၂၀၂၁ ရာသီဥတုအကျပ်အတည်းနှင့် သဘာဝဘေးအန္တရာယ်(ဖေဖော်ဝါရီ)

၂၀၂၁ ရာသီဥတုအကျပ်အတည်းနှင့် သဘာဝဘေးအန္တရာယ်(ဖေဖော်ဝါရီ)

ဗြိတိန်၊ Cumbria မွာ ဖော်ဆောင်မယ့် အကြီးဆုံးသော ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းကို တက်ကြွလှုပ်ရှားသူများက နည်းအမျိုးမျိုးနဲ့ ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဆွီဒင်ဆယ်ကျော်သက် ပတ်ဝန်းကျင်ရေးရာလှုပ်ရှားသူ ဂရီတာသန်းဘာဂ်ကလည်း ဗြိတိန်အစိုးရကို စီမံကိန်းနဲ့ပတ်သတ်ပြီး ဝေဖန်ခဲ့ပါတယ်။ ကမ်ဘာကျော် သိပ္ပံပညာရှင် James Hansen ဒီစီမံကိန်းက လူငယ်တွေရဲ့ အနာဂတ္ကို မထီမဲ့မြင်လုပ်ခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ Friends of the Earth, Keep Cumbrian Coal in the Hole နဲ့ the World Wide Fund for Nature (WWF) အဖွဲ့တွေနဲ့ ပြည်သူ ၂၃၀၀ ကျော်က ယင်းစီမံကိန်းကို ကန့်ကွက်ခဲ့ကြပါတယ်။ အစိုးရတာဝန်ရှိသူများကတော့ ဒီစီမံကိန်းဟာ Cumbria ကောင်တီ ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
အရေိကန်ပြည်ထောင်စုမှာ ဆုံးရှုးမှုအများဆုံး မှတ်တမ်းဝင်ခဲ့တဲ့ ဆောင်းတွင်းမုန်တိုင်း တိုက်ခတ်ခဲ့ပါတယ်။ ဒီမုန်တိုင်းက အမေရိကန် ပြည်နယ်အများစုနဲ့ ကနေဒါအရှေ့ပိုင်းကို ထိခိုက်စေခဲ့ပါတယ်။ ပြည်သူ ၁၂ သန်းကို အထောက်အပံပေးထာတဲ့ ပိုက်လိုင်းတွေ ပေါက်ကွဲပျက်စီးကုန်တာကြောင့် ပြည်သူ ၁၀ သန်းခန့်ဟာ လျပ်စစ်မီးပြတ်တောက်တာနဲ့ ကြုံခဲ့ရသလို သောက်သုံးရေပြတ်လပ်မှုနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီမုန်တိုင်းကြောင် အမေရိကန်ဒေါ်လာ ၁.၈၅ ဘီလျံခန့် ဆုံရှုံးခဲ့ရပါတယ်။ ကောင်းသတင်းတစ်ခုကတော့ ဒီမုန်တိုင်းအတွင်းအတွင်းမှာ အပူချိန် ၅၀ ဒီဂရီဖာရင်ဟိုက်အောက်ရောက်ပြီး အသက်ဘေးကြုံနေရတဲ့ ပင်လယ်လိပ် ၃၅၀၀ ကို ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
One Tree Planted ဟာ အမေဇုန်သစ်တောကာကွယ်ရေးအတွက် သစ်တော ဟက္တာ ၁ သန်း ပြန်လည်ပျိုးထောင်ရေးအတွက် Accion Andina ကိုကူညီရန် Global Forest Generation နဲ့ ပူပေါင်းဆောင်ရွက်နေတယ်လို့ ကြေညာခဲ့ပါတယ်။ ကင်ညာအင်ဂျင်နီယာတစ်ဦးက စွန့်ပစ်ပလပ်စတစ်တွေနဲ့ လုပ်တဲ့အုဌ်ခဲက ကွန်ကရစ်ထက်ပိုပြီး ခိုင်ခံမှုရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ သူမရဲ့တွေ့ရှိချက်သာ အမှန်ဖြစ်မယ်ဆိုပါက နောင်အနာဂတ်အတွက် ပလပ်စတစ်ဖောင်းပွမှုနဲ့ ညစ်ညမ်းမှုတွေကို အကျိုးရှိရှိ လျှော့ချသွားနိုင်ဖွယ်ရှိပါတယ်။ ၁၇၂ နှစ်ကြာပြီးနောက် ဘော်နီယိုမိုးသစ်တောမှာ မျိုးသုဉ်းသွားပြီလို့ ယူဆရတဲ့ ငှက်မျိုးစိတ်တစ်ခုကို အင်ဒိုနီးရှားနိုင်ငံမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ဗြိတိန်အခြေစိုက် Oriental Bird Club မွ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဆာဟာရဖုန်မှုန့် တန်ချိန် ၁၄ သန်းကျော် မြောက်အာဖရိက၊ မြောက်အတ္တလန္တိတ်နဲ့ ဥရောပတိုက်အထက် လေထုထဲမှာ ပျံ့နှံ့နေကြောင်း ကမ်ဘာ့မိုးလေဝသအဖွဲ့က ပြောပါတယ်။ အမေရိကန်မှာ အအေးဒဏ် ဆက်လက်ပြင်းထန်ခဲ့ပြီး ကမ်ဘာ့အကြီးဆုံး စွမ်းအင်သုံးစွဲတဲ့နိုင်ငံဟာ မကြုံစဖူး စွမ်းအင်အကျပ်အတည်းနဲ့ ကြုံခဲ့ရပါတယ်။ ဖေဖော်ဝါရီ ၉ ရက် The Guardian, Environmental Research က လောင်စာရုပ်ကြွင်းတွေ မီးရှို့ရာက ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုကြောင့် ၂၀၁၈ မွာ ကမ်ဘာတစ်ဝန်း ၈.၇ သန်း သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ Madagascar မွာ ကမ်ဘာပေါ်မှာ အသေးငယ်ဆုံးလို့ယူဆရတဲ့ ပုတ်သင်တစ်မျိုးကို သိပ္ပံပညာရှင်တွေက တွေ့ခဲ့ပါတယ်။Brookesia nana လို့ အမည်ရတဲ့ အဆိုပါပုတ်သင်ဟာ အရှည် ၁၃.၅ မီလီမီတာသာ ရှိတာကြောင့် အရွယ်အစားက နေကြာစေ့သာသာပဲ ရှိပါတယ်။
ကမ္ဘာတဝှမ်းမှာ ၂၀၂၁ ဖေဖော်ဝါရီအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးဒဏ်တွေကလည်း မနည်းပါဘူး။
တူရကီနဲ့ ဂျပန်နိုင်ငံမှာ ရေလွှမ်းမိုးမှုတွေဖြစ်တယ်။ အီတလီနိုင်ငံမှာ Etna မီးတောင်ပေါက်ကွဲမှုဖြစ်ပြီး အင်ဒိုနီးရှားမှာလည်း မုတ္သုံမိုးက ဆက်လက်ပြီးတော့ သည်းထန်စွာရွာသွန်းခဲ့ပါတယ်။ မော်ရိုကိုမှာ အထည်အလိပ်စက်ရုံတစ်ခု မိုးရေနစ်မြုပ်ပြီး ၂၄ ဦးသေဆုံးခဲ့ပါတယ်။
ဟိမဝန္တာရေခဲမြစ် အပိုင်းအစတစ်ခု ပြိုကျပြီး နှစ်ရက်အကြာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အဓိက ရေကြီးမှုတွင် လူ ၁၈၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး ၂၈ ဦးသေဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီ ၉ ရက်မှာ တာဝန်ရှိသူများက အတည်ပြု ပြောကြားခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်မှာတော့ သေဆုံးသူအရေအတွက် ၅၁ ဦးရှိတယ်လို့ ထပ်မံအတည်ပြုခဲ့ပါတယ်။
စံချိန်တင် နှင်းကျဆင်းမှုနဲ့အတူ အအေးဒဏ်ကြောင့် ဂရိနိုင်ငံ အက်တီကာဒေသ နေရာအများစုမှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားနဲ့ ရေပေးဝေမှု ပြဿနာများ ဖြစ်ပေါ်ခဲ့ပါတယ်။ အာဖရိကမြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းဒေသများမှာလည်း ပြင်းထန်တဲ့ အအေးဓာတ်ဝင်ရောက်ခဲ့ပါတယ်။ လစ္ဗ်ားမွာ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် နှင်းကျဆင်းတာကို မြင်တွေ့ခဲ့ရပါတယ်။ အမေရိကန်ကလည်း ဆောင်းတွင်းမုန်တိုင်းကြောင့် ၄၇ ဦးသေဆုံးတယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။
ဘရာဇီးနိုင်ငံ အနောက်မြောက်ပိုင်း Acre ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းကာ မြစ်ချောင်းများ ကမ်းပါးများ ကျိုးကျကာ လူပေါင်း တစ်သိန်းကျော် ရေလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရပါတယ်။ အစ္စရေးမှာ ရေနံယိုဖိတ်မှု အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပြီး အစ္စရေးနိုင်ငံအတွက်တော့ ယင်းရေနံယိုဖိတ်မှုက နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး ပတ်ဝန်းကျင်ထိခိုက်မှုဖြစ်ပြီး ခုချိန်တိုင်အောင် ညစ်ညမ်းခဲ့တဲ့ကမ်းခြေတွေကို သန့်ရှင်းရေးလုပ်နေရပါတယ်။
ဆက်လက်ဖော်ပြပါမည်။
Ref-All Sources
photo-Credit

About The Author

greenness_mm

No Comments

Leave a Reply