၂၀၅၀ မှာ သန်း၁သောင်း ဖြစ်လာမယ့် ကမ္ဘာ့လူဦးရေအတွက် စားစရာပြဿနာ

၂၀၅၀ မှာ သန်း၁သောင်း ဖြစ်လာမယ့် ကမ္ဘာ့လူဦးရေအတွက် စားစရာပြဿနာ

ကမ္ဘာ့သိပ္ပံပညာရှင်အများစုရဲ့ တွက်ချက်မှုအရ ၂၀၅၀ မှာ ကမ္ဘာ့လူဦးရေက သန်းပေါင်း၁သောင်းအထိ ဖြစ်လာမှာရယ် ၊ ရာသီဥတုပြောင်းလဲ လာမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှု ရှိလာတာရယ်တို့ကြောင့် စားနတ်ရိက္ခာ ရှားပါးမှုကြုံတွေ့လာနိုင်ဖွယ်ရာရှိနေပါတယ်။ အဲ့ဒိကိစ္စကိုဖြေရှင်းဖို့ ဂရင်းဝှစ်တက္ကသိုလ်က အဏ္ဏဝါဗေဒပညာရှင် ပါမောက္ခ ပက်ထရစ်ရှာ ဟာဗေးတို့ အုပ်စုက ပင်လယ်သမုဒ္ဒရာတွေ အောက်က အဏ္ဏဝါသဘာဝပေါက်ပင်တွေကိုလေ့လာမှု လုပ်နေပါတယ်။

ရေနေသဘာဝပေါက်ပင်တွေရဲ့ ဇီဝဖွဲ့စည်းပုံကို အဆင်မြင့်နည်းပညာသုံး သုတေသနလုပ်ငန်းတွေ လုပ်နေပါတယ်။ ပထမအဆင့်အနေနဲ့ ရေတိမ်ပိုင်း ပင်လယ်အောက် ရေညှိရေမှော်တွေရဲ့ အာဟာရတန်ဖိုး ကို တွက်ချက် နေပါတယ်။ သူမတို့ရဲ့ သုတေသနလုပ်ငန်းက ကမ္ဘာပထမဆုံး လုပ်ငန်းဖြစ်ပြီး လုပ်ငန်း အောင်မြင်နိုင်ချေ က ၈၀% လောက်ရှိနေပါတယ်။ ကမ္ဘာကြီးရဲ့ ၃ ပုံ ၂ပုံက ရေဖုံးလွှမ်းနေတဲ့ အတွက်ကြောင့်ရေအောက်က သဘာဝပေါက်ပင်တွေကို ရိတ်သိမ်းနိုင်ခဲ့ရင် ယနေ့ ကြုံတွေနေရတဲ့ စားနတ်ရိက္ခာပြဿနာကို ဖြေရှင်းရနိုင်ဖွယ်ရာ ရှိနေပါတယ်။

“ ကမ္ဘာကြီးရဲ့ ၇၀% က ရေဖုံးလွှမ်းနေပါတယ်။ အဲ့ဒိအထဲက ၉၀% က ပင်လယ်သမုဒ္ဒရာ ရေပြင်ကြီးပါပဲ။ အဲ့ဒိပင်လယ်ရေအောက်မှာ ဇီဝမျိုးကွဲတွေ အများကြီးရှိနေပါတယ်။ အဲ့ဒိထဲက အပင်အများစုက လူသားတွေနဲ့ တိရိစ္ဆာန်တွေစားသုံးလို့ ရမယ့် စားစရာတွေ ဖြစ်နေပါတယ်။ ကျမတို့က အဲ့ဒိစားသောက်လို့ရတဲ့ အပင်တွေမှာ အာဟာရတန်ဖိုး ဘယ်လောက်ရှိတယ်ဆိုတာကို တိုင်းတာတွက်ချက်ဖို့ပါပဲ” လို့ ဆိုပါတယ်။

ရေချို ရေငန် ၂မျိုးလုံးမှာ ရှိတဲ့ အဏုဇီ၀ ရေညှိ တွေက အလင်းမှီအစာစုဖွဲ့ မှုတွေကို လုပ်နေတဲ့အတွက် သူတို့မှာ မထင်မှတ်ထားလောက်အောင်ကိုပဲ ပရိုတိန်း နဲ့ ဗီတာမင် မျိုးစုံ ပါဝင်နေပါတယ်။ ဥပမာပြောရရင် စပီရူလိုင်းနား ရေညှိ ထမင်းစားဇွန်းတစ်ဇွန်းမှာတင် ပရိုတိန် ၄ဂရမ် နဲ့ ကယ်လ်စီယံ ၊ အိုင်းယွန်း ၊ မက်ဂ္ဂနီဆီယံ နဲ့ ပိုတက်စီယံတွေ ပါပါဝင်နေပါတယ်။ လက်ရှိရှာထားသလောက်မှာတော့ အိုမီဂါ ၃ ကြွယ်ဝတဲ့ ရေညှိတွေ ၊ ကာရိုတင်းနွိုက်ဗီတာမင်ကြွယ်ဝတဲ့ ရေမှော်တွေ အစရှိသဖြင့် ရေညှိ ရေမှော်တွေကို အာဟာရဓာတ်ခွဲပြီး စာရင်းလုပ်နေပါတယ်။

 

မောင်ယဿ (နိုဝင်ဘာ ၁၆ )

REF: euro news

Photo : weforum

About The Author

greenness_mm

No Comments

Leave a Reply