အစိုးရကိုအားမကိုးဘဲ ညစ်ညမ်းလာတဲ့ကမ်းခြေကို သန့်ရှင်းလိုက်တဲ့ မာဆေးမြို့က ပြည်သူတွေ

အစိုးရကိုအားမကိုးဘဲ ညစ်ညမ်းလာတဲ့ကမ်းခြေကို သန့်ရှင်းလိုက်တဲ့ မာဆေးမြို့က ပြည်သူတွေ

ပြင်သစ်နိုင်ငံ မာဆေးမြို့ ကမ်းခြေက ရေသန့်ဘူး ၊ အချိုရေဘူး ၊ အစားအသောက်ထည့်တဲ့ ဖော့ဘူး၊ အအေးပိုက် ၊ပလက်စတစ်အိတ် နဲ့ စီးကရက် အစီခံတွေ နဲ့ တဖြည်းဖြည်း ရှုတ်ပွလာပါတယ်။
ညစ်ညမ်းလာတဲ့ ကမ်းခြေကို တစ်ဦးစ ၂ဦးစ သန့်ရှင်းရေး တွေ လုပ်တယ်။ မြို့ စည်ပင်သာယာက သန့်ရှင်းရေးတွေ လုပ်တယ်။ ဒါပေမဲ့ အမှိုက်စွန့်တဲ့လူနဲ့ သန့်ရှင်းရေးလုပ်တဲ့သူ အင်အားမမျှ ဖြစ်နေလို့ မာဆေးမြို့ခံ ပရဟိတသမားတွေ နဲ့ အလှူ လုပ်တဲ့အဖွဲ့တွေ က ကိုယ့်ထမင်းကိုယ်စားပြီး ဘကြီးတော်နွားကျောင်းလိုက်လို့ အောက်တိုဘာ ၄ ရက်နေ့ တစ်ရက်ထဲမှာပဲ ကမ်းခြေတစ်ခုလုံး လူစွန့်ပစ်အမှိုက်တွေ အားလုံး ပြောင်သွားပါတယ်။
ကျမတို့ အများဆုံး တွေ့ခဲ့တာကတော့ ဘီယာဘူးခွံတွေ ၊ ပုလင်းခွံတွေ နဲ့ စီးကရက်ဖင်စီခံတွေပါပဲ။ ပလက်စတစ်ပစ္စည်းတွေကတော့ အများကြီးပဲ ။ ကျမတို့ က ပစ္စည်းအမျိုးအမည်ခွဲပြီး ကောက်ကြတာပါ လို့ မာဆေးမြို့ အခြေစိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ ဖြစ်တဲ့ မိုင်ကလင်း အဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ ဂယ်ရဲလ်ဒေဗာ့ဒီ က ဆိုပါတယ်။
ကမ်းခြေက ပလက်စတစ်အမှိုက်တွေက လိပ်ပေါက်လေးတွေကို အဓိက အန္တရာယ်ဖြစ်စေပါတယ်။ အဲ့ကောင်လေးတွေက ၁နှစ်သားကျော်တဲ့ အထိ ကမ်းခြေနားမှာ နေပြီး အစာရှာစားတာပါ။ သူတို့ က ပလက်စတစ်တွေကို စားမိကြပါတယ်။ ဒါတင်မကသေးပါဘူး ။ငါးတေ ဖျံတွေနဲ့ ဘဲတွေက လည်း ပလက်စတစ်တွေကို စားမိပြီး သေဆုံးမှု မြင့်တက်နေပါတယ်။ ဂျယ်လီငါးတွေက ပင်လယ်ရေထဲက ပလက်စတစ်တွေမှာ ကပ်နေတဲ့အတွက် အဲ့ ဒိအကောင်တွေကို စားရင် ပလက်စတစ်တွေကို ကျန်တဲ့အကောင်တွေက စားမိကုန်တာပါ။
အင်္ဂလန်မှာကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ကနေ ၂၆ အထိ ၁၀ရက်တိုင်တိုင် ပင်လယ်ကမ်းခြေ အမှိုက်ရှင်းရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြပါတယ်။
မောင်ယဿ
REF: green citizen
Photo : dailymotion

About The Author

greenness_mm

No Comments

Leave a Reply