အအေးပို‌နေတဲ့ ဥရောပက နော့ဒစ်နိုင်ငံတွေ

အအေးပို‌နေတဲ့ ဥရောပက နော့ဒစ်နိုင်ငံတွေ

လေပြင်းတိုက်ခတ်မှုနှင့် ဆီးနှင်းများထူထပ်စွာ တိုက်ခတ်မှုကြောင့် နော်ဒစ်နိုင်ငံများတွင် ကြာသပတေးနေ့က လူထောင်ပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ယာဉ်မောင်းအများအပြားမှာ အန္တရာယ်ရှိသော အဝေးပြေး လမ်းမကြီးများပေါ်တွင် ပိတ်မိနေခဲ့သည်။ ဖင်လန်နှင့် ဆွီဒင်တို့သည် ယခုသီတင်းပတ်အစောပိုင်းတွင် အပူချိန် -၄၀ ဒီဂရီစင်တီဂရိတ်အောက်တွင် စံချိန်တင်ခဲ့ပြီး အအေးဆုံး ဆောင်းရာသီ ဖြစ်ခဲ့ပြီး ကျောင်းများပိတ်ခဲ့ရကာ ခရီးသွားလာမှု အနှောင့်အယှက်ဖြစ်စေခဲ့သည်။
အာတိတ်ဒေသအတွင်း ကျရောက်နေသော ဆွီဒင်နိုင်ငံ၏ အချို့ဒေသများတွင် အပူချိန် -၃၈ ဒီဂရီစင်တီဂရိတ် အထိ ကျဆင်းသွားသည့်အတွက် ကြာသပတေးနေ့တွင် အိမ်ခြေ ၄ထောင် ခန့် အမှောင်ထဲတွင် နေခဲ့ရကြောင်း ဆွီဒင် အများပြည်သူ ရေဒီယိုမှ ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နေ့က အပူချိန် သည် -၄၃.၆ ဒီဂရီစင်တီဂရိတ်သို့ကျဆင်းသွားခဲ့ပြီး ဆွီဒင်တွင် ၂၅ နှစ်အတွင်း အနိမ့်ဆုံး ဇန်နဝါရီအပူချိန်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ နော်ဝေးနှင့် ဆွီဒင်နယ်စပ်အနီး ဖင်လန်နိုင်ငံ Lapland ရှိ Enontekio မြို့တော်သည် ကြာသပတေးနေ့တွင် စံချိန်တင်အပူချိန် -၄၂.၅ ဒီဂရီစင်တီဂရိတ်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ လေနှင့် ဆီးနှင်းများ ရိုက်ခတ်မှုကြောင့် ဒိန်းမတ်နှင့် နော်ဝေးတို့လည်း အလားတူ ထိခိုက်မှုများ ရှိခဲ့သည် ။ အော်စလိုနှင့် ကိုပင်ဟေဂင်ကြား ကူးတို့သင်္ဘောပေါ်တွင် ရာနှင့်ချီသော ခရီးသည်များသည် မုန်တိုင်းကြောင့် Øresund ရေလက်ကြားတွင် ရပ်နားထားသော သင်္ဘောပေါ်တွင် တစ်ညတာ ဖြတ်သန်းပြီးနောက် ဒိန်းမတ်မြို့တော်သို့ နောက်ဆုံးတွင် ရောက်ရှိခဲ့ကြသည်။
စကန်ဒီနေးဗီးယားဒေသကို ရိုက်ခတ်ခဲ့တဲ့ အအေးလွန်ကဲမှုဟာ အနောက်ဥရောပကို သက်ရောက်ခဲ့တဲ့ မုန်တိုင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။
ရင်နွေငြိမ်း
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply