အပူချိန် အပေါင်း ၆၀ နဲ့ အနှုတ် ၄၀ ဒီကရီ ဆဲစီးယက်သို့ ရုတ်တရက်ပြောင်းလဲသွားရင် ကျနော်တို့ အသက်ရှင်နိုင်ပါ့မလား

အပူချိန် အပေါင်း ၆၀ နဲ့ အနှုတ် ၄၀ ဒီကရီ ဆဲစီးယက်သို့ ရုတ်တရက်ပြောင်းလဲသွားရင် ကျနော်တို့ အသက်ရှင်နိုင်ပါ့မလား

အီတလီသိပ္ပံပညာရှင်တွေက အစွန်းရောက်ရာသီပြောင်းလဲမှုဖြစ်တဲ့ ပူလွန်း အေးလွန်း ကြားထဲမှာ သက်ရှိတွေနဲ့ အရာဝတ္ထုတွေ ဘယ်လောက်ခံနိုင်ရည်ရှိမလဲဆိုတဲ့ စမ်းသက်မှုတစ်ခုကို မကြာသေးခင်က ပြုလုပ်ခဲ့ပါတယ်။
ကျနော်တို့ရဲ့ ကမ္ဘာကြီးက ရာသီဥတုဖောက်ပြန်မှုဖြစ်နေပါတယ်။ ရုတ်တရက် အပူလွန်ခြင်း နဲ့ အအေးလွန်ခြင်းက ဆဲစီးယက်တန်ဖိုး -၄၀ ဒီကရီနဲ့ + ၆၀ ဒီကရီကြား ဖြစ်နိုင်တဲ့အတွက်ကြောင့် သက်ရှိတွေအဲ့ဒိပြောင်းလဲမှု ဒဏ်ကို ခံနိုင်ပါမလားဆိုတာကို လေ့လာတာပါ။
လေ့လာမှု ကို တောင်တက်ပြီးတော့ ပြုလုပ်တာပါ။ တောင်တက်တဲ့အခါမှာ ရာသီဥတုပြောင်းလဲမှုကို လက်တွေ့ကျကျခံစားရတာပါ။ အရင်တုန်းက တောင်တက်သမားတွေက ကိုယ်ခန္တာအပူချိန်ထိန်းညှိမှုကို လုပ်ပြီး တက်ကြတဲ့ အတွက်ကြောင့် ဘေးကင်ပါတယ်။
ဒါပေမဲ့ ရာသီဥတုကို မထိန်းချုပ်နိုင်လို့ ရုတ်ချည်း ပြောင်းလဲမှု ဖြစ်ခဲ့ရင် ဘယ်လို ထိန်းမလဲ ဆိုတာကို တွက်ချက်ကြည့်မလို့ပဲ ဖြစ်ပါတယ်။
လေတိုက်မယ် ၊ နှင်းကျမယ်၊ မိုးရွာမယ် ဆိုတဲ့ အချက်တွေကို ထည့်တွက် ပြီး လူတစ်ယောက်ကို ကမ္ဘာ့မြေမျက်နှာပြင်ရဲ့ အပေါ် ပေ ၂၇၀၀၀ ကျော်ကို ဆွဲတင်လိုက်သလို ဖြစ်သွားတာပါ လို့ သုတေသီတွေက ဆိုပါတယ်။
ဆိုလိုချင်တာက အရပ်ဒေသတစ်ခုကို နွေရာသီမှာ အပူလှိုင်းဝင်မယ် ၊ ဆောင်းရာသီမှာ အအေးလှိုင်းဝင်မယ် ဆိုရင် ဘာဖြစ်သွားနိုင်သလဲဆိုတာကို တွက်ချက်နေတာပါ။ ရလဒ်ကတော့ အောက်ဆီဂျင်သယ်တဲ့ သွေးတွေ ပြစ်သွားတာပါပဲ ၊ အဲ့ဒိရရှိတဲ့အချက်အလက်ကို အကျိုးရှိရှိ အသုံးချနိုင်မယ်ဆိုရင်တော့ ရာသီဥတု ရုတ်တရက်ပြောင်းလဲသွားတဲ့အခြေအနေမှာ အသက်ရှင်နိုင်မယ်လို့ ဆိုပါတယ်။
သုတေသနကို လူပေါင်း ၄၀၀ နဲ့ လုပ်ခဲ့ပါတယ်။ သုတေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာဗင့်ဆင့် မူရိုရစ်ကတော့ ကျနော်တို့ အကြာကြီး အများကြီး စဉ်းစားစရာမလိုပါဘူး ၊ လုပ်သင့်လုပ်ထိုက်တာဟာတွေ ကိုလုပ်လိုက်ပါ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အမြန် အကောင်အထည် မဖော်လိုက်နိုင်ရင် အခုကျနော်တို့ စမ်းသက်နေတဲ့ သုတေသနလိုမျိုး ခြေမကိုင်မိ လက်မကိုင်မိကြုံတွေ့ သွားမှာပါ လို့ ဆိုလိုက်ပါတယ်။
မောင်ယဿ
REF: euronews
Photo : canva

About The Author

greenness_mm

No Comments

Leave a Reply