အောင်မြင်သွားအိန္ဒိယမှာတဲ့ ကန္တာရတော်လှန်ရေ

အောင်မြင်သွားအိန္ဒိယမှာတဲ့ ကန္တာရတော်လှန်ရေ

               ကျနော်တို့ ဒီကိုရောက်တဲ့အချိန်မှာ မြေကြီးက အုတ်ခဲတွေအလား အောင့်မေ့ရတယ် ။ မာတောင်နေတာပဲ ။ ကျနော်တို့ရဲ့ ၇နှဈတာကွိုးစားအားထုတျမှုမှာ မြေကြီးက ရေမြုပ်လိုပျော့ပျောင်းသွားပါပြီ ။ ဘာအပင်မဆို စိုက်လို့ ရနေပါပြီ ရာမီးရှက် ဟာနူမီရာ ( ကန္တရတော်လှန်ရေး လယ်သမား )
ရာမီးရှက် ဟာနူမီရာက နီညိုရောင်ရှိတဲ့ မြေကြီးကို တစ်တောင်လောက်တူးလိုက်တယ် ။ ပြီးတော့ မြေကြီးထဲမှာ တီကောင်တွေ ပိုးကောင်တွေ လုံးထွေးနေတဲ့ မြေကို အနံ့ခံကြည့်တယ် ။ စစ်ဆေးတယ် ။ ပြီးမှ သဘောကျစွာပြုံး လိုက်ပါတယ် ။
အိန္ဒိယ နိုင်ငံတောင်ပိုင်းက အန်ဒဟာရာပြည်နယ် က ခရိုင်တစ်ခုဖြစ်တဲ့ အာနန်တပူရ က ကျက်တီးကုန်း တစ်ခုဖြစ်ခဲ့တာပါ ။ ဘာအပင်မှ ကောင်းကောင်း မပေါက်နိုင်အောင် ကန္တရ တစ်ခုဖြစ်နေခဲ့ပါတယ် ။
             ဒီမြေက အုတ်ခဲလို မာကျောတယ်။ အခုတော့ ရေမြှုပ် တစ်ခုလိုပါပဲ။ မြေဆီလွှာဟာ အချိန်မီ စိုက်ပျိုးဖို့ လိုအပ် တဲ့ အာဟာရဓာတ်တွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုတဲ့ အာဟာရတွေ ကြွယ်ဝနေပါပြီ လို့ အသက် ၃၇ နှစ်အရွယ် ရာမီရှက် က ဆိုပါတယ် ။ ထောင်ပေါင်းများစွာသော လယ်သမားများက ရာမီရှက် လိုပဲ ပြန်လည် ရှင်သန် ထမြောက်သော စိုက်ပျိုးရေး အလေ့အကျင့်များကို ကျင့်သုံးခဲ့ကြပါတယ် ။
သဘာဝမြေဩဇာကို အသုံးပြု၍ သစ်ပင်များနှင့် အခြားအပင်များနှင့်အတူ သီးနှံများ စိုက်ပျိုးခြင်းကဲ့သို့သော နည်းစနစ်များသည် သဲကန္တာရဖြစ်ခြင်းကို တိုက်ဖျက်ရာတွင် အောင်မြင်ခဲ့ပြီး တစ်ချိန်က မြေသြဇာကောင်းသော မြေသည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်စဉ်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
                  ရာသီဥတု ဖောက်ပြန်မှုက အပူချိန် မြင့်တက်လာပြီး မိုးရွာသွန်းမှု မမှန်ခြင်းကြောင့် စိုက်ပျိုးနိုင်သော မြေများ ဆုံးရှုံးမှုကို ပိုမိုဆိုးရွားစေလာပါတယ်။ ကုသမဂ္ဂရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ကမာ်ဘစိုကျပြိုးမွေ ၄၀ ရာခိုင်နှုန်းက ရာသီဥတုဖောက်ပြန်မှုကြောင့် မြေဆီအရည်အသွေးကျဆင်းနေပြီလို့ ဆိုထားပါတယ် ။ အမေရိကန်ပြည်ထောင်စု ၏ အရွယ်အစားထက် နှစ်ဆကျော် ကျယ်ဝန်းသော မြေဟက်တာ ၁.၉ ဘီလီယံခန့်ပမာဏလောက် ရှိပါတယ် ။ ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်း ၁.၅ ဘီလီယံခန့်သည် သဲကန္တာရကြောင့် တစ်နည်းတစ်ဖုံ ထိခိုက်ခံစားနေကြရတယ်လို့ လည်း ဆိုထားပါတယ် ။
               “အမြဲတမ်းခြောက်သွေ့တဲ့ဒေသဖြစ်ခဲ့ပေမဲ့ အခုတော့ မိုးမှန်မှန် ရွာလာလို့ လူတွေက လယ်ယာလုပ်ငန်းကို ပုံမှန် လုပ်လာပါပြီ”လို့ ဒေသတွင်း သဘာဝစိုက်ပျိုးရေးအလေ့အကျင့်ကို အားပေးသည့် အကျိုးအမြတ်မယူသော လုပ်ငန်းကို လုပ်ကိုင်သည့် အသက် ၆၉ နှစ်အရွယ် မော်လာရက်ဒီကဆိုပါတယ် ။ ဒါပေမဲ့ ကမ္ဘာ့ ရာသီ စည်းချက်က ပျက်သွားတော့ အခုဖြစ်ပျက်နေတာက ရာသီမရွေး မိုးရွာနိုင်တယ်၊ ဒါကို လယ်သမားတွေက ကြိုတင်ခန့်မှန်းလို့ မရတဲ့အပြင် သီးနှံတွေ အကြိမ်များစွာ ဆုံးရှုံးရတယ် လို့ ဆိုပါတယ် ။
ရက်ဒီ ရဲ့အကျိုးအမြတ်မယူသောအဖွဲ့က ခရိုင်အတွင်းရှိ မြေဧက ၃သိန်း တွင် တောင်သူ ၆သောင်း ကျော်နှင့် လက်တွဲပြီး ဒေသတစ်ခုလုံးတွင် ဖြစ်ထွန်းမှုမရှိသော လယ်မြေများ ပြန်လည်ရရှိရန် လယ်သမားတစ်ဦးချင်းစီကို ပံ့ပိုးပေးခဲ့ပါတယ်။ Accion Fraterna Ecology Centre ၏ ဒါရိုက်တာ ရက်ဒီ နှင့် သူ့ရဲ့ အဖွဲ့က လယ်သမားများ အနေနဲ့ မြေယာမပျက်စီးစေရန် သဘာဝစိုက်ပျိုးရေးနှင့် တောညပ်စိုက်ပျိုးရေး နည်းလမ်းများကို ပံ့ပိုးပေးပါတယ် ။ သဘာဝစိုက်ပျိုးရေးမှာ နွားချေး၊ နွားကျင်ငယ်နှင့် ထန်းလျှက် တို့ကို ဓာတုဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး အားလုံးကို အစားထိုး၍ မြေဆီလွှာအာဟာရပမာဏကို မြှင့်တင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ တောညပ် စိုက်ပျိုးရေး လုပ်ငန်းမှာတော့ စိုက်ပျိုးသီးနှံများနှင့်အတူ နှစ်ရှည်ပင်များ၊ သစ်ပင်များ၊ ချုံပုတ်များနှင့် ထန်းပင်များ စိုက်ပျိုးခြင်း ပါဝင်ပါတယ် ။

           ဓာတ်မြေသြဇာတွေ မှိုသတ်ဆေး ၊ ပေါင်း သတ်မဆေးတွေကို ရွာစဉ်လှည့်ပြီး လော်စပီကာ နဲ့ အော်ဟစ်ရောင်းချနေတဲ့ ပွဲစားတွေကတော့ သူတို့တွေဖက်ကို မလှည့်တော့ပါဘူး ။ လတ်တလောမှာတော့ အနန်တပူရ ကို ကန္တရဖြစ်ခြင်းဘေးမှ ကာကွယ်နိုင်ခဲ့ပေမဲ့ ကမ္ဘာ့ရာသီ ဖောက်ပြန်မှုကို ကာကွယ်နိုင်ဖို့အတွက်ကတော့ ရန်ပုံငွေတွေ လိုဦးမယ်လို့ ရက်ဒီက ဆိုပါတယ် ။
မောင်ယဿ..ဘာသာပြန်သည်၊
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply