ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ (၂)
စီတာရမ်မြစ်(Citarum River)
==================
စီတာရမ် Citarum သည် ကမ္ဘာပေါ်တွင် အညစ်ညမ်းဆုံးမြစ်များထဲတွင် နံပါတ် ၂ နေရာတွင်ရှိကြောင်း ၂၀၂၀ ခုနှစ်တွင်ပြုလုပ်သည့် စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဂင်္ဂါမြစ်ကဲ့သို့ပင် မြစ်ကြောင်းတစ်လျှောက် လူနေမှု ထူထပ်သည်။ စီတာရမ်မြစ်တည်ရှိရာ အင်ဒိုနီးရှားသည် အိန္ဒိယနှင့် တရုတ်ကဲ့သို့ နိုင်ငံကြီးမဟုတ်သော်လည်း လူဦးရေ ထူထပ်သည့် ထိပ်တန်းနိုင်ငံများတွင် ပါဝင်သည်။
မြစ်ကြောင်းဝန်းကျင်ရှိ စက်ရုံပေါင်း ၂၀၀၀ မှ စက်မှုစွန့်ပစ်ပစ္စည်းများသည် ရေ၏ ပြဒါးအဆင့်ကို အဆပေါင်းများစွာ တိုးမြင့်လာစေခဲ့ပြီး မြစ်သည် ညစ်ညမ်းပြီး အရင်းအမြစ်များမှ ထွက်ပေါက်များ၊ ရေဝေဒေများအထိ ညစ်ညမ်းလျက်ရှိသည်။ ကံမကောင်းစွာပင် စက်ရုံများနှင့် လူများသည် စီတာရမ်မြစ်ကို အမှိုက်ပစ်သည့်နေရာအဖြစ် အသုံးပြုနေကြသည်။ လူဦးရေများပြားထူထပ်သောကြောင့် ဒေသခံများသည် မြစ်ရေအား မဖြစ်မနေ သုံးစွဲနေရပြီး ယင်းအကျိုးဆက်ကြောင့် ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်ကာ နှစ်စဉ် လူ ၅၀၀၀ ခန့် အသ်ဆုံးရှုံးနေရသည်ဟု ဆိုသည်။
Ref:Google
No Comments