ဥရောပက မြို့ကြီးတွေမှာ မော်တော်ကားကင်းမဲ့ဇုံဖန်တီးဖို့ကြိုးစားနေ

ဥရောပက မြို့ကြီးတွေမှာ မော်တော်ကားကင်းမဲ့ဇုံဖန်တီးဖို့ကြိုးစားနေ

ပြင်သစ်နိုင်ငံပါရီမြို့ က လစဉ်လတိုင်း ရဲ့ပထမ တနင်္ဂနွေနေ့ ကို ကားကင်းစင်နေ့ အဖြစ် သက်မှတ်ပြီး အဲ့ဒိနေ့ မနက် ၈ နာရီကနေ ည ၈ နာရီအထိ သက်မှတ်နေရာတွေကို ကားတွေဝင်ရောက်မောင်းနှင်ခြင်း မလုပ်ခဲ့ပါဘူး ။ ဥရောပက မြို့ကြီးတော်တော်များ များ မှာ အဲ့ဒိအလေ့အထကို ပုံတူပွားဖို့ အတွက် ကြိုး စားနေကြပါပြီ ။

အစိမ်းရောင်မြို့တွေကို ဖန်တီးနိုင်ဖို့အတွက် သစ်ပင်တွေ စိုက်ရုံတင်မကပါဘူး ။ မြို့တွင်းသယ်ယူပို့ဆောင်ရေး အတွက် အသုံးပြုနေတဲ့ ရုပ်ကြွင်းလောင်စာသုံး ယာဉ်တွေရဲ့ အသွားအလာကိုလည်း ခြုံ့ဖို့ လိုပါတယ်။ အဲ့ဒိအတွက် ပါရီက မော်တော်ကား ကင်းမဲ့ဇုံတွေ၊ မော်တော်ကားမစီးရေးနေ့ တွေကို သက်မှတ်ပြီး လှုတ်ရှားမှုတွေ ကို စတင်ခဲ့ပါတယ်။ ကိုဗစ်ကူးစက်မှုကြောင့် ရောဂါပြန့်နှံ့မှု နည်းအောင် နဲ့ လေထုညစ်ညမ်းမှုလျှော့ချနိုင်အောင်အတွက် ရိုးရိုး စက်ဘီး ၊ လျှပ်စစ်စက်ဘီးတွေ နဲ့ စကူတာတွေ ကို အားကိုးပြီး ခရီးသွားလာမှုတွေကို လုပ်ခဲ့ကြပါတယ်။ အစိမ်းရောင်မြို့ဖြစ်ဖို့အတွက် လက်ရှိမြို့တွေရဲ့ ကားလမ်းတွေကိုပြန်ပြီး ဒီဇိုင်းချကြပါတယ်။ လူသွားလမ်းတွေ ၊ စက်ဘီးလမ်းတွေကို တိုးချဲ့ပြီး ကားလမ်းတွေကို ချုံ့ ပစ်လိုက်ကြပါတယ်။

နော်ဝေနိုင်ငံက အော်စလိုမြို့မှာဆိုရင် လမ်းဘေးမှာ ထိုင်နားဖို့ ခုံတန်းလျားတွေ တိုးချဲ့တယ်။ နောက်ပြီး ပန်ခြံအသေးစားလေးတွေကို ပိုမိုထားရှိပေးပါတယ်။ လူသွားလမ်းပလက်ဖောင်းနဲ့ စက်ဘီးလမ်းကိုချဲ့လိုက်ပါတယ်။ စီးပွားရေးသမားတွေက ကုန်သွယ်မှုထိခိုက်မှာ စိုးရိမ်နေတဲ့အချိန်မှာ လမ်းလျှောက်ပြီး သွားတဲ့ လူဦးရေက ၁၀ % တိုးလာပါတယ်။ ယူကေက ကွန်ဗန်ထရီ မြို့တော်ဝန်ဆိုရင် စက်ဘီးနဲ့ ရုံးတက် ရုံးဆင်း လုပ်နေပါတယ်။ သူက ကားပါကင်နေရာတွေကို ဖယ်ရှားပစ်ပြီး အဲ့ဒိနေရာတွေမှာ ပန်းခြံ အငယ်စားလေးတွေကို လုပ်နေပါတယ်။ မြို့ရဲ့နေရာလွတ်ကလေးတွေမှာ အပင်အိုးတွေနဲ့ နေရာဖြည့်လိုက်ပါတယ်။ ဥရောပမြို့ကြီးတွေ က အစိမ်းရောင်မြို့အဖြစ်ပြောင်းလဲချင်နေကြတဲ့ အာသီသတွေ ကြီးကြပါတယ်။ အဲ့ဒိက မြို့တော်ဝန်တွေကလည်း အစိမ်းရောင်မြို့ အဖြစ်ပြောင်းမယ်ဆိုတဲ့ စီမ့ကိန်းတွေဆိုရင် ပိုက်ဆံဘယ်လောက်ကုန်ကုန်သုံးချင်နေကြပါတယ်။ မြို့ပြ ဖွဲ့စည်းမှု အစီအစဉ် ၊ စက်ဘီး တီထွင်မှု နဲ့ လမ်းဖွဲ့စည်းမှုတွေကို ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းမျိုး ဆိုရင် သူတို့ ကို ၂ခါပြောစရာတောင်မလိုအောင်ကို စိတ်ဝင်စားကြပါတယ်။

 

မောင်ယဿ

REF: euro news

Photo ; Euronewws

About The Author

greenness_mm

No Comments

Leave a Reply