အိန္ဒိယသမုဒ္ဒရာ အနောက်ပိုင်းမှာ ၂၄ နှစ်အတွင်း ဒီရေတော ၄ ရာခိုင်နှုန်း ဆုံးရှုံး ခဲ့ ဟုဆို

အိန္ဒိယသမုဒ္ဒရာ အနောက်ပိုင်းမှာ ၂၄ နှစ်အတွင်း ဒီရေတော ၄ ရာခိုင်နှုန်း ဆုံးရှုံး ခဲ့ ဟုဆို

               အနောက်အိန္ဒိယသမုဒ္ဒရာ (WIO) ဒေသမှာ ၁၉၉၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ၎င်း၏ ဒီရေတော ၄ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားကြောင်း အစီရင်ခံစာအသစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ ဒီရေတောရဲ့ ၅% ကို ပိုင် ဆိုင်ထားတဲ့ အိန္ဒိယသမုဒ္ဒရာ အနောက်ပိုင်း နိုင်ငံတွေဖြစ်တဲ့ ကင်ညာ ၊ တန်ဇန်နီးယား ၊ မာဒါကတ်စကာ နဲ့ မိုဇမ်ဘစ် နိုင်ငံတွေရဲ့ ဒီရေတောတွေက ပြုန်းတီးမှု ဆက်လက်ဖြစ်ပွားနေတယ်လို့ အဲ့ဒိ အစီရင်ခံစာက ဆိုပါတယ်။ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမဂ္ဂ ( IUCN) နဲ့ ကမ္ဘာ့တောရိုင်းထိန်းသိမ်းရေး ရန်ပုံငွေ ( WWF) တို့ ပူးပေါင်းပြုလုပ်တဲ့ ဂြိုဟ်တု စစ်တမ်းတစ်ရပ်အရ အဲ့ဒိအချက်အလက်ကို သိခဲ့ရတာဖြစ်ပါတယ်။ ဒေသခံတွေက ဒီရေတောတွေကနေ သစ်တွေ ထုတ်ယူတာရယ် ၊ စိုက်ပျိုးမြေ အတွက် တောရှင်းတာရယ်တွေ ကြောင့် ဒီရေတောတွေပြုန်းတီးကုန်တာပါ။ အကျိုးဆက်ကတော့ မုန်တိုင်းနဲ့ ရေလွှမ်းမိုးမှုကို ဖိတ်ခေါ်နေတာပဲ ဖြစ်ပါတယ်။
              ဒီရေတောတွေက ကမ်းခြေနေလူမှု အဖွဲ့အစည်းကို အများကြီး အကျိုးဖြစ်ထွန်းစေပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ ဒီရေတော စောင့်ကြည့်ရေး အဖွဲ့ ( GMW) က ဒီရေတောတွေကို ဂြိုဟ်တုကနေ ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားပါတယ်။ အဲ့ဒိအဖွဲ့ ကို ၂၀၂၀ မှာ စတင်တည်ထောင်ခဲ့ပါတယ်။ အဲ့ဒိ ထုတ်ပြန်ချက် က ပထမဦးဆုံး လည်းဖြစ်ပါတယ်။ သူတို့တွေက ဂြိုလ်တုဓာတ်ပုံမှတ်တမ်းတွေကို စစ်ဆေးရာမှာ ၁၉၉၆ ကနေ ၂၀၂၀ အထိ ၂၄ နှစ်အတွင်း မှာ ဒီရေတော ဟတ်တာ ၃သောင်းကျော် ပျောက်ဆုံးသွားတယ်ဆိုကို တွေ့ခဲ့ရပါတယ်။ အဲ့ဒိထဲမှာ မိုဇမ်ဘစ်နိုင်ငံက ဒီရေတောလျှော့ပါးမှုကို ၂၀၀၇ နောက်ပိုင်း မှာ နည်းလာတာကို တွေ့ရပါတယ်။ ဒီရေတောတွေက အပူပိုင်း မိုးရေခံသစ်တောတွေထက် ကာဗွန် စုပ်ယူမှု ၅ဆ ပိုတဲ့အတွက်ကြောင့် ဂရုပြု ထိန်းသိမ်းသင့်တဲ့ တောတွေဖြစ်ပါတယ်။ ဒါ့အပြင် အစိုဓာတ်ထိန်းသိမ်းနိုင်စွမ်း ၊ ရေဝပ်မြေ ဂေဟစနစ် ၊ အော်ဂဲနစ်ပြိုကွဲမှု နှေးကွေစေခြင်း ၊ ရေနေ သက်ရှိတွေရဲ့ အစကွင်းဆက် နဲ့ သူတို့ရဲ့ အမြစ်တွေက ရေထဲက အမှိုက်တွေကို စစ်ထားပေးခြင်းတွေ ကို ကောင်းကောင်း လုပ်ပေးနိုင်ပါတယ်။
             ကာဗွန်သိုလှောင်မှု အမြင့်ဆုံး အပင်တွေလည်းဖြစ်ပါတယ်။ အနောက်အိန္ဒိယသမုဒ္ဒရာက ဒီရေတောတွေက ရေနံစည် သန်း ၂ထောင် လောက် လောင်ကျွမ်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် သန်း ၈၅၀လောက်ကို စုတ်ယူထားနိုင်စွမ်းနဲ့ ညီမျှတယ်လို့ GMW ရဲ့ စစ်တမ်းအရ သိရပါတယ်။ အခုဆုံးရှုံးသွားတဲ့ ဒီရေတော ဟတ်တာ ၃သောင်းကျော်က ကာဗွန် တန်ချိန် သုံးသိန်းလောက်ကို စုပ်ယူခွင့် မရတော့ဘူးဖြစ်သွားပါတယ်။
 မောင်ယဿ
REF: mongabay
Enter

Mg

Open photo

About The Author

greenness_mm

No Comments

Leave a Reply