အာရှကာဗွန်လျှော့ချရေးအစီအစဉ်အတွက် ဂျပန်က ကန်ဒေါ်လာ သန်း ၁သောင်း သုံးမယ်

အာရှကာဗွန်လျှော့ချရေးအစီအစဉ်အတွက် ဂျပန်က ကန်ဒေါ်လာ သန်း ၁သောင်း သုံးမယ်

COP 26 ညီလာခံကို တက်ရောက်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ်သစ် ကီရှီဒါက လာမယ့် ၅နှစ်အတွင်းမှာ အာရှတိုက် ကာဗွန်လျှော့ချရေး အစီအစဉ်အတွက် ကန်ဒေါ်လာ သန်းပေါင်း ၁ သောင်း ကို အသုံးပြု မယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။

ညီလာခံမှာ ကီရှီဒါက ဂျပန်နိုင်င့အနေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို ၂၀၁၃ ခုနှစ်ကို အခြေခံနှစ်အဖြစ်ထားပြီး လျှော့ချမှုတွေကိုစလုပ်မယ်လို့ ဆိုပါတယ် ။ ဒါ့အပြင် ၂၀၃၀ မှာ ဂျပန်နိုင်ငံကနေ ထုတ်လွှင့်မယ့် ဖန်လုံအိမ်ဓာတ်ငွေ့ကို တစ်ဝက်လျှော့ပေးနိုင်အောင်လို့ လုပ်ပေးပါမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။ ၂၀၅၀ မှာတော့ ကာဗွန်သုည အဆင့်ဖြစ်အောင် လုပ်ပေးပါမယ်လည်း ဆိုပါတယ်။

သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်တွင်း ပုဂ္ဂလိဂ္ဂ နဲ့ ပြည်သူ့ပိုင် တီထွင်မှုတွေ ၊ သုတေသနတွေ နဲ့ အခြားလုပ်ငန်းတွေအတွက် ကန်ဒေါ်လာ သန်း ၆ သောင်းသုံးစွဲမှာဖြစ်ပြီး ၂၀၂၁ ကနေစတင်ပြီး သူတို့က အာရှဒေသအတွင်း သဘာဝပတ်ဝန်းကျင် သိမ်းသိမ်းရေးလုပ်ငန်းတွေအတွက် ကန်ဒေါ်လာ သန်း ၇သောင်း သုံး မှာဖြစ်ပါတယ်။

တကယ်တမ်းတော့ ဂျပန်က အဆင့်မြင့်နည်းပညာသုံး တီထွင်မှုတွေနဲ့ လုပ်ငန်းတွေကိုပဲ စိတ်ဝင်စားတာပါ။ သူတို့ က ပြန်သုံးလို့ရမယ့် စွမ်းအင်တွေ နဲ့ ရုပ်ကြွင်းလောင်စာ အစားထိုး ဟိုက်ဒရိုဂျင် ၊ အမိုးနီယား သုံး လျှပ်စစ်ထုတ်မယ့် ဂျင်နရေတာတွေကို ထုတ်လုပ်ဖို့ အားသန်နေတာပဲ ဖြစ်ပါတယ်။ သူတို့ က နည်းပညာသုံး စွမ်းအင်ထုတ်လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံပြီး ဈေးကွက်ကို အပိုင်လိုချင်တာပဲဖြစ်ပါတယ်။

မောင်ယဿ ( နိုဝင်ဘာ ၁၇ )

REF: greencitizen

Photo : ani

About The Author

greenness_mm

No Comments

Leave a Reply