၂၀၅၀မှာ ကာဗွန်ထုတ်လွှတ်မှု သုညအခြေအနေရောက်‌အောင် လုပ်မယ်ဆိုသော်လည်း… …. ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတွေထဲမှာ ၄ ရာခိုင်နှုန်းလောက်ပဲ ကုလသမဂ္ဂရဲ့ စည်းမျဉ်းတွေကိုလိုက်နာ

၂၀၅၀မှာ ကာဗွန်ထုတ်လွှတ်မှု သုညအခြေအနေရောက်‌အောင် လုပ်မယ်ဆိုသော်လည်း… …. ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတွေထဲမှာ ၄ ရာခိုင်နှုန်းလောက်ပဲ ကုလသမဂ္ဂရဲ့ စည်းမျဉ်းတွေကိုလိုက်နာ

မနေ့ကထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ကမ္ဘာ့အကြီးဆုံးဆိုတဲ့ ကုမ္ပဏီ ၂၀၀၀ ကျော်မှာ တစ်ဝက် လောက်က ကုလသမဂ္ဂရဲ့ ၂၀၅၀ ကာဗွန်ထုတ်လွှတ်မှု သုညအခြေအနေရောက်အောင် လုပ်ဖို့အတွက် သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ စည်မျဉ်စည်းကမ်းတွေကို လိုက်နာကြတယ်လို့ ပါရှိပါတယ်။ ဒါပေမဲ့ အမှန်အကန်အကောင်အထည်ဖော်နေတာက ၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။
Oxford University အပါအဝင် လွတ်လပ်သောအချက်အလက်စုဆောင်းရေးလုပ်ငန်းစုဖြစ်သည့် Net Zero Tracker မှ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီများစာရင်းဖြစ်သော Forbes Global 2000 ၏ နောက်ဆုံး ခွဲခြမ်း စိတ်ဖြာမှုအရ သိရတာပါ ။
ကာဗွန်ထုတ်လွှတ်မှုသုံည ပစ်မှတ်များကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီအရေအတွက်က ၂၀၂၂ ခုနှစ် ဇွန်လမှာ ၇၀၂ ရှိခဲ့ပြီး ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ၁၀၀၃ အထိ တိုးလာတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကာဗွန်ထုတ်လွှတ်မှု သုံညရောက်အောင် လုပ်မယ်ဆိုပြီး လက်တွေ့လုပ်ငန်းတွေ တိုးတက်အောင် လုပ်ဖို့ကျတော့ နှောင့်နှေးမှုတွေ ရှိတာနဲ့ ပတ်သက်ပြီး အ‌ပြောထက်အလုပ်ကို ဦးစားပေးကြပါ ၊ အရေးပေါ် ပုံစံမျိုး လုပ်ဖို့လိုအပ်တယ်ဆိုပြီ အဲ့ဒိအဖွဲ့က သတိပေးလိုက်ပါတယ်။
ဥပမာအားဖြင့် UN ရဲ့ Race to Zero campaign မှ ချမှတ်ထားသော စံသတ်မှတ်ချက်များ ၏ ၄ % သည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအားလုံးကို ကာမိစေရန်၊ ၎င်းတို့ကို ချက်ချင်းဖြတ်ပစ်ရန်နှင့် ကြားဖြတ်နှင့် ရေရှည်ပစ်မှတ်များဆိုင်ရာ နှစ်အလိုက် တိုးတက်မှု မွမ်းမံမှုများ အစီရင်ခံရန်ပါဝင်ပါတယ်။ အဲ့ဒါတွေကို လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေက အလွန်နည်းလွန်းနေသေးတာကို တွေ့နေရပါတယ်။
အစီရင်ခံစာမှာဖော်ပြချက်အရ ကုမ္ပဏီကြီးတွေက ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ဖျက်တောက်ရန် (သို့) လျှော့ချရန်အတွက် အားထုတ်မှုအစား လက်ရှိသုံးနေသော ရုပ်ကြွင်းလောင်စာသုံးယန္တရားတွေကို ကာဗွန် အထွက် နည်းအောင် လုပ်ဖို့အတွက်ကိုပဲ အာရုံစိုက်ပြီးလုပ်ဆောင်နေကြပါတယ်လို့ ပါရှိပါတယ်။
အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး အစိုးရများနှင့် ကော်ပိုရေးရှင်းများအကြား ပြောင်းလဲမှုအရှိန်အဟုန်သည် နိုဝင်ဘာလ နှောင်းပိုင်းတွင် စတင်မည့် ဒူဘိုင်းတွင် ကျင်းပမည့် COP28 ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲ၏ အဓိကအစိတ်အပိုင်းတစ်ရပ်ကို ဖွဲ့စည်းရန် စီစဉ်ထားပါတယ်။
Net Zero Tracker ရဲ့ စီမံကိန်းခေါင်ဆောင်တစ်ဦးဖြစ်တဲ့ John Lang က “ယုံကြည်စိတ်ချရသော အသား တင် သုညပစ်မှတ်ရယ် ၊ ရှေ့ဆက်တွေးခေါ်မှု၊ အနာဂတ်မှာသက်သေပြနိုင်မယ့် ကုမ္ပဏီများအတွက် ပရောက်စီ တစ်ခု သတ်မှတ်ခြင်းက ရိုးရှင်းသောမေးခွန်းတစ်ခု ဖြစ်လာပါတယ်။ ကျနော်တို့အနေနဲ့ ကျနော်တို့ ကိုယ်တိုင် ရင်းနှီးမြုပ်နှံထားတဲ့ကုမ္ပဏီများ ရဲ့မှားယွင်တဲ့ လုပ်ဆောင်ချက်ကနေရလာတဲ့ အမြတ်အစွန်တွေကို ဝယ်ယူစားသုံးနေမှာလား ဆိုတာပါပဲ” လို့ဆိုသွားပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply