အိန္ဒိယသမုဒ္ဒရာထဲက Madagascar ကျွန်းအတွက် နောက်ထပ်သတင်းဆိုးတစ်ခု

အိန္ဒိယသမုဒ္ဒရာထဲက Madagascar ကျွန်းအတွက် နောက်ထပ်သတင်းဆိုးတစ်ခု

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Emnati သည် အင်္ဂါနေ့ညနေပိုင်းတွင် အားကောင်းသော အမျိုးအစား (၃) သို့မဟုတ် အမျိုးအစား (၄) အဖြစ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းရသည်။
WMO ၏ ဒေသတွင်း အပူပိုင်းဆိုင်ကလုန်းဗဟိုဌာန La Runion က ၎အား အန္တရာယ်ရှိသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် သတ်မှတ်ပြီး ကုန်းတွင်းပိုင်းဒေသအတွက် အလွန်ဆိုးရွားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်ဟု သတိပေးထားသည်။
Emnati သည် ဖေဖော်ဝါရီ ၅ ရက်တွင် ပျက်စီးဆုံးရှုံးမှုနှင့် အသက်ဆုံးရှုံးစေသည့် Batsirai ၏ ပြင်းထန်မှုနှင့် လမ်းကြောင်းဆင်တူသည်ဟု ခန့်မှန်းရကာ
၎င်းသည် ယခုနှစ််အတွင်း ဇန္နဝါရီ ၂၂ ရက်တွင် Ana နှင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် Dumako အပါအဝင် Madagascar အတွက် (၄)ကြိမ်မြောက် ဝင်ရောက်လာသည့် မုန်တိုင်းဖြစ်သည်။
Credit-Meteo-Madagascar,World Meteorological Organization

About The Author

greenness_mm

No Comments

Leave a Reply