ဥရောပမှာ လယ်သမားတွေ ဆန္ဒပြနေရာကနေ အကြမ်းဖက်ကုန်ပြီ

ဥရောပမှာ လယ်သမားတွေ ဆန္ဒပြနေရာကနေ အကြမ်းဖက်ကုန်ပြီ

မြေအောက်ရထားဘူတာရုံတစ်ခုသို့ ဝင်ရောက်ရာလမ်းကို မီးတင်ရှို့ထားသောကြောင့် အကြမ်းဖက်မှုများကို တားဆီးရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနှင့် မီးသတ်ပိုက်များကို အသုံးပြုခဲ့ကြပါတယ် )
အီးယူ ( ဥရောပသမဂ္ဂ) ရဲ့ လယ်ယာစိုက်ပျိုးရေ ဆိုင်ရာပေါ်လစီနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတဲ့ ဥရောပနိုင်ငံတလွှားက လယ်သမားတွေက ဆန္ဒပြမှုတွေ ပြုလုပ်နေရာက အခုဆိုရင် အကြမ်းဖက်တဲ့အထိ တိုးလာပြီ ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးမူဝါဒမှာ နိုင်ငံရေးကို အတင်းစွတ်ဖက်မှု ပြုလုပ်တဲ့ အတွက်ကြောင့် အခုလို ဆန္ဒပြမှုတွေ ဖြစ်လာတာပါ ။ အကြောင်းအရင်းက ရုရှားနိုင်ငံကို ဆန်ကျင်ဖက်ပြုချင်တာနဲ့ ယူကရိန်းက ဈေးပေါတဲ့ဂျုံတွေကို တင်းသွင်းတာရယ် ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကိစ္စတွေမှာ အစိုးရတွေက မလှုတ်မရှုတ် မပြုတ် ပုံစံမျိုးနေနေတာတွေရယ်ကြောင့်ပဲ ဖြစ်ပါတယ်။
လယ်သမားတွေရဲ့ဆန္ဒပြမှုကက ဥရောပမြောက်ပိုင်းဖင်လန်နိုင်ငံကနေ တောင်ပိုင်ဂရိနိုင်ငံအထိ ၊ အရှေ့ပိုင်း ပိုလန်ကနေ အနောက်ပိုင်း အိုင်ယာလန်အထိ နိုင်ငံအားလုံးနီးပါးမှာ လယ်သမားတွေ ဆန္ဒပြနေကြပါတယ် ။ လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းကို ချေမှုန်းဖို့ဆိုပြီး အီးယူ စိုက်ပျိုးရေးဝန်ကြီးများ တွေ့ဆုံစဉ် ဘရပ်ဆဲလ်က လယ်သမားတွေက ဆန္ဒပြရုံတင်မကတော့ဘဲ အကြမ်းဖက်မှုတွေကိုပါ လုပ်လာပါတယ်။
လယ်သမားများက မုံလာဥနီတွေနဲ့ ပစ်တာမျိုး ၊ ရဲတွေကို နွားချေးတွေနဲ့ ပတ်တာမျိုး ၊ ဥရောပသမဂ္ဂ ဌာနချုပ်အနီးမှာ မြက်ခြောက်တွေကို မီးရှို့တာမျိုးတွေကို လုပ်လာပါပြီ ။ အကြမ်းဖက်မှုများကို တားဆီးရန် ရဲများက မျက်ရည်ယိုဗုံးများနှင့် မီးသတ်ပိုက်များ အသုံးပြုခဲ့ပါတယ် ။
လယ်သမားများသည် မြေအောက်ရထားဘူတာရုံတစ်ခုသို့ ဝင်ရောက်ရာလမ်းကို မီးရှို့ခဲ့ပြီး လုံခြုံရေးဝန်ထမ်း များအား မိုလိုတော့နဲ့ ပစ်ပေါက်မှုကြောင့် လူတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ လယ်ထွန်စက် ဒါဇင်ပေါင်း များစွာနဲ့လည်း လမ်းမတွေပေါ်မှာ ပိတ်ဆို့မှုတွေလုပ်လာကြပါတယ် ။ဖေဖော်ဝါရီလအတွင်းက ဆန္ဒပြမှုတွေက အနည်းငယ်ပဲ ရှိခဲ့ပါတယ် ။ အခုတော့ ဘယ်လိုမှထိန်းမရအောင်ကိုဘဲ လယ်သမားတွေရဲ့ ဆန္ဒပြမှုက တိုးလာနေပါတယ် ။ “ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှု၊ မီးရှို့မှုနှင့် ဖျက်ဆီးမှုများကို လက်မခံနိုင်ဘူး” လို့ ပြည်ထဲရေးဝန်ကြီး Annelies Verlinden က အပြစ်ရှိကြောင်း ပြောကြားပြီး အပြစ်ရှိသူများကို တရားစွဲမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ် ။
အီးယူမှာ အစိုးရတွေက စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်လာရင် ကြိုးနီစနစ်တွေ များတာရယ် ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေမှာ တရားမျှတမှုမရှိတာရယ် ၊ ပိုးသတ်ဆေးဆိုင်ရာစည်းမျဉ်းတွေ ကိုင်တွယ်ရာမှာ လျော့ရဲမှုရှိနေတာရယ်၊ အစုအဖွဲ့ပိုင်တွေအပေါ်ကို ဘက်လိုက်မှုများတာရယ် ၊ အဲ့ ဒိအချက်တွေကြောင့် လယ်သမားတွေက အစိုးရတွေကို မကျေမနပ်ဖြစ်ပြီး ဆန္ဒပြနေကြတာပါ ။
လယ်သမားတွေနဲ့ ပူးပေါင်းလာတဲ့ ရာသီဥတုဆိုင်ရာလှုံ့ဆော်ရေးအဖွဲ့တွေကလည်း ၂၀၅၀ မှာ ဥရောပတိုက်က ရာသီဥတုဆိုင်ရာ ဘက်မလိုက်တိုက်ကြီး တစ်ခုဖြစ်ပေါ်လာဖို့အတွက် တောင်းဆိုမှုတွေကို လုပ်လာကြပါတယ်။
မောင်ယဿ
ကိုးကား ။ ။ ယူရိုနယူးစ်

About The Author

greenness_mm

No Comments

Leave a Reply