၂၀၂၁ တုန်းက လေထုညစ်ညမ်းမှုကြောင့် ဥရောပမှာ လူ ၂သိန်းခွဲကျော် သေခဲ့ရတယ်လို့ ဆို

၂၀၂၁ တုန်းက လေထုညစ်ညမ်းမှုကြောင့် ဥရောပမှာ လူ ၂သိန်းခွဲကျော် သေခဲ့ရတယ်လို့ ဆို

ဥရောပ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီ ( EEA ) ရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ၂၀၂၁ တုန်းက ဥရောပမှာ လေထုညစ်ညမ်းမှုကြောင့် သေဆုံးခဲ့ရတယ် လူ ၂သိန်းခွဲ ကျော်တယ်လို့ သိရပါတယ်။
ကားအိတ်ဇောတွေနဲ့ ကျောက်မီးသွေးသုံး ဓာတ်အား‌‌ပေးစက်ရုံတွေကနေ ထွက်လာတဲ့ အမှုန်တွေက လေထုတွေထဲကို အများအပြားရောက်လာရင် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတွေဖြစ်တတ်ပါတယ်။ အဲ့ဒိအမှုန်တွေ လေထုထဲမှာ ဘယ်လောက်ရှိတယ်ဆိုတာကို PM လို့ခေါ်တဲ့ ယူနစ်နဲ့ တိုင်းတာပါတယ်။ PM ၂.၅ ကိုရောက်သွားပြီဆိုရင် လေထုက မသန့်စင်တော့ပါဘူး ။ အဲ့ဒိပမာဏအထက်မှာ ရှိတဲ့ လေထုက လူတွေကို လေပြွန်ယောင်ရောဂါ ၊ ရင်ကျပ်ရောဂါနဲ့ အဆုတ်ရောဂါတွေကို ဖြစ်စေပါတယ်။
“နောက်ဆုံး EEA ခန့်မှန်းချက်အရ၊ ၂၀၂၁ ခုနှစ်က EU တွင်အနည်းဆုံးသေဆုံးသူ ၂၅၃၀၀၀ သည် WHO မှအကြံပြုထားတဲ့ အမှုန်အမွှား (PM2.5) လေထုညစ်ညမ်းမှုနှင့်ထိတွေ့မှုကြောင့်ဖြစ်ရတယ် ” လို့ အဖွဲ့က ဆိုပါတယ်။ အဲ့ဒိကိန်းဂဏန်းက ၂၀၂၀ နဲ့ နှိုင်းယှဉ်ပါက များနေတယ်လို့လည်း သိရပါတယ် ။
နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်ကြောင့် အရွယ်မတိုင်မီ သေဆုံးသူ ၅သောင်းကျော်ရှိပြီး အိုဇုံးကြောင့်သေဆုံးရသူ ၂သောင်းကျော်ရှိတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။
မောင်ယဿ
REF: News18

About The Author

greenness_mm

No Comments

Leave a Reply