အိမ်သာသုံးတဲ့ ရေတစ်ဝက်လောက်နဲ့ ကိုယ့်အိမ်ကို တစ်နေကုန် မီးပေးလို့ ရနေပါပြီ

အိမ်သာသုံးတဲ့ ရေတစ်ဝက်လောက်နဲ့ ကိုယ့်အိမ်ကို တစ်နေကုန် မီးပေးလို့ ရနေပါပြီ

ဂျာမဏီအခြေစိုက် အီနပ်တာ ( Enapter ) ဆိုတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓာတ်အားပေးစက်တွေကို တီထွင်ဖို့ ကြိုးစားခဲ့တဲ့ သူက ပစ္စိဖိတ်တောင်ပိုင်းက ကျွန်းလေးတစ်ခုမှာ မွေးဖွားခဲ့တဲ့ ဗိုက်တီယာကိုဝမ် ဆိုတဲ့ အမျိုးသမီးတစ်ဦးပါ။ သူမက ဘေးဖြစ်စေတတ်တဲ့ ဓာတ်ငွေ့တွေကို ထုတ်လုပ်တဲ့ ( ဓာတ်ဆီ ၊ ဒီဇယ် ၊ကျောက်မီးသွေး တို့လို ) ရုပ်ကြွင်းလောင်စာသုံး ဓာတ်အားပေး စက်တွေနေရာမှာ အစားထိုးဖို့ သက်ရှိတွေကို ဘေးမဖြစ်စေတတ်တဲ့ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်တွေကို ထုတ်လုပ် နေတာပါ။ ပြီးခဲ့တဲ့ လက ဗြိတိန်နန်းမွေခံမင်းသား ဝီလျှံ က သူမရဲ့ လုပ်ငန်းအတွက် Earthshot ဆု ကို “ၤFix our planet” အစီအစဉ် နဲ့ ဒေါ်လာသန်းချီ ချီးမြှင့် ခဲ့ပါတယ်။

“ ဒီဇယ်ဂျင်နရေတာတွေကနေ ထွက်တဲ့ အငွေ့တွေကို ကျမက သိပ်မုန်းတယ်။ အဲ့ဒိဂျင်နရေတာတွေနေရာမှာ အစားထိုးလို့ ရမယ်နည်းလမ်းတွေကို အမြဲစဉ်းစားခဲ့ပါတယ်။ အခု ကျမနေတဲ့ နယူးကယ်လီဒိုနီးယားနယ် တစ်ခုလုံးမှာ ဒီဇယ်ဂျင်နရေတာတွေ အကုန်လုံး ကို ဖယ်ရှားပြီး ဟိုက်ဒရိုဂျင် ဂျင်နရေတာတွေကို အစားထိုးပေးနိုင်ခဲ့ပါပြီ” လို့ သူမက ဆိုပါတယ်။ ရေကိုလျှပ်စစ်နဲ့ ဖြိုခွဲ လိုက်ရင် ထွက်လာတဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ရဲ့ တွန်းကန်အားကို သုံးပြီး ဂျင်နရေတာကနေ လျှပ်စစ်ထုတ်တဲ့ နည်းပါ။ “ ကျမတို့ က အဲ့လို ဂျင်နရေတာတွေကို ထုတ်တဲ့ အခါမှာ ဒီဇယ်အင်ဂျင်တွေထက် ဈေးပိုချို ပြီး ရေရှည်ခံတဲ့ စက်တွေကို လုပ်နေတာပါ” လို့ ဆိုပါတယ်။

ဂျာမဏီ အခြေစိုက် အီနပ်တာက ဟိုက်ဒရိုဂျင် ဂျင်နရေတာတွေကို နိုင်ငံ၃၃နိုင်ငံအတွက် စီမံကိန်း ၁၀၀ကျော် လုပ်နေပါတယ်။ ဖရီးဟိုက်ဒရိုဂျင်အားကို သုံးထားတဲ့ ဂျင်နရေတာတွေက ဒီဇယ်ဂျင်နရေတာတွေနေရာမှာ အစားထိုးလိုက်နိုင်ပြီး ဆိုရင် ဖန်လုံအိမ်ဓာတ်ငွေ့ တွေထွက်ရှိမှုကိုလျှော့ချနိုင်ပြီး ဂေဟစနစ်ကို အထောက်အကူ ပြုနိုင်မှာပါ။ သူတို့နဲ့ တွဲပြီး AEM ကားကုမ္ပဏီ က ဟိုက်ဒရိုဂျင် ဂျင်နရေတာတွေနဲ့ မောင်းလို့ရမယ့် ကားတွေ လေယာဉ်ပျံတွေ ၊ စက်ရုံတွေ နဲ့ အိမ်သုံး တွေကို လုပ်ဖို့ ညှိနှိုင်းနေပါတယ်။

မောင်ယဿ

REF: euronews

Photo : euronews

#Greenness

About The Author

greenness_mm

No Comments

Leave a Reply