖြစ်ပွားခဲ့သော ဗိုင်းရပ်စ်ပိုးနှင့် ကွဲပြားနေပါတယ်။ ဒီတုပ်ကွေးရောဂါရှိသူဟာ အပျော့စားဖျားနာမှုကို ခံစားရပြီးနောက်မှာတော့ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း UK Health Security Agency (UKHSA) မှ ပြောကြားခဲ့ပါတယ်။
အဲ့ဒိအမှုပတ်သက်ပြီး ပုံမှန်တုပ်ကွေးစောင့်ကြည့်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တွေ့ရှိခဲ့ရပေမဲ့ ကူးစက်မှု၏ ရင်းမြစ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ် ။ Influenza အမျိုးအစား A ဗိုင်းရပ်စ်များသည် တိရစ္ဆာန် မျိုးစိတ် များစွာတွင် တွေ့ရှိရသလို ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါများကို ဖြစ်စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုထားပါတယ် ။
ဝက်တုပ်ကွေးဖြစ်နိုင်ခြေ အကြောင်းရင်းများတွင် ဝက်များနှင့် ထိတွေ့ခြင်း သို့မဟုတ် ၎င်းတို့၏ ပတ်ဝန်းကျင်နှင့် ထိတွေ့ခြင်း ပါဝင်ပါတယ် ။ “ယခုအချိန်အထိ စီစစ်ခြင်းသည် လူတို့ထံ ကူးစက်ပျံ့နှံ့ခဲ့သော ဝက်တုပ်ကွေး ဗိုင်းရပ်စ်များနှင့် မျိုးရိုးဗီဇဆိုင်ရာ ကွဲပြားမှုအချို့ဖြစ်နေပါတယ် ” လို့ London School of Hygiene & Tropical Medicine မှ ကူးစက်ရောဂါဗေဒ ပါမောက္ခ Punam Mangtani က ပြောကြားခဲ့ပါတယ် ။ “ထိုကဲ့သို့သော ဗိုင်းရပ်စ်များကို စောင့်ကြည့်ခြင်းနဲ့ စာရင်း ကောက်ယူခြင်းက ပုံမှန်တော့ မရှိဘူးပေါ့ ၊ ဒါကြောင့် ပိုမို ဖြစ်ပွားမှု ရှိမရှိကို စစ်ဆေးရန် ထိုဒေသရှိ အဆက်အသွယ်များကို စစ်ဆေးရန်နှင့် စောင့်ကြည့်ခြင်း တိုးမြှင့်ရန် လိုအပ် နေပါတယ် ” လို့ ၎င်းက ပြောပါတယ်။
“တိရစ္ဆာန်အချို့၏ရောဂါတွေက လူတွေဆီကို ကူးစက်နိုင်တယ်ဆိုတာ ကျနော်တို့ သထားပါတယ်။ ဒါကြောင့် တိရစ္ဆာန် ကျန်းမာရေး၊ လူမှုဖူလုံရေးနဲ့ ဇီဝလုံခြုံရေးအဆင့်အတန်းမြင့်မားမှုက အလွန်အရေးကြီးပါတယ် ” လို့ UK တိရစ္ဆာန်ဆေးကုအရာရှိချုပ် Christine Middlemiss ကထုတ်ပြန်ချက်တွင်ပြောကြားခဲ့ပါတယ် ။
“ကျနော်တို့ရဲ့ တိရစ္ဆာန်နှင့် လူတို့ စောင့်ကြည့်ရေးစနစ်များမှတစ်ဆင့် လူတိုင်းကို ကာကွယ်ရန် ကျနော်တို့ အတူတကွ လက်တွဲဆောင်ရွက်ဖို့လိုပါတယ် ။ ဝက်မွေးမြူသူများအနေနဲ့ ၎င်းတို့ရဲ့ ဝက်တွေ ဝက်တုပ်ကွေးရောဂါရှိကြောင်း သံသယရှိပါက ဒေသဆိုင်ရာ တိရစ္ဆာန်ဆေးကုဆရာဝန်ထံ ချက်ချင်း သတင်းပို့ဖို့လိုပါတယ် ” လို့ ၎င်းက ဆိုပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply