အပူလှိုင်းကျချိန်ရေဆင်းကူးလို့ အုပ်စုလိုက်ကြီး ဖျားနာ

အပူလှိုင်းကျချိန်ရေဆင်းကူးလို့ အုပ်စုလိုက်ကြီး ဖျားနာ

ပြီးခဲ့တဲ့ တနင်္ဂနွေ ဇူလိုင်( ၁၇ ) ရက်နေ့က အင်္ဂလန်ကို အပူလှိုင်း ဝင်ဖို့ တစ်ရက်အလိုနေ့ဖြစ်ပါတယ်။ ဂျော့ဂျ်အေမီတို့ မိသားစုရယ် သူငယ်ချင်းအပေါင်းအသင်းတွေစုပြီး အောက်စဖိုဒ့်က မီယာဒိုဆိပ်ကမ်းမြစ်ထဲမှာ ရေသွားကူးကြပါတယ်။ နေကျစ်ကျစ်တောက်ပူနေတဲ့အချိန်မှာ ရေစိမ်ကောင်းကောင်းနဲ့ စိမ်လိုက်ကြလို့ အားလုံး ဖျားနာကုန်ကြပါတယ်။ အေမီကိုယ်တိုင်လည်း အသည်းအသန်ဖြစ်လို့ ဆေးရုံမှာ ၂ရက်ကြာတက်ရောက်ကုသလိုက်ရပါတယ်။ ရေသွားကူးတဲ့ လူ ၁၃ ယောက်မှာ ၁၂ ယောက်ဖျားနာခဲ့ပါတယ်။

တနင်္လာနေ့မှာတော့ အင်္ဂလန်က အမြင့်ဆုံးအပူချိန် ၄၀ကျော်သွားခဲ့ပါတယ်။ အင်္ဂလန်မှာက ဝက်စ်ယောက်ရှိုင်းယားက ဝါဖီမြစ်နဲ့ အောက်စဖို့ဒ်က မီယာဒိုမှာ ရေးကူးလို့ရတဲ့ ရေချိုးဆိပ် ၂ခုရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီတွေက အဲ့ဒိသဘာဝအတိုင်းရေကူးလို့ရတဲ့ နေရာတွေမှာ ရေရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး တာဝန်မယူထားပါဘူး ။ ကျန်းမာရေးကိုထိခိုက်နိုင်သလားအန္တရာယ်ဖြစ်စေနိုင်သလား ဆိုတဲ့ အာမခံချက်လုံးဝမပေးထားပါဘူး ။အင်္ဂလန်က လူတွေကလည်း လူတွေပဲဖြစ်လို့ အဲ့လို သဘာဝရေဆိုရင် ပိုပြီး သဘောကျလို့ အန္တရာယ်ရှိရှိ မရှိရှိ ရေသွားကူးလေ့ရှိကြပါတယ်။ သူတို့တွေက လူရှင်းတဲ့မြစ်ညှာပိုင်းမှာ ရေသွားကူးကြတာပါ။ ရေတွေက ကြည်လင်နေပေမဲ့ ရေထဲမှာ ပျော်ဝင်နေတဲ့ ဓာတ်သတ္တုတွေကြောင့် သူတို့တွေ ဖျားနာခဲ့ရတာပါ။

ဥရောပ အခြားနိုင်ငံတော်တော်များများမှာ အဲ့လို သဘာဝရေကူးလို့ရတဲ့နေရာတွေမှာ ကူးလို့ရ မရ ဆိုင်းဘုတ်လေးတွေ ထောင်ထားပါတယ်။ အင်္ဂလန်မြစ်တွေရဲ့ ၁၄% ကဂေဟစနစ်နဲ့ လျှော်ညီခြင်း မရှိပါဘူး ။ စိုက်ခင်းတွေက ရေတွေ ၊ အညစ်အကြေးရေတွေ နဲ့ ဓာတုစက်ရုံတွေက ရေတွေက အဲ့ဒိမြစ်တွေထဲကို စီးဝင်နေကြပါတယ်။ ရေကူးနေရင် မြစ်ရေများ မျိုချမိတာနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်ရပါတယ်။ အေမီတို့ အုပ်စုမှာပါတဲ့ ကလေး၅ ယောက်ကတော့ ၄၈နာရီအတွင်းမှာ အော့အန်ပြီး အဖျားတက်ကာသတိပါလစ်သွားပါတယ်။ အချို့ဆိုရင် မော်ဖင်းပေးရတဲ့အထိကို နာကျင်ကိုက်ခဲမှု ခံစားလိုက်ရတယ်လို့ သိရပါတယ်။ သဘာဝရေက စက်မှုလုပ်ငန်းတွေနဲ့ စိုက်ခင်းတွေက ထွက်လာတဲ့ ဓာတ်မြေသြဇာတွေကြောင့် မသန့်စင်တော့ပါဘူး။ ပိုဆိုးတာက ဂေဟစနစ်ပျက်နေရင် သဘာဝရေက အဆိပ်တောင်သင့်နိုင်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီက တာဝန်ရှိသူတစ်ဦးကပြောသွားပါတယ်။

မောင်ယဿ ( ဇူလိုင် ၁၉ )

REF: euronews

#greenness

About The Author

greenness_mm

No Comments

Leave a Reply