၂၀၂၁ တောရိုင်းဟာသ ပြိုင်ပွဲဝင်ဆုရဓာတ်ပုံများ

၂၀၂၁ တောရိုင်းဟာသ ပြိုင်ပွဲဝင်ဆုရဓာတ်ပုံများ

နှစ်စဉ်ကျင်းပမြဲ ဖြစ်တဲ့ တောရိုင်း ဟာသ ဓာတ်ပုံ ပြိုင်ပွဲရဲ့ ဆုရ ဓာတ်ပုံ စာရင်း ထွက်ပေါ်လာပါပြီ ။ ဒီနှစ်မှာ ကမ္ဘာအနှံ့က ပြိုင်ပွဲဝင် ဓာတ်ပုံ ၇၀၀၀ ရခဲ့ပါတယ်။ ဓာတ်ပုံနဲ့ ပုံစာတပ်ပေးလိုက်တာတွေက ကတယ်ပဲ ရီစရာကောင်းပါတယ်။ အဲ့ဒိအထဲက ဆုရဓာတ်ပုံ အချို့ ကို ဖော်ပြလိုက်ပါတယ်။ ပထမဆု ကန်ဂျန်ဆန် ဆိုတဲ့ ဓာတ်ပုံ ဆရာက တရုတ်နိုင်ငံ က လောင်ရှန်ဂျော့ တိရစ္ဆာန် ဥယျာဉ်ထဲမှာ ကြိုးတန်းပေါ်ကို ပြုတ်ကျတဲ့ မျောက်တစ်ကောင်ရဲ့ ပုံ ကို အမိအရ ရိုက်ယူပြီး “ အောင်မလေးဗျ” ဆိုပြီးပုံစာထိုးခဲ့ပါတယ်။
Open photo
ဒုတိယ
အန်ဒရူး ပါကင်ဆန်ဆိုတဲ့ သူက ကမ်ချက်ကာ ဝက်ဝံပေါက် ကလေး၂ကောင် တစ်ကောင်နဲ့ တိုက်ခိုက်တမ်း ဆော့ကစားနေတဲ့ ပုံကို “ ကဲ ကကြစို့” ဆိုပြီး ပုံစာရေးခဲ့ပါတယ်။ ကမ်ချက်ကာ ဝက်ဝံတွေက အရင်က ရုရုား မှာပေါပေါများများ တွေခဲ့ရပါတယ်။ နောက်ပိုင်း မှာ လူတွေရဲ့ မြို့ပြစနစ်တိုးချဲ့လာလို့ ဆော်လမွန်ငါးတွေ ကျက်စားတဲ့ မြစ်ချောင်းတွေရဲ့ ထိပ်ပိုင်းမှာ အနည်းငယ်ပဲ ကျန်ပါတော့တယ်။
Open photo
တတိယဆု
“တူတူပုန်းတမ်း ကစားမယ်”ဆိုတဲ့ ပုံစာနဲ့ သစ်ပင်ပေါ်က ဆင်းလာတဲ့ ဝက်ဝံလေးရဲ့ ပုံကိုအမိအရ ရိုက်ယူနိုင်ခဲ့တာကတော့ ပေါ်လ်မက်ချ်ဟတ်ဆိုသူပါ။
Open photo
နှစ်သိမ့်ဆု နီကိုလက်ဒီဗောက်က “ ဘယ်ကောင် တံခါးပိတ်ထားတာလဲကွာ” ဆိုတဲ့ ပုံစာနဲ့ အမေရိကားမြောကိပိုင်း မှာ ကျက်စားတဲ့ ရက်ကွန်းဆိုတဲ့အကောင်းလေး တစ်ကောင်မှန်ပြူးတင်ပေါက်ကို ဝင်ဖို့ ကြိုးစားနေတဲ့ ပုံလေးပါပဲ။ ဆုရဓာတ်ပုံတွေကတော့ များပါတယ်။ ဒီမှာက စာမျက်နှာ အခက်အခဲကြောင့် ဒီလောက်ပဲ ဖော်ပြလိုက်ပါတယ်။

About The Author

greenness_mm

No Comments

Leave a Reply