အမေဇုံကို ကာကွယ်ဖို့ တောတွင်းသားတွေ အဖွဲ့ ဖွဲ့ပြီ

အမေဇုံကို ကာကွယ်ဖို့ တောတွင်းသားတွေ အဖွဲ့ ဖွဲ့ပြီ

အီကွေဒေါနိုင်ငံမှာ တောတွင်းသားတွေနဲ့ ဒေသခံ အစိုးရတို့ ပေါင်းပြီး အီကွေဒေါနိုင်ငံအတွင်းက အမေဇုံမိုးရေခံသစ်တောတွေကို ကာကွယ်စောင့်ရှောက်ဖို့ အစီအစဉ် လုပ်နေကြပါတယ်။ အဲ့ဒိအစီအစဉ်ကို အီကွေဒေါနိုင်ငံအတွင်းက အန်ဂျီအိုတွေက စတင်ပြီး အကောင်အထည်ဖော်ခဲ့တာပါ။ သူတို့က မိုးရေခံ သစ်တောတွေကို ခိုးထုတ်နေတာနဲ့ ပတ်သက်ပြီး တစ်စု တစ်ဖွဲ့ချင်းကာကွယ်တာထက် အစုအဖွဲ့တွေပေါင်းပြီး ကွန်ယက်ဖွဲ့ကာ ကာကွယ်ဖို့ လုပ်နေကြတာပါ။
ကျနော်တို့ရဲ့လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး မပူးပေါင်းချင်တဲ့ အချို့ ဒေသခံအစိုးရအဖွဲ့တွေ ရှိနေပါသေးတယ်။ တောတွင်းသားတွေက သစ်တောထဲမှာ သစ်ပင်တွေ ခိုးခုတ်နေတာကို အသိပေးမယ် ၊ အန်ဂျီအိုတွေက တိုင်တန်မှုတွေကို တရားဝင်ဖြစ်အောင် နဲ့ မီဒီယာကနေဖော်ပြမယ် ၊ အစိုးရ ပိုင်းက တိတိကျကျ အရေးယူနိုင်အောင် လုပ်ဖို့အတွက် ဒီဇိုင်းရေးထားတဲ့ အစီအစဉ် ဖြစ်ပါတယ်လို့ အန်ဂျီအိုအဖွဲ့ တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သူက ဆိုပါတယ်။
ကျနော်တို့ဆီမှာက နိုင်ငံရေးသမားတွေက တောတွေနဲ့ ပတ်သက်လာရင် သူတို့ကစားကွက်ထဲမှာ လုပ်ချင်တိုင်း လုပ်နေပါတယ်။ ကျနော်တို့ က နိုင်ငံရေးသမားတွေ မပါတဲ့ အဖွဲ့တွေဖွဲ့ပြီး လုပ်နေတာပါ။ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ပတ်သက်နေသလို ကျနော်တို့ရဲ့ အမျိုးသားရေးနဲ့ လည်း လုံးလုံး ပတ်သက်နေပါတယ်။ အစိုးရ ထိပ်သီးပိုင်းက တောတွင်းသားတွေရဲ့ လုပ်ငန်းတွေကို အပြည့်အ၀ ထောက်ခံထားပါတယ် လို့လည်း သူက ဆိုပါတယ်။
ပထမအဆင့်အနေနဲ့ ပက်စတာဇာ ဒေသမှာရှိတဲ့ တောတွေကို စောင့်ရှောက်အပြည့်ပေးဖို့လုပ်ထားပါတယ်။ သဘာဝပ်ဝန်းကျင်နဲ့ ရေသယံဇာတ ဝန်ကြီး က အန်ဂျီအိုတွေ နဲ့ တောတွင်းသား အုပ်စုတွေ အားလုံကို စုခေါ်ပြီး သစ်တော ကာကွယ်ရေး ဆိုင်ရာ ရက်တို သင်တန်းတွေကို လုပ်ပေးနေပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ရာသီပြောင်းလဲမှု ဆိုင်ရာ သစ်တောပြုန်းတီးမှုကာကွယ်ရေး နဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေကို သင်တန်းပေးတာပဲဖြစ်ပါတယ်။
ကမ္ဘာ ဇီဝမျိုးကွဲ ၈၀ % လောက်ရှိနေတဲ့ အမေဇုံတောတွေက ကမ္ဘာကြီးရဲ့ အဆုတ်လို့ ခေါ်လို့ရအောင် ကာဗွန်စုတ်ယူပေးတဲ့ သစ်ပင်ကြီးတွေ အများကြီးရှိပါတယ်။ ကမ္ဘာ့ရာသီဖောက်ပြန်မှုကို ကာကွယ်ဖို့ဆိုရင် အမေဇုံ တောကို တတ်နိုင်သလောက်ကာကွယ်ထားခြင်း က အကောင်းဆုံးနည်းလမ်းတစ်ခုထဲမှာ ပါပါတယ်။ တောတွင်းသားလူ့အဖွဲ့အစည်းတွေက သစ်တောတွေရဲ့ မူလပိုင်ရှင်တွေလည်းဖြစ်ပါတယ်။ သူတို့ဆီမှာ အခက်အခဲတွေများလာရင် တောတွေကို သူတို့က စီးပွားရေး လုပ်ငန်းရှင်တွေ လက်ထဲ ထိုးရောင်းတဲ့ ပြဿနာကလည်း ရှိနေတာမို့ သူတို့ရဲ့ ပါဝင်မှုကလည်း လုံးဝအရေးကြီးပါတယ်။ ဒါကြောင့် အန်ဂျီအိုတွေက သူတို့နဲ့ အဖွဲ့ဖွဲ့ပြီး လှုတ်ရှားမှုတွေကို လုပ်နေကြတာပါ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply