အင်္ဂလိပ်တွေက ၂၀၃၅ မှာ ရုပ်ကြွင်းလောင်စာ သုံးစွဲမှု အပြီးရပ်တန့်မယ်လို့ ဆို

အင်္ဂလိပ်တွေက ၂၀၃၅ မှာ ရုပ်ကြွင်းလောင်စာ သုံးစွဲမှု အပြီးရပ်တန့်မယ်လို့ ဆို

ပြီးခဲ့တဲ့အပတ်က ယူကေ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အင်္ဂလန်မှာ ဓာတ်ဆီ ၊ ဒီဇယ်ကျောက်မီးသွေး လို ကာဗွန်ထုတ်လွှတ်တဲ့ ရုပ်ကြွင်းလောင်စာ သုံစွဲမှုကို ၂၀၃၅ မှာ အပြီးတိုင် ဖျက်သိမ်းပစ်မယ်လို့ ဆိုခဲ့ပါတယ်။
၂၀၃၅ ကို နောက်ဆုံးထားပြီး ပြည်တွင်း လောင်စာသုံးစွဲမှု ပုံစံတွေကို ပြောင်းလဲပစ်ဖို့အတွက် လုပ်နေတာပါ။ လာမယ့်လ စကော်တလန် ဂလက်စကိုမြို့မှာ ကျင်းပမယ့် COP26 ကမ္ဘာရာသီဖောက်ပြန်မှု ဆိုင်ရာ ညီလာခံ အတွက် အကြို ဂတိစကားတစ်ခုအနေနဲ့ ပြော ခဲ့တာပဲဖြစ်ပါတယ်။
အီကိုဝက်ချ် ဂျာနယ်ရဲ့ အဆိုအရ ဝန်ကြီးချုပ်က ရည်မှန်းချက် ၂ခုနဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပထမရည်မှန်းချက်က ၂၀၃၀ မှာ ဓာတ်ဆီ၊ ဒီဇယ် နဲ့ သဘာဝဓာတ်ငွေ့လို ရုပ်ကြွင်း လောင်စာတွေကို ရောင်းချမှု နဲ့ သုံးစွဲမှုတွေကိုလုံး၀ တားမြစ်မှာဖြစ်ပြီး ဒုတိယရည်မှန်းချက်က ၂၀၃၅ မှာ တိုင်းပြည်အတွင်း ထုတ်လွှတ်နေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၇၈% အထိလျှော့ချ ဖို့ ပဲဖြစ်ပါတယ်။
ကျနော်တို့ လုပ်နေတာကို ကြည့်ပါ။ ကမ်းလွန်လေအားလျှပ်စစ် ထုတ်လုပ်မှု က အောင်မြင်နေပြီ ၊ ကျနော်တို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေ ကို လုပ်တာ လမ်းကြောင်းပေါ်ကိုရောက်နေပြီ ၊ ကာဗွန်တွေကို ဖမ်းထားနိုင်ပြီ။ ဟိုက်ဒရိုဂျင်ပါဝါကိုလည်း သုံးနိုင်နေပြီ ။ ဘာလိုသေးလဲ ၂၀၃၅ မှာ သန့်စင်တဲ့စွမ်းအင်တွေသုံးပြီး တိုင်းပြည်ရှေ့ဆက်တက်ရုံပဲ လို့ ဘောရစ်ဂျွန်ဆင်က ဆိုပါတယ်။
ယူကေစွမ်းအင်သုံးစွဲမှု မှာ ၄၃% က လျှပ်စစ်စွမ်းအင်ကို သုံးနိုင်နေပြီး သဘာဝဓာတ်ငွေ့ ကအရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတုန်းပါပဲ။ နောက်ပြဿနာတစ်ခုက ဆောင်းရာသီရောက်လာပြီဆိုရင် လောင်စာမလုံလောက်မှု ကြုံတွေ့နေရတာပါပဲ။ နိုင်ငံခြားက သွင်းတဲ့လောင်စာတွေကို မသုံးနိုင်အောင် ကြိုးစားတဲ့ ခြေလှမ်းတစ်ရပ်လည်းဖြစ်ပါတယ်။
ယူကေ က လျှပ်စစ်စွမ်းအင်ကို တစ်နိုင်ငံလုံး သုံးနိုင်ဖို့ အတွက် လုပ်နေတာ ၂၀၁၀ ခုနှစ်ကတည်းကပါ ။ ဒါပေမဲ့ တိုးတက်မှု က အရမ်းနှေးနေပါတယ်။ ဆိုလာနဲ့ လေအား လျှပ်စစ်တွေက တိုးတက်မှု ရှိနေပေမဲ့ နျူကလီယစွမ်းအင် ကို လုံးလုံး အစားထိုးနိုင်မလားဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
မောင်ယဿ
REF: greencitizen
Photo : proactive investor

About The Author

greenness_mm

No Comments

Leave a Reply