အန္တာတိကတိုက် လေ့လာရေးကို ထိုင်းနိုင်ငံက လုပ်နိုင်ပါပြီ

အန္တာတိကတိုက် လေ့လာရေးကို ထိုင်းနိုင်ငံက လုပ်နိုင်ပါပြီ

ရေခဲပြင်တွေဖုံးလွှမ်းနေတဲ့ အန္တာတိကတိုက် သုတေသန စူးစမ်းလေ့လာရေး ခရီးစဉ်တွင် ပါဝင်ရန် ထိုင်းနိုင်ငံမှ သိပ္ပံပညာရှင်များကို ၂၀၁၆ ခုနှစ်ကတည်းက တရုတ်အမျိုးသား သုတေသန အဖွဲ့များ နှင့် တွဲဖက်ပြီး စေလွှတ်ခဲ့ရာ ယခုအခါ အန္တာတိကရှိ တရုတ်-ထိုင်း သုတေသန အခြေစိုက်စခန်းကို တရုတ်နိုင်ငံ၏ Great Wall Station တွင် တည်ထောင်လိုက်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ် ။ ၁၉၅၉ ခုနှစ်တွင် ချုပ်ဆိုခဲ့သော အန္တာတိက စာချုပ်တွင် ထိုင်းနိုင်ငံက အဖွဲ့ဝင်နိုင်ငံ မဟုတ်သောကြောင့် အန္တာတိကကို တစ်နိုင်ငံတည်း သီးခြား သွားခွင့်မရှိပါဘူး ။ အာရှမှ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အိန္ဒိယတို့က စာချုပ်အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်လို့ အဲ့ဒိနိုင်ငံတွေနဲ့ တွဲဖက်ပြီးမှ သွားခွင့်ရတာပါ။ အဲ့ဒိသုတေသန ခရီးစဉ်နဲ့ ပတ်သက်ပြီး SCMP သိပ္ပံသတင်းထောက် Holly Chik က အန္တာတိတ် သုတေသနတွင် တရုတ်-ထိုင်း ပူးပေါင်းဆောင်ရွက်မှုကို စုံစမ်းစစ်ဆေးခဲ့ပါတယ် ။

 

အဏ္ဏဝါဇီဝဗေဒပညာရှင် Suchana Chavanich သည် တရုတ်အဖွဲ့တစ်ဖွဲ့နှင့်အတူ အန္တာတိကတိုက်သို့ ၂၀၁၃ ခုနှစ်တွင် သွားရောက်ခဲ့ဖူးပါတယ် ။ တရုတ်နိုင်ငံရဲ့ Great Wall စခန်းကဲ့သို့ ဝေးလံခေါင်သီသောနေရာတွင် ရေငုပ်ခြင်းသည် အန္တရာယ်ရှိသော်လည်း ရေအောက်၌ သက်ရှိများ၏ အသက်ရှင်နေထိုင်ပုံကို စောင့်ကြည့်ရန် အရေးကြီးပါတယ် ။ ဘန်ကောက်မြို့ ချူလာလောင်ကွန်းတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဆူချနာက “အန္တာတိကတိုက်ဟာ အချင်းချင်း ပူးပေါင်းကူညီမှုတွေကြောင့် အားလုံးအတွက် နေရာကောင်းတစ်ခုပါ။ နယ်နိမိတ် မရှိပါဘူး” လို့ ဆိုပါတယ်။ “ကျွန်တော်တို့က အန္တာတိကမှာ ကိုယ်ပိုင် သုတေသန အခြေစိုက်စခန်း မရှိပါဘူး။ ကျွန်တော်တို့မှာ သေးငယ်တဲ့ ဓာတ်ခွဲခန်းတော့ ရှိပါတယ်။ အရင်တုန်းကတော့ နမူနာတွေကို စုဆောင်းပြီး ထိုင်းကို ပြန်ပို့ပြီး ဒေတာတွေကိုပဲ စီမံနိုင်ခဲ့တယ်။ ဒါပေမယ့် အခုတော့ အဲဒီမှာပဲ စမ်းသပ်မှုလေးတွေ လုပ်နိုင်ပြီး ပိုတိကျတဲ့ ဒေတာကို ရနိုင်ပါပြီ ” ရာသီဥတုပြောင်းလဲရဲ့ ကျယ်ပြန့်သောသက်ရောက်မှုများကို လေ့လာရန် တောင်ဝင်ရိုးစွန်းကို သိပ္ပံပညာရှင်များ ရောက်ရှိလာကြတာပဲဖြစ်ပါတယ်။

 

ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် လေထုညစ်ညမ်းမှုများသည် ကမ္ဘာ၏လှည့်ပတ်မှုနှင့် လေတိုက်ပုံများကြောင့် ဝင်ရိုးစွန်းနှစ်ခုတွင် အဆုံးသတ်သွားပါတယ် ။ တောင်ဝင်ရိုးစွန်းသည် အနောက်ဘက်အပူပိုင်းပစိဖိတ်သမုဒ္ဒရာရှိ သမုဒ္ဒရာအပူချိန်ကြောင့် ၁၉၈၉ ခုနှစ်မှစ၍ ကမ္ဘာ့ပျမ်းမျှနှုန်းထက် သုံးဆကျော်ပူနွေးလာခဲ့ပါတယ် ။

မောင်ယဿ

REF: Thaiger

About The Author

greenness_mm

No Comments

Leave a Reply