၂၀၄၀ မှာ ဒီဇယ် ဘတ်စ်တွေနဲ့ ထရပ်တွေကို အပြီးပိတ်လိုက်တော့မယ်လို့ အီးယူစီစဉ်နေ

၂၀၄၀ မှာ ဒီဇယ် ဘတ်စ်တွေနဲ့ ထရပ်တွေကို အပြီးပိတ်လိုက်တော့မယ်လို့ အီးယူစီစဉ်နေ

မနေ့ ( ဇန် ၁၈ )က ဘရက်ဆဲလ်မှာ ပြုလုပ်တဲ့ ဥရောပကော်မရှင် အစိုးရအဖွဲ့ဝင် အရာရှိကြီးများနဲ့ ပါလီမန် အဖွဲ့ဝင်များ ဆိုင်ရာ အစည်းအဝေးမှာ ရုပ်ကြွင်းလောင်စာအသုံးပြုရတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို ၂၀၄၀ မှာ အပြီးနားလိုက်ဖို့အတွက် လုပ်ငန်းစဉ်တွေကို တင်သွင်းခဲ့ပါတယ်။ အဲ့ဒါကို ပါလီမန်အမတ်တွေ အားလုံးနီးပါး ထောက်ခံခဲ့ပါတယ်။
လုပ်ငန်းစဉ်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း ရောင်းချ ပြေးဆွဲနေသော ထရပ်ကားများ နဲ့ အခြားကုန်တင်ယာဉ်များ အားလုံး ၂၀၄၀ တွင် လက်ရှိထုတ်လွှတ်နေသော ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ ရဲ့ ၉၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်မှာဖြစ်ပြီး မြို့တွင်းပြေဆွဲနေသော ယာဉ်များ က ၂၀၃၅ တွင် လုံးဝ ကာဗွန်ထုတ်လွှတ်မှု မရှိစေရဖြစ်ရမည်ဟု ပါရှိပါတယ်။
အကြီးစားယာဉ် အများစုသည် CO2 စံနှုန်းများကို တဖြည်းဖြည်း တင်းကျပ်လာမည်ဖြစ်ပြီး၊ ယခုဆယ်စုနှစ် အကုန်တွင် လက်ရှိပျမ်းမျှ ဓာတ်ငွေ့ထုတ်လွှတ်မှု ၄၅ % အောက်တွင်ရှိရမည်ဖြစ်ပြီး ၂၀၃၅ ခုနှစ်တွင် ၆၅ % အထိ တိုးလျှော့ချရမှာဖြစ်ပါတယ် ။ မြို့ပြဘတ်စ်ကားများအတွက် ၂၀၃၀ ခုနှစ်တွင် ၉၀ % လျှော့ချပေးရမယ်လို့ ပစ်မှတ်ထား စီစဉ်ထားပါတယ်။
ဒါပေမဲ့ ‘အစိမ်းရောင်’ ဟိုက်ဒရိုဂျင်ဖြင့်ပြုလုပ်ထားသော အီးဒီဇယ်ကဲ့သို့သော ဓာတုလောင်စာများဖြစ်သည့် ဇီဝလောင်စာ အမျိုးအစားများကို တိကျစွာ သတ်မှတ်ပေထားရုံသာမက အရည်အချင်းပြည့်မီမည့် ‘အစိမ်း’ ဟိုက်ဒရိုဂျင်နှင့် ပြုလုပ်ထားတဲ့ စနစ်ကိုလည်း ရေးဆွဲထားခြင်း ပါဝင်ပါတယ်။
“အီးယူက ထရပ်ကားထုတ်လုပ်သူတွေကို ၎င်းတို့ရဲ့ မော်တော်ယာဉ်အားလုံးနီးပါးကို ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝ မဖြစ်စေရန် ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောပြနေတာပါ ” လို့ အစိမ်းရောင်အဖွဲ့ Transport & Environment မှ Fedor Unterlohner က ပြောကြားခဲ့ပါတယ် ။
“ဥရောပထုတ်လုပ်သူတွေဟာ အခုအချိန်မှာ လျှပ်စစ်နဲ့ ဟိုက်ဒရိုဂျင် ထုတ်လုပ်မှုကို အရှိန်မြှင့်ဖို့ ပြတ်သားတဲ့ လမ်းကြောင်းတွေ ရှိနေပြီး Tesla နဲ့ တရုတ်ပြိုင်ဘက်တွေရဲ့ စိန်ခေါ်မှုအတွက် အဆင်သင့်ဖြစ်နေပါပြီ။”
“လျှပ်စစ်အားသွင်းခြင်းနဲ့ ဟိုက်ဒရိုဂျင်ပြန်လည်ဖြည့်တင်းခြင်း အခြေခံအဆောက်အအုံ၊ ပြည့်စုံသော ကာဗွန်စျေးနှုန်း အစီအစဉ်နှင့် သယ်ယူပို့ဆောင်ရေး အော်ပရေတာများအတွက် လျင်မြန်စွာ ရင်းနှီးမြှုပ်နှံရန် အဓိပ္ပာယ်ရှိသော ပံ့ပိုးမှု အစီအမံများ ကို လုပ်နေပါပြီ ” လို့ ACEA ညွှန်ချုပ် Sigrid de Vries က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply