၂၀၅၀ မှာ ရေအောက်ရောက်သွားနိုင်တဲ့ နယူယောက်ခ်မြို့ အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေ

၂၀၅၀ မှာ ရေအောက်ရောက်သွားနိုင်တဲ့ နယူယောက်ခ်မြို့ အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေ

အမေရိကားက လူဦးရေ အထူးထပ်ဆုံး ဆိုတဲ့ မြို့တွေထဲက တစ်မြို့ ဖြစ်တဲ့ နယူယောက်မြို့က မြေမျက်နှာအသွင်အပြင် အခြေအနေအရ ၂၀ ၅၀ ခုနှစ်ဆိုရင် မြို့ရဲ့ အစိတ်အပိုင်းတော်တော်များများ ရေအောက်ကို ရောက်သွားနိုင်တဲ့အတွက်ကြောင့် မြို့ စည်ပင်က ဒေါ်လာ သန်းထောင်းပေါင်းများစွာ သုံးပြီး ပြင်ဆင်မှုတွေကို လုပ်နေရပါတယ်။

ကမ်းခြေအရှည် ၈၃၆ ကီလိုမီတာရှိတဲ့ နယူယောက်မြို့က ၂၀၅၀ ကိုရောက်လျှင် အနည်းဆုံး ၈ လက်မကနေ အများဆုံး ၂ပေခွဲကျော်အထိ ပင်လယ်ရေမျက်နှာပြင် မြှင့်တက်မှု ကို တွေ့ကြုံရမယ်လို့ ပညာရှင်တွေက ခန့်မှန်း တွက်ချက်ပြထားပါတယ်။

သေချာတာက နယူယောက်မြို့ က သဘာဝဘေးအန္တရာယ် ကို ရင်ဆိုင်နေရတဲ့ မြို့ ထဲက တစ်မြို့ဖြစ်နေတာပါပဲ။ သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ ကမ္ဘာကြီး ပူနွေးလာမှုကို မထိန်းနိုင်ဘူးဆိုရင် လာမယ့် နှစ် ၃၀ အတွင်း နယူယောက်ခ်မြို့ အနားက မက်ဟန်တန် ကျွန်းက ရေအောက်ရောက်သွားမှာ ဖြစ်ပါတယ်။

၂၀၁၂ ကနေ စပြီး နယူးယောက်ခ် က စန္ဒီမုန်တိုင်း ၊ အီဒါမုန်တိုင်းနဲ့ ဟန်ရီ မုန်တိုင်းတို့ကြောင့် ဒေါ်လာ ဘီလီယံ များစွာ ဆုံးရှုံးမှုကို ခံစားခဲ့ရပါတယ်။ မုန်တိုင်းတွေကြောင့် အမေရိကားက အကြီးဆုံး မြို့ကြီးမှာ လူ ၅၀ ကျော်သေဆုံး ခဲ့ရပါတယ်။ အဲ့ဒါကြောင့် အဲ့ဒိစီးပွားရေးမြို့တော်ကြီး ကို ကာကွယ်ဖို့ အစိုးရက ကန်ဒေါ်လာ သန်းပေါင်း ၂သောင်း သုံးပြီး ပြင်ဆင်မှုတွေကို စတင်လုပ်ဆောင်နေပါတယ်။

 

မောင်ယဿ ( ဒီဇင်ဘာ ၁၉ )

REF: euronews
Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply