အပန်းဖြေခရီးထွက်ရင်း အမှိုက်ကောက်ကြသူများ

အပန်းဖြေခရီးထွက်ရင်း အမှိုက်ကောက်ကြသူများ

ပေါဂျီလို့ အများကခေါ်တဲ့ ဟာဖီဇီက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့သူပါ။ သူက အားလပ်ချိန် ရောက်ပြီဆိုတာနဲ့ သဘာဝလမ်းလျှောက်ဥယျာဉ်လို့ခေါ်တဲ့ တောတောင်တွေထဲကို သူငယ်ချင်းတွေနဲ့ သွားလေ့သွားထရှိပါတယ်။
အခုလည်း သူတို့ အဖွဲ့က သစ်တောတွေထဲကိုလျှောက်သွားဖို့ လူစုပြီး ခရီးထွက်ခဲ့ကြပါတယ်။
သူတို့တောစပ်ကိုရောက်တော့ စခန်းမှာ ကားကိုထားခဲ့ပြီး အတူတူတောထဲကိုဝင်ခဲ့ကြပါတယ်။ သူတို့လို တောထဲကို အပျော်ခရီးထွက်တဲ့သူတွေမနည်းပါဘူး ။
စခန်းက ကားတွေကိုကြည့်ရင် အနည်းဆုံးမိသားစု ၅၀ မက တောထဲကို ဝင်ပြီး လမ်းလျှောက်တောင်တက် ခရီးထွက်ကြတယ်ဆိုတာကို စခန်းက ကားတွေကို ကြည့်တာနဲ့ သိပါတယ်။
ပေါဂျီလမ်းလျှောက်ရင်း သတိထားမိလိုက်တာက တောထဲမှာ မြို့ပြက အမှိုက်တွေ ရောက်နေတာပါပဲ။ ပလက်စတစ်တွေနဲ့ ဖော့ဘူးတွေ အစားအသောက် အကြွင်းအကျန် စက္ကူဘူးတွေကို တွေ့လိုက်ရတော့ သူငယ်ချင်းတွေကို သွားနှင့်၊ လိုက်ခဲ့မယ်လို့ ပြောပြီး ကားဆီကိုပြန်သွားကာ ပလက်စတစ်အိပ်ကြီးတွေကို သယ်လာခဲ့ပါတယ်။
သူငယ်ချင်းတွေနောက်လိုက်ရင်း လမ်းမှာတွေကသမျှ အမှိုက်တွေကို ကောက်ပြီး ခရီးဆက်ခဲ့ပါတယ်။ ခရီးတစ်ဝက်လောက်မှာ သူငယ်ချင်းတွေက သူ့ကိုစောင့်နေတာကို တွေ့တဲ့အချိန်မှာတော့ သူ့မှာ အမှိုက်တစ်အိတ်စာရနေပါပြီ။
သူရောက်လာတော့ သူငယ်ချင်းတွေ သူဘာလို့ နောက်ကျနေတယ်ဆိုတာကို သိသွားပြီး ခရီးလည်းထွက်ရင်း အမှိုက်ကောက်ကျမယ်လို့ အားလုံး သဘောတူလိုက်ကြပါတယ်။
လူတွေဂရုမထားမိတဲ့ အသေးအဖွဲလေးတွေကို ပေါ့ပေါ့လေးလို့ တွေးမိလိုက်ရင် ပုံလာတဲ့အခါမှာ ငွေသုံးပြီးရှင်းရပါလိမ့်မယ် လို့ ပေါဂျီက ဆိုပါတယ်။
သူက အဲ့ဒိအကြောင်းကို Tik Tokမှာ တင်လိုက်တော့ သူ့ရဲ့ တောတွင်း အမှိုက်ကောက်တဲ့ ဗီဒီယိုက ပေါက်သွားပါတယ်။ အချို့ကလည်း သူတို့ တောလည်သွားစဉ် အမှိုက်ကောက်ခဲ့တဲ့ အကြောင်း ဗီဒီယိုဖိုင်တွေတင်လာကြပါတယ်။
မြို့ပြက လူတွေ တောထဲကို သွားပြီး အမှိုက်ပစ်တာကို ခရီးသွားအချင်းချင်းဘဲ အမှိုက်ပြန်ကောက်တဲ့ အကျင့်ကြောင့် ရေတံခွန်ကိုသွားတဲ့ ခရီးမှာ အမှိုက်တွေ နည်းစပြုလာပါပြီ။
ဘာပဲဖြစ်ဖြစ် အပန်းပြေခရီးမှာ လူမှုအကျိုးစီးပွား အတွက် လုပ်ပေးနိုင်တာကို ပေါဂျီတို့ ဝမ်းသာမဆုံးဖြစ်ခဲ့ကြပါတယ်။
မောင်ယဿ
REF; world of buzz
photo : NY daily news

About The Author

greenness_mm

No Comments

Leave a Reply