အညာဒေသရဲ့တန်ဖိုးရှိတဲ့ကန်ကြီးများ (မင်းကန်ကြီး)

အညာဒေသရဲ့တန်ဖိုးရှိတဲ့ကန်ကြီးများ (မင်းကန်ကြီး)

ချောက် ရေနံချောင်း
ဒီအနီးတစ်ဝိုက်မှာတော့ အကြီးဆုံးကန်ကြီး ရေနေဆုံး ကန်ကြီးလို့ ပြောလို့ရပါတယ်။
ဂွေးချိုတောင်တန်းနောက်ကို
ကန်​ပေါင် (ကန်ဘောင်)
နောက်ခံ ထားကာ
ပတ်ချာလည်မှာလည်း ဂွေးချိုတောင်တန်း တွေ ဝန်းရံထားပါသည်။
ပတ်ချာလည် သစ်ပင်တောင်တန်းတွေက ဝန်းရံထားတာဆိုတော့
သဘာဝအတိုင်း လေတိုက် ရေငွေ့ပျံမှု့ ထိန်းသိမ်းပြီးသားလည်း အတော်အသင့်ဖြစ်သွားမှာပါ။
ကန်ဧရိယာကတော့ အတော်ကြီးမားလှတဲ့ ကန်ကြီးပါ။
ကြိုက်သလောက်ရေဝင်
နောက်ခံကလည်း တောင်တန်းကြီးတွေ ဆိုတော့ ထိန်းထားနိုင်ပါသည်။
ကန်ကြီးက ရေဓာတ်တွေကြောင့်လားမသိဘူး
ကန်ရဲ့ အနောက်ဘက်ခြမ်း တောင်တန်း
တွေဆို အရိပ်လည်းကောင်း
တောင်တန်းထဲ ဖြတ်သွားလိုက်ရင်
ရာသီဥတုက အေးချမ်းလှပါသည်။
တောကောင်းအေးချမ်းလှတဲ့နေရာမှာ ဘုန်းကြီးကျောင်းလေး လည်းရှိပါသည်။
ကန်ကြီးသွားရာလမ်းကတော့ နှစ်လမ်းရှိ။
ဂွေးချိုကနေ တစ်ဆင့် လမ်းခွဲ
ကျောက်ပန်းလမ်းတိုင် လိုက်ပြီး
အနီးနား
လမ်းဘယ်ဘက် မင်းကန်ရွာသို့ ဆိုင်းဘုတ်မြင်ရင်
ဘယ်ဘက်ဝင်လိုက်သွားလို့ရပါသည်။
ဂွေးချို ချောက် လမ်းအတိုင်းလည်း ဝင်လို့ရပါသည်
သီရိလှိုင် အာလူးကြော်ဆိုင်မရောက်ခင် ဘယ်ဘက်မှာ ကုက္ကိုလ်ပင်ခြောက်ကြီးရှိတဲ့ အနီး လမ်းခွဲနား
လမ်း ညာဘက် အတိုင်း ချိုးဝင်လိုက်သွားရမှာပါ။
ကျွန်တော်ကတော့ ကျောက်ပန်းတောင်း လမ်း ဘက်က ဝင်ပြီး
ချောက်လမ်း ဘက်က ပြန်ထွက်လာပါသည်။

About The Author

greenness_mm

No Comments

Leave a Reply