၁ ရက်ထဲမှာ ငလျင် အကြိမ်တစ်ထောင်ကျော် လှုပ်သွားလို့ အိုက်စလန် ရေပြာအိုင်ကို ပိတ်ထားရ

၁ ရက်ထဲမှာ ငလျင် အကြိမ်တစ်ထောင်ကျော် လှုပ်သွားလို့ အိုက်စလန် ရေပြာအိုင်ကို ပိတ်ထားရ

အိုက်စလန်ရဲ့အထင်ရှားဆုံး ခရီးသွားလုပ်ငန်းဆွဲဆောင်မှု နေရာတစ်ခုဖြစ်တဲ့ Reykjanes ကျွန်းဆွယ်မှာရှိတဲ့ ရေပြာအိုင်ရေပူစမ်းရဲ့ အနီးပတ်ဝန်းကျင်တစ်ခုလုံး ၂၄ နာရီအတွင် ငလျင်အကြိမ်ရေ ၁၄၀၀ ခန့်လှုတ်ခတ်ခဲ့ ပါတယ်။ လာရောက်လည်ပတ်တဲ့ ခရီးသည်များ ကြောက်လန့်တကြား ထွက်ပြေးကုန်တဲ့အတွက်ကြောင့်နဲ့ မီးတောင်ပေါက်ကွဲနိုင်မှု အန္တရာယ် ရှိတဲ့အတွက်ကြောင့် အဲ့ဒိအပန်းဖြေစခန်းကို ပိတ်ထားလိုက်ပါတယ်။
Reykjavíkကျွန်းဆွယ်၏ အနောက်တောင်ဘက်ရှိ ဘူမိအပူရေပူစမ်း Blue Lagoon သည် ညသန်းခေါင်ကျော်တွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် တစ်ညတာအတွင်း တက္ကစီများဖြင့် ဟိုတယ်နှစ်လုံးရှိသည့် အပန်းဖြေစခန်းမှ ဧည့်သည်ဒါဇင်ပေါင်းများစွာ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြ တယ်လို့ သိရပါတယ်။ Icelandic သတင်းဝဘ်ဆိုဒ် Víkurfréttir က ဧည့်သည် ၄၀ ခန့် ညတွင်းချင်း ထွက်ခွာသွား ကြောင်း ဖော်ပြခဲ့ပြီး ဟိုတယ် ဧည့်ခန်းတွေနဲ့ လမ်းတွေပေါ်မှာ ကျောက်တုံးများ ပြုတ်ကျခဲ့ကြောင်း သိရပါတယ်။
“Blue Lagoon သည် လာမည့်ရက်များအတွင်း ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ် စောင့်ကြည့်ပြီး အခြေအနေကို လိုက်လျောညီထွေ ပြန်လည်အကဲဖြတ်မယ် ” လို့ သက်ဆိုင်ရာက ထုတ်ပြန်ပါ တယ်။
Reykjanes ကျွန်းဆွယ်သည် အောက်တိုဘာလ ၂၅ ရက်နေ့ကတည်း ငလျင်လှုတ်ရှား တစ်ခုဖြစ်ပွားခဲ့ပါတယ် ။ ဒါပေမဲ့ မသေချာမရေရာတဲ့အဆင့်အဖြစ်နဲ့ ရှိပါသေးတယ်ဆိုပြီး အိုက်စလန် အရပ်ဘက်ကာကွယ် စောင့်ရှောက် ရေး အေဂျင်စီမှ ထုတ်ပြန်ခဲ့ပါတယ်။ အောက်တိုဘာ ၂၅ ရက်မှစပြီး အိုက်စလန်အနောက် တောင်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကို တိုင်းတာခဲ့ရာတွင် ငလျင်ပေါင်း ၂၂,၀၀၀ ခန့်လှုတ်ခဲ့တယ်လို့ သိရပါတယ်။
ကြာသပတေးနေ့တွင်၊ အိုက်စလန်မိုးလေဝသဌာနက ညသန်းခေါင်မှစတင်၍ ငလျင်လှုပ်ခတ်မှု ၈၀၀ ခန့်ကို မှတ်တမ်းတင်ခဲ့ပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း ၁၄၀၀ ခန့်တွင် ငလျင်ဆက်လက်လှုပ်ခတ်နိုင်မည်ဟု ခန့်မှန်းထားသော်လည်း မီးတောင်ပေါက်ကွဲသည့် အရိပ်အယောင်များမရှိကြောင်း သိရပါတယ်။
ယခုရက်သတ္တပတ်အစောပိုင်းတွင် မြို့ပြကာကွယ်ရေးနှင့် အရေးပေါ်စီမံခန့်ခွဲရေးဌာနသည် မီးတောင်ပေါက်ကွဲမှု သို့မဟုတ် မြေငလျင်လှုပ်ခတ်မှုကြောင့် မြို့ပြင်ထွက်ပြေးရာလမ်းများအပါအဝင် Blue Lagoon မှ ထွက်လာသော ကားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ညတွင် အကြီးဆုံးဖြစ်ရပ်မှာ Þorbjörn တောင်၏အနောက်ဘက်တွင် နံနက် ၁၂ နာရီ ၄၆ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး ပြင်းအား ၄.၈ ရှိပြီး အောက်တိုဘာ ၂၅ ရက် လှုပ်ရှားမှုစတင်ချိန်မှစ၍ အားအပြင်းဆုံးဖြစ်ပါတယ်။
မောင်ယဿ
REF: Guardian

About The Author

greenness_mm

No Comments

Leave a Reply