အံ့သြဖွယ်ရာ သစ်ပင်များ

အံ့သြဖွယ်ရာ သစ်ပင်များ

သစ်ပင်သည် သက်ရှိတစ်မျိုးဖြစ်သည်။ အကြောင်း
မူကား သစ်ပင်သည် အစာစားသည်။ တစ်နေ့တစ်ခြား
ထွားကြိုင်းကြီးမားသည်။ မျိုးဆက် ပျောက်ကွယ်မ
သွားစေရန် ပေါက်ပွားပေးသည်။ အစေ့များမှ အပင်
ဖြစ်လာပြီးနောက်တွင် သစ်ပင်တစ်ပင် ရှင်သန်ကြီး
ထွားရန်အတွက် လိုအပ်သောအချက်များရှိပါသည်။
ယင်းအချက်များနှင့် ပြည့်စုံနိုင်အောင် အပင်အစိတ်
အပိုင်းများက တာဝန်အသီးသီးယူကာ ဆောင်ရွက်
ကြရသည်။ လူနှင့်တိရစ္ဆာန်တို့သည် အစာအဟာရ
မှီဝဲရမှ ကြီးထွားနိုင်သကဲ့သို့ သစ်ပင်များသည်လည်း
မြေသြဇာကို စားသုံးရမှ ရှင်သန်နိုင်ကြရာ မြေသြ
ဇာလိုအပ်ခြင်းသည် ပထမအချက်ဖြစ်သည်။ ဒုတိ
ယလိုအပ်သောအချက်သည် ရေဖြစ်ရာ လူ တိရစ္ဆန်
စသည့် သက်ရှိသတ္တဝါတို့သည် ရေမသောက်ရလျှင်
အသက်သေနိုင်ကြသကဲ့သို့ သစ်ပင်များလည်း ရေ
မသောက်ရလျှင် အသက်သေနိုင်သည်။ လေသည်
သစ်ပင်များ ရှင်သန်ကြီးထွားရန် တတိယလိုအပ်
သော အချက်ဖြစ်သည်။

လူတို့သည် လေထဲတွင်ပါဝင်သော အောက်စီ
ဂျင်ဓာတ်ရမှသာလျှင် အသက်ရှင်နိုင်သည်။ သစ်
ပင်များအတွက် စတုတ္ထလိုအပ်သောအချက်သည်
နေရောင်ခြည်အပူရှိန်ဖြစ်သည်။ သဘာဝလောက
ကြီးတွင် အကြီးမားဆုံးသော အင်အားသည် တိုး
ပွားခြင်းပင်ဖြစ်သည်။ အင်အားအတွက် အ
ကောင်းဆုံးသော ဥပမာကား သစ်ပင်၏ တိုးပွား
ခြင်းပင်ဖြစ်သည်။ အလွန်သေးငယ်ပြီး ဂရုမပြု
လောက်သော သစ်စေ့မှ ပေါက်ပွားလာပြီး
ကျောက်တုံးကျောက်ခဲများကိုလည်း ခွဲစိတ်
ဖောက်ထွင်း သွားနိုင်သည်။ ကောင်းကင်အမြင့်
သို့လည်း ဥပမာ အမေရိကန်ပြည်ထောင်စုရှိ သစ်
နီပင်ခေါ် ဆီကွိုင်းယားပင်ကြီးများသည် အမြင့်
ပေ ၃၀၀ ကျော်ရောက်အောင် ထိုးထွက်နိုင်ပေ
သည်။

အပင်ရှင်သန်ကြီးထွားရန် လိုအပ်သည့် ရေနှင့်
ဓာတ်ဆားဟုခေါ်သည့် ရေတွင်ပျော်ဝင်နေသည့်
ဝတ္ထုပစ္စည်းများကို အမြစ်များက စုတ်ယူ၍ ကမ္ဘာ
မြေကြီး၏ ဆွဲငင်အားကို ဆန့်ကျင်ပြီး ပင်စည်မှ
တဆင့် အရွက်များသို့ ပို့ဆောင်နိုင်ကြသည်။
သစ်ပင်၏ အထက်ပိုင်းတွင် အကိုင်းအခက်များ
ဖြာ၍ထွက်ကြသည်။ ရေသောက်မြစ်သည် ရေရှိ
ရာအရပ်သို့ အနက်ဆုံး ဆင်းသက်သဖြင့် အရှည်
ဆုံးအမြစ်ဖြစ်လေသည်။ သိမ်မွေ့ နူးညံ့သော အ
မြစ်ဖျားများထိပ်တွင် ဦးထုပ်သဏ္ဍာန် မြစ်ဖုံးက
လေးများဖြင့် ကာကွယ်ထားပြီး မြေတွင်းသို့ ပု
လင်းဖော့ဆို့ ဖွင့်သည့် ဝက်အူရစ်ကဲ့သို့ လိမ်
ကောက်ထိုးဝင်သွားသည်။

ကျောက်ခဲကဲ့သ်ို့ မာကျောသော အရာဝတ္ထုနှင့်
တွေ့သောအခါ ရှောင်ကွင်းသွားကြသည်။ အက်
ဆစ်ခေါ် ဓာတ်ငရဲမီးရည် တစ်မျိုးအဖြစ်လည်း
ကျောက်တုံးကျောက်ခဲများကို ခွဲစိတ် ဖောက်ထွင်း
နိုင်ပေသေး၏။ အမြစ်များတွင် မြစ်မကြီးနှင့် အ
မြစ်တက်ဟူ၍ရှိရာ အမြစ်တက်များ၏ ထိပ်ဖျား
အနီးတွင် အမြစ်မွေးဟုခေါ်သော နုနယ်သည့် အ
မွေးများပါရှိသည်။ မြေဆီလွှာရှိရေနှင့် ဓာတ်ဆား
တို့သည် အမြစ်မွေးများမှတဆင့်သာ အပင်ထဲသို့
ဝင်ရောက်နိုင်၍ အပင်၏ အခြားအစိတ်အပိုင်း
များမှ မဝင်ရောက်နိုင်ချေ။ ထို့ကြောင့်ခြောက်
သွေ့သောရာသီတွင် သစ်ပင်ရင်း၌ ရေလောင်း
ခြင်းသည် အချည်းအနှီးပင်ဖြစ်သည်။ သစ်ကိုင်း
အောက်တည့်တည့်ရှိမြေတွင် ရေလောင်းခြင်း
သာ အကျိုးရှိပေလိမ့်မည်။ အဘယ်ကြောင့်ဆို
သော် ထိုနေရာများတွင်သာ ရေသောက်မြစ်မြစ်
မွေးများ ထူထပ်ပေါများစွာ ရှိနေခြင်းကြောင့်
ဖြစ်သည်။

မြေမှုန်တွင် တွယ်ကပ်နေကြသော ရေခိုးရေ
ငွေ့များသည် ကြီးမားလှသည့် သစ်ပင်ကြီးများ
အတွက် ခြောက်သွေ့သည့်ရာသီတွင် တစ်ဖက်
သတ် စိတ်ဝင်ခြင်းအားဖြင့် ရေလုံလောက်စွာ
ရရှိိနိုင်ခြင်းဖြစ်သည်။ မြေတွင်းရှိရေသည် သစ်
ပင်ထိပ်ဖျားသို့တိုင် မည်သို့တက်ရောက်နိုုင်သ
နည်း။ ဤကိစ္စအတွက် ရုက္ခဗေဒ ပညာရှင်တို့
သည် အရောင်ရှိသော ဆေးရည်ကို အသုံးပြု၍
ရေတက်ရာလမ်းကြာင်းကို စူးစမ်းလေ့လာခဲ့ကြ
သည်။ သစ်ပင်များ၏ အကာသားများသည် အ
လွန်သေးငယ်သော ပြွန်များဖြင့် တည်​ဆောက်
ထား၏။ ၄င်းပြွန်များသည် သစ်ပင်၏အမြစ်
မွှေးများမှသည် သစ်ပင်ထိပ်ဖျား သစ်ရွက်အ​
ကြော ထိပ်ဖျားများသို့တိုင်အောင် တစ်စပ်တည်း
ဆက်လျှက်ရှိကြသည်။ ရေသောက်မြစ် မြစ်မွေး
များမှ စုတ်ယူသောရေများကို ၄င်းပြွန်များမှတ
ဆင့်သစ်ပင်ထိပ်ဖျားရှိ သစ်ရွက်များသို့ ရောက်
အောင် ပို့ဆောင်ပေးလေသည်။

ရေစုပ်ယူအားသည် သစ်ရွက်များနှင့် သစ်ရွက်
များတွင်ရှိသော အပေါက်ငယ်ကလေးများမှတဆင့် ရေခိုးရေငွေ့များကို ထုတ်လွှတ်ခြင်းကြောင့်ဖြစ်ပေါ်
လာ၏။ ၄င်းကို ရုက္ခဗေဒပညာရှင်တို့က ချွေးပြန်
ခြင်းဟုခေါ်၏။ သစ်ရွက်များရှိ အကြောသေး အ
ကြောမွှားများမှ ချွေးပြန်ခြင်းဖြင့် ဖြစ်ပေါ်လာသော
ဆွဲအားသည် အကာသား ပြွန်ငယ်များမှတဆင့် ရေ
သောက်မြစ် မြစ်မွှေးများတိုင်ဆက်လက်တည်ရှိ၏။
နှစ်တစ်ရာ ရှိသော ဘိချ်သစ်ပင်တစ်ပင်သည် ၄င်း
၏အရွက်များမှ နေ့စဥ် ရေပုလင်း ၅၀ ခန့်ကို ရေ
ငွေ့အဖြစ် ချွေးပြန်ခြင်းဖြင့် ထုတ်လွှတ်လေသည်။
ဤနည်းအတိုင်း ၆ လအတွင်း ရေ ၁၀ တန်ခွဲကို
ဆွဲတင်ထုတ်လွှတ်သည့် အင်အားကို ဖြစ်ပေါ်စေ
လေသည်။

သစ်ပင်များသည် ကမ္ဘာပေါ်တွင် အသက်အ
ရှည်ဆုံးသော သက်ရှိများဖြစ်ကြသည်။ သစ်ပင်
၏ အသက်သည် သတ္တဝါများထက် ရှည်လျှား
လှပေ၏။ အင်အားသည်လည်းကြီးမား၏။
သတ္တဝါတို့သည် အသက်ရှင် ကြီးမားလာခြင်း
ဖြင့် အင်အားများကို သုံးဖြုန်းနေ၍ သစ်ပင်များ
သည် ရှင်သန်ကြီးမားလာခြင်းဖြင့် တစ်နှစ်ထက်
တစ်နှစ် အေးဆေးစွာ အင်အားတိုးပွားရန် သန်
စွမ်းလာကြသည်။ သစ်ပင်တစ်ပင်အတွက် အ
သက်သော်လည်းကောင်း အရွယ်အစားသော်
လည်းကောင်း သတ်မှတ်ချုပ်ချယ်ထားခြင်းဟူ
၍ မရှိချေ။ အမေရိကန်ပြည်ထောင်စုရှိ သစ်နီ
ပင်ခေါ် ဆီကွိုင်းယားပင်ကြီးများသည် နှစ်
၄၀၀၀ ခန့်ရှိပြီဟု ခန့်မှန်းကြ၍ အမြင့်ပေ ၃၀၀
ကျော်ရှိသည်။ အနှစ် ၆၀၀၀ ကျော်သော ထိုအ
ပင်ကြီးမျိုးကို တွေ့ဘူးသည်ဟုလည်း ဆိုကြ
သည်။ သို့သော် ဤမျှအသက်ရှည်ကြာစွာ အ
ပင်မြင့်မားသော်လည်း ထိုအပင်ကြီးများသည်
အိုမင်းပြီဟု မဆိုနိုင်ချေ။

ရုက္ခဗေဒပညာရှင်တို့၏ အလိုမှာ သစ်ပင်တို့
သည် အသက်ကြီးရင့်၍ အိုမင်းပြီး မသေနိုင်
ဟုဆိုကြသည်။ သစ်ပင်များသေရခြင်းသည်
အပင်များသည် ရောဂါကြောင့်လည်းကောင်း
ဒဏ်ရာ အနာတရ ရရှိသောကြောင့်လည်းကောင်း
သေဆုံးရခြင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့
ကြောင့် သစ်ပင်များနှင့် အခြားသက်ရှိများတို့
၏ ခြားနားချက်ကား သစ်ပင်တို့သည် အသက်
ရှင်နေသမျှ ကာလပတ်လုံး ကြီးထွားနေကြခြင်း
ပင်ဖြစ်သည်။ ယင်းသို့ကြီးထွားစေရန် အခေါက်
နှင့်အကာသားကြားရှီ Cambium ခေါ်တိုးပွား
လွှာများက အဆက်မပြတ် ပြုပြင်ပေးနေသည်
ဟုဆိုကြသည်။

သစ်ပင်များသည် အလွန်အသက်ရှည်ကြသ
ဖြင့် အချို့သစ်ပင်ကြီးများသည် သမိုင်းဝင်အ
ဓိကရ မှတ်တိုင်ကြီးများသဖွယ်ဖြစ်သည်။ ကမ္ဘာ
ပေါ်တွင် အမြင့်ဆုံးသော သစ်ပင်များဟု အသိ
အမှတ်ပြုကြသည့် သစ်ပင်များကား အမေရိကန်ပြည်ထောင်စု ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေ ဘက်
ရှိ သစ်နီပင်များနှင့် ဒေါက်ဂလပ်ဖား ထင်းရှူးပင်
များဖြစ်ကြသည်။ သြစတြေးလီးယားတိုက်ရှိ ယူ
ကလစ်ပင်များသည် ကမ္ဘာ့ဒုတိယအမြင့်ဆုံး အ
ပင်များဟုဆိုကြသည်။ အချင်းလုံးပတ် အကြီး
ဆုံး သစ်ပင်ဖိုးအေကြီးသည် မက္ကဆီကိုနိုင်ငံ၊ ဝါ
ဟာကာမြို့အနီး ရွာတစ်ရွာ၌ရှိသော တူလီပင်
ကြီးဖြစ်သည်။ ထိုအပင်သည် လုံးပတ် ၁၇၅ ပေ
ရှိ၍ ထိုအပင်ကြီး၏အသက်ကို နှစ်ပေါင်း ၃၀၀၀
မှ ၅၀၀၀ အထိ ခန့်မှန်းကြလေသည်။ ၄င်းအပင်
သည် လူတို့သိသော ကမ္ဘာပေါ်ရှိ အသက်အကြီး
ဆုံးသော သက်ရှိဝတ္ထုတစ်ခုပင်ဖြစ်သည်။

သစ်ပင်တို့တွင် အနာအဆာ ကုသပျောက်ကင်း
ခြင်းနှင့် ၄င်းကိုဖုံးလွှမ်း၍ အသားတိုးပွားခြင်းဟူ
သော တန်ခိုးသတ္တိရှိလေသည်။ နယူးယော့ပြည်
နယ် ခြံတစ်ခြံတွင် ဂျေဒဗလျူ ဂျွန်ဆင် ဆိုသူ
လယ်သမားတစ်ဦးသည် တံစဥ်တစ်ချောင်းကို
ထင်ရှူးပင်ငယ်တွင် ချိတ်ထားပြီး ” ငါ ပြန်မလာ
မချင်း ဒါကိုမထိနှင့်ဟု ” ဆိုပြီး စစ်ထွက်သွား
လေသည်။ အချိန်ကား ၁၈၆၁ ခုနှစ်ကဖြစ်
သည်။ ၄င်းလယ်သမားသည် စစ်ပွဲတွင်ကျဆုံး
၍ သစ်ပင်ငယ်လည်း တဖြည်းဖြည်း ကြီးထွား
လာပြီး တံစဥ်သံမဏိသားကို သစ်သားဖြစ် ဖုံး
လွှမ်းဝါးမျိုလိုက်လေသည်။ ယခုအခါ အမှတ်
တရနေ့ ဝတ်ပြုဆုတောင်းပွဲများကို ဤသစ်ပင်
အောက်တွင် ကျင်းပကြလေသည်။

ကာလကြာမြင့်စွာ ရေးထွင်းခဲ့သော လက်
မှတ်များကို သစ်ပင်ပင်စည် အတွင်းတွင် တွေ့
ရသည်။ ရှားဝုဒ် သစ်တောအတွင်း၌ သစ်ခုတ်
သမားသည် ၁၈ ရာစု ခေတ်လောက်က ရေး
ထွင်းခဲ့သော လက်မှတ်များကို သစ်ပင်၏ပင်
စည် တစ်ပေကျော် အနက်အတွင်းမှ တွေ့ရှိရ
သည်။ အမြောက်ဆံ၊ သေနတ်ကျည်ဆံ၊ ထယ်
သွား၊ ထွန်ဆံများ၊ သမင်ဦးချိုများတို့သည် ထို
နည်းဆင်ဆင် သစ်ပင်များအတွင်းတွင်နစ်မြုပ်
နေသည်။ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ထင်း
ရှူးပင်တစ်ပင်အတွင်း သမ္မာကျမ်းစာအုပ်တစ်
အုပ် အဘယ်ပုံ ရောက်ရှိနေလေသနည်။ ၁၉၄၂
ခုတွင် တက္ကသိုလ် ကျောင်းသားတစ်ဦးသည်
သစ်ပင်ပေါ်ရှိ သစ်ပင်၏ အမာရွတ်အမှတ်ကို
သတိထားမိ၍ ၄င်း၏ဓါးမြောင်ဖြင့် ထိုးဆွဖော်
ထုတ်ရာ သစ်သားများ ခိုင်မာစွာဖုံးအုပ်နေသည့်
သားရေဖုံး သမ္မာကျမ်းစာတစ်အုပ်ကို ရရှိခဲ့လေ
သည်။

သစ်ပင်တိုးပွားခြင်းသည် အခေါက်နှင့် အ
ကာသားအကြားတွင် တိုးပွားလွှာ Cambium
ဟုခေါ်သော ပါးလှပ်သည့် ဆဲလ်လွှာရှိသည်။ ထို
တိုးပွားလွှာသည် အဆက်မပြတ် ဖြစ်ပေါ်နေကာ
သစ်ပင်၏ ပင်စည်နှင့် အကိုင်းအခက်များ ကြီး
ထွားစေရန် အသားတိုးပေးသည်။ ပင်လုံးနှင့်အ
ကိုင်းအခက်များသည် အဖျားဘက်မှ ရှည်ထွက်
ခြင်းဖြင့် သစ်ပင်များသည် တဖြည်းဖြည်း ရှည်
၍ မြင့်မားလာကြသည်။ အကိုင်းအခက်များ
ရှည်ထွက် မြင့်မားလာသည်နှင့် တချိန်တည်း
တွင် ယင်းတို့၏ အလုံးအထည်သည်လည်း
Cambium အားဖြင့် တဖြည်းဖြည်း တုတ်ခိုင်
ကြီးမားလာကြလေသည်။

ပိုင်းထားသောသစ်လုံး၏ ထိပ်ဝကိုကြည့်
လျှင် မျက်နှာပြင်အသား၌ စက်ဝိုင်းသဖွယ်
အရစ်များ အဆင့်ဆင့် ဖြစ်ပေါ်နေသည်ကို
တွေ့ကြရပေလိမ့်မည်။ ထိုအရစ်များကို သက်
ရစ်သို့ဟုတ် နှစ်ကွင်းဟုခေါ်သည်။ စက်ဝိုင်း
တစ်ရစ်နှင့် တစ်ရစ်အကြား၌ရှိသော သစ်သား
သည် တစ်နှစ်အတွင်း တိုးပွားသော အသား
ဖြစ်သည်။ အထက်တွင် ဆိုခဲ့သော တိုးပွား
လွှာသည် နွေရာသီ ရေမရရှိနိုင်သည့် အချိန်
၌ တိုးပွားခြင်း ရပ်ဆိုင်းလာသဖြင့် အရစ်ကဲ့
သို့ ဖြစ်ပေါ်လာစေသည်။ ထို့ကြောင့် အပင်
သက် မည်မျှရှိကြောင်းကို ထိုအရစ်များကို
ရေတွက်ကြည့်ခြင်းဖြင့် သိနိုင်သည်။ မိုး
ကောင်းသည့် နှစ်များတွင် အသက်ရစ်သည်
ထူထဲ၍ ရာသီဥတု ဖောက်ပြန်သည့် နှစ်များ
တွင် အသက်ရစ်သည် သေးသိမ်တတ်လေ
သည်။

Cambium တိုးပါးလွှာ၏ အရေးပါသော
အခြား လုပ်ငန်းတစ်ရပ်မှာ အရွက်များက အ
စာချက်လုပ်သော ရိက္ခာခါတို့ကို သစ်ပင်၏
အစိတ်ပိုင်း အရပ်ရပ်သို့ ပို့ဆောင်ပေးခြင်း
ဖြစ်လေသည်။ သစ်သားဟုခေါ်သော ပင်စည်
အတွင်းသားကို အကာသားနှင့် အနှစ်သားဟူ
၍ နှစ်မျိုး ပိုင်းခြားနိုင်သည်။ အကာသားဟု
ခေါ်သော အပြင်ပိုင်းသည် အရောင်ဖျော့၍
အသားပွသည်။ အနှစ်သားဟု ခေါ်သော အ
တွင်းပိုင်းသည် အရောင်ရင့်၍ အသား မာ
ကျောသည်။ အနှစ်သားသည် အကာသား
ထက် အဖိုးတန်သော သစ်သားဖြစ်လေသည်။
အနှစ်သားသည်ကား တစ်ချိန်က သစ်ပျော့
အကာသားပင်ဖြစ်ခဲ့သည်။

သစ်သားသည် ကျစ်လစ်သိပ်သည်း၍ ကျစ်
နေသည်ဟု ထင်ရသော်လည်း စင်စစ် သစ်
သားတွင် အလွန်သေးငယ်သော သာမန်မျက်
စိဖြင့် မြင်နိုင်ရန် ခဲယဥ်းသော ပြွန်ချောင်းက
လေးများသည် အသက်ရှင်လျှက်ရှိပြီး ယင်း
တို့အားဖြင့် အမြစ်မှရေသည် ပင်မနှင့်အကိုင်း
အခက်များသို့ ရောက်ရှိသည်။ ရေနှင့်ချက်
လုပ်ပြီး အစာ ရိက္ခာအချို့ကို သိုလှောင်ထား
သော အပိုင်းကို ရေကြောဟုခေါ်၍ အစာရိက္ခာ
သယ်ယူပေးသော အပိုင်းကို အစာကြောဟု
ခေါ်သည်။ အကာသားသည် နှစ်ကာလကြာ
မြင့်လာသည့်အခါ အရွက်များနှင့် အဆက်
အသွယ် မရှိတော့ဘဲ မာကျောလာ၍ တဖြည်း
ဖြည်း အနှစ်သားဖြစ်လာသည်။

ပင်စည်သည် နှစ်ဖက်သွားလမ်းရှိသော လမ်း
မကြီးနှင့် ဆင်ဆင်တူသည်။ အမြစ်မှအရည်များ
သစ်သား ပြွန်ချောင်းများအားဖြင့် အထက်သို့
တက်၍ အရွက်မှအစာရိိက္ခာသည် တိုးပွားလွှာ
အားဖြင့် အကာသားနှင့် အခေါက်ကြားမှ အောက်
ပိုင်းသို့ ပြန့်နှံ့သည်။ ထို့ကြောင့် အခေါက်မှနေ၍
အနှစ်သားထိအောင် ပင်စည်ကို တစ်ပတ်ပြည့်
အောင် ရစ်ပတ်ပြီး ခုတ်ထွင်ထားလျှင် သစ်ပင်
သည် ရိက္ခာပြတ်၍ သေတတ်သည်။ မြန်မာနိုင်ငံ
တွင် ခုတ်လှဲရမည့် ကျွန်းပင်များကို သင်းသတ်
သည့်အခါ ထိုနည်းကို အသုံးပြုလေသည်။

အနှစ်သားသည် ပင်ထောင်ရပ်တည်ရန်နှင့်
လေပြင်းမုန်တိုင်းဒဏ်ကို ကြံ့ကြံခံနိုင်ရန် အင်အား
ပေးစွမ်းပေသည်။ ၁၉၀၆ ခုနှစ်တွင် ကလီဖိုးနီယား
ပြည်နယ် စန်အင်ဒရီးယား အရပ်၌ မြေငလျှင်လှုပ်
ရာ သံမဏိနှင့်အုတ်များဖြင့် ဆောက်လုပ်ထားသော အဆောက်အဦး အပေါ်ထပ်များ လမ်းမပေါ်သို့ ပြို
ကျ ပြန့်ကြဲသွားသည်။ ခိုင်ခန့်သော နရံနှင့်အမိုးများ
ပြိုကျ ပျက်စီးကုန်သည်။ အချို့သော သစ်ပင်များ
သည် အမြစ်မှ ပြုတ်ထွက် လဲပြိုကုန်သော်လည်း
သန်မာထွားကြိုင်းသည့် သစ်ပင်ကြီးများမှာ တစ်
ပင်မျှ ခါးလယ်မှကျိုးပြတ်လဲပြိုခြင်းကိုမူ မတွေ့
ရပေ။ အကြောင်းအရာမှာ သစ်ပင်များတွင် ခိုင်မာ
သန်စွမ်းသော အတွင်းသားသာ ရှိသည်မဟုတ် အံ့
သြဖွယ်ရာ ပျော့ပျောင်းညွတ်နိုင်သည့် သတ္တိထူး
လည်း ရှိသောကြောင့်ဖြစ်သည်။

အရွက်များသည်လည်း ပုံစံအမျိုးမျိုးဖြင့် အ
ရွယ် အစားစားရှိသည်။ ယင်းတို့သည် သစ်ပင်တစ်
ရှူးများ၊ အသားများဖြစ်ပေါ်၍ အပင်ရှင်သန် ကြီး
ထွားစေရန် ရိက္ခာပြုလုပ်ပေးရသည်။ တနည်းအား
ဖြင့်ဆိုသော် အရွက်များသည် သစ်ပင်များ၏ရိက္ခာ
စက်ရုံ ၊ အလုပ်ရုံဖြစ်ပါသည်။ လူနှင့် တိရစ္ဆာန်နည်း
တူ သစ်ပင်များသည် ကာဗိုဟိုင်ဒြိတ် ၊ ပရိုတင်း ၊
အဆီအပြားနှင့် ဆီများပါဝင်သော အစာကိုလိုသည်။
ကာဗိုဟိုင်ဒြိတ်သည် ကာဗွန် ၊ ဟိုင်ဒရိုဂျင်နှင့် အောက်
စီဂျင်ပါသော ဓါတ်ပေါင်းဖြစ်သည်။ ပရိုတင်းနှင့် နိုက်
ထရိုဂျင်ပါသော ဓါတ်ပေါင်းဖြစ်သည်။ အပင်များအ
တွက် ယင်းတို့လိုအပ်သော အာဟာရ ဓါတ်ပစ္စည်းများ
ကို အစာအဖြစ်သို့ရောက်အောင် အရွက်​များက ချက်
လုပ် ပေးကြ ရလေသည်။

အရွက်များသည် ယင်းတို့တွင်ရှိသော ကရိုဖီးခေါ်
အစိမ်းရောင်ဒြပ် ၊ နေရောင်ခြည် ၊ ကာဗွန်ဒီုင်အောက်
ဆိုဒ်နှင့် ရေတို့ဖြစ် အစာချက်လုပ်သည်။ သစ်ပင်များ
တွင် သစ်ရွက်စိမ်းများသည် နေရောင်ခြည် ရရှိနိုင်စေ
ရန် ဘေးသို့ဖြန့်၍ တစ်ရွက်နှင့်တစ်ရွက် ထပ်မနေ
အောင် အကိုင်းအခက်များမှ အစီအစဥ်နှင့် ထွက်ကြ
သည်။ ကာဗွန်ဒီုင်အောက်ဆိုက်ဓါတ်ကို သစ်ပင်သည်
လေထဲမှ ရရှိ၍ ရေကို မြေတီလွှာမှ ရရှိလေသည်။ နေရောင်ခြည်ကို အကြောင်းပြုပြီး သစ်ရွက်စိမ်းများ
တွင် ချက်လုပ်သော အစာသည် သကြားဖြစ်၍ ယင်း
သည် ပျော်ဝင်နိုင်သော ကာဗိုဟိုက်ဒြိတ်ဖြစ်သည်။
ချက်လုပ်ပြီးသော သကြားအချို့ကို အပင်များသည် အသက်ရှူရာ၌ အသုံးပြု၍ အချို့သည် အပင်များ၏
ဆဲလျူလို့အဖြစ် ပြောင်းသွားသည်။ အချို့ကို အပင်
အစာဖြစ်သော ကစီအဖြစ် သိုလှောင်ထား၍ အချို့
သည် ဆီနှင့် အဆီအဖြစ် ပြောင်းသွားသည်။ အချို့
သည် မြေဆီလွှာရှိ ပျော်ဝင်နေသော ဓါတ်ဆားများ
မှ ရရှိ့သည့် နိုက်ထရိုဂျင် ၊ ဆာလဖာ ၊ ဖော့စပရပ်
တို့နှင့်ပေါင်းစပ်ကာ ပရိုတင်းများ ဖြစ်သွားကြသည်။
ယင်းကား အရွက်​များ၏ အစာချက်ပုံ လုပ်ငန်းဖြစ်
သည်။

အရွက်များ၏ အခြားလုပ်ငန်းတစ်ခုမှာ လေစက်
သဖွယ် ဆောင်ရွက်ရခြင်းဖြစ်သည်။ သစ်ပင်များ
သည် အသက်ရှူရာ၌ အသုံးပြု၍ အချို့သည် အ
ပင်များ၏ ဆဲလျှူလို့အဖြစ် ပြောင်းသွားသည်။
အချို့သည် မြေဆီလွှာရှိ ပျော်ဝင်နေသော ဓါတ်
ဆားများမှ ရရှိသည့် နိုက်ထရိုဂျင် ၊ ဆာလဖာ ၊ ဖော့
စပရပ်တို့နှင့် ပေါင်းစပ်ခါ ပရိုတင်းများ ဖြစ်သွား
လေသည်။ ယင်းကား အရွက်​များ၏ အစာချက်ပုံ
လုပ်ငန်းဖြစ်ပေသည်။

အရွက်များ၏ အခြားလုပ်ငန်း တစ်ခုမှာ လေ
စက်သဖွယ် ဆောင်ရွက်ရခြင်း ဖြစ်သည်။ သစ်
ပင်များသည် အခြား သက်ရှိများကဲ့သို့ အသက်
ရှူရှိုက်ခြင်း ပြုကြသည်။ အပင်များ အသက်ရှူရှိုက်
သည့်အခါ အရွက်များသည် ညအချိန်အခါ၌
အောက်စီဂျင်ကို ရှူသွင်း၍၊ ကာဗွန်ဒိုင်အောက်ဆိုက်
ကိုရှူထုတ်သည်။ ထိုဓါတ်များ ရှူသွင်းရှူထုတ်ခြင်းကို
အရွက်များ အောက်ဘက်ရှိ သေးငယ်သောအပေါက်
ကလေးများဖြင့် ပြုလုပ်ကြသည်။ အရွက်များ တစ်
ခါတစ်ရံ ဆောင်ရွက်သည့် လုပ်ငန်းတစ်ခုမှာ အစာ
ကို သိုလှောင်ထားခြင်းပင် ဖြစ်သည်။

အရွက်များသည် နေရောင်ခြည်ကိုလည်း ကာ
ကွယ်ပေးကြ၍ လေထဲရှိ ရေခိုးရေငွေ့များ ထုတ်
လွှတ်ခြင်းဖြင့် အပူရှိန်ကို လျှော့စေသည်။ အမြစ်
များမှ တင်ပို့သော ရေကို ရိက္ခာ လုပ်ငန်းအတွက်
လိုအပ်သမျှယူ၍ ပိုလျှံသမျှကို ရေငွေ့အဖြစ် ထုတ်
လွှတ်သည်။ ထို့အပြင် နေ့အချိန် သစ်ရွက်များ အ
စာချက်သည့်အခါ လေထဲမှ ကာဗွန်ဒိုင်ဓါတ်ငွေ့ကို
ယူ၍ အောက်စီဂျင်ဓါတ်ကို ပြန်ထုတ်သဖြင့် လေ
ကိုလည်း သန့်ရှင်းသွားစေသည်။ ထို့ကြောင့် နေပူ
သော နေ့တစ်နေ့တွင် အရိပ်ကောင်းသော သစ်ပင်
ကြီးအောက်သို့ ရောက်မိလျှင် အေးမြသော အရိပ်
အာဝါသကို ခိုလှုံကြရ၍ သန့်ရှင်း လတ်ဆတ်သည့်
လေကို ရှူရှိုက်ကြရလေသည်။ ယင်းသို့ဖြင့် နေအိမ်
အနီးအနား ပတ်ဝန်းကျင်၌ သစ်ပင်ကြီးများရှိလျှင်
လေကောင်းလေသန့်ကို ရရှိနိုင်လေသည်။ ကမ္ဘာပေါ်
ရှိ မည်သည့်စက်ရုံကြီးမျှ ညိမ်သက်စွာ အစာချက်
လုပ်နေသော သစ်ရွက်စက်ရုံနှင့် နှိုင်းယှဥ်ခြင်းငှာ
မစွမ်းသာချေ။

သစ်ပင်၏ သစ်မြစ်များသည် မိုး ၊ ရေ ၊ လေ ၊
ရေစီးကြောင်း တို့ကြောင့် မြေလွှာများကို တိုက်စား
ခြင်းမှ ကာကွယ်ထိန်းသိမ်းပေးသည်။ သစ်ရွက်ဆွေး
များသည် မြေသြဇာဖြစ်လာသည်။ မြေပေါ်၌ထူထပ်
စွာ ကြွေကျနေသော အရွက်များ၊ အမြစ်များသည်
မိုးရေကို မြစ်ချောင်းများအတွင်း လျှင်မြန်စွာ လျှော
ကျ စီးဆင်းသွားခြင်း မပြုနိုင်လေအောင် စုပ်ယူထိန်း
သိမ်းထားသည်။ သစ်ပင်များရှိနေသဖြင့် မြစ်ချောင်း
များတွင် ရေစီးရေလာမှန်သည်။ ထို့အပြင် သစ်ပင်
များသည် လေကိုကာကွယ်ပေးသည့်အပြင် ယုတ်စွ
အဆုံး လမ်းဘေး၌ သစ်ပင်များရှိနေလျှင် နေအိမ်
များကို ဖုန်တက် သက်သာလေသည်။

သစ်ပင်များသည် အေးမြသော အရိပ် အာဝါသ
ကိုပေးသည်။ ယင်းတို့ရှိသော် အနီးအနား ပတ်ဝန်း
ကျင် စိမ်းလန်းစိုပြည်၍ သာယာအေးချမ်းကာ အပူ
ရှိန်လည်း သက်သာသည်။ လေလည်းသန့်ရှင်းသည်။ ပတ်ဝန်းကျင်ကိုသာယာ ချမ်းမြေ့မှုပေးနိုင်သော သစ်
ပင်သည် လူတို့၏စိတ်သဘာဝကိုလည်း ပြုပြင်ပေး
နိုင်သည်။ ထို့ကြောင့်ကမ္ဘာ့ နိုင်ငံကြီးများတွင် သစ်
ပင်စိုက် အသင်းများကိုပင် တည်ထောင် ထားကြ
လေသည်။

လူ့လောကအား သစ်ပင်တို့က ကျေးဇူးပြုမှုများ
မှာ ဤမျှမဟုတ်သေးချေ။ လူတို့၏အစားအစာ၊ အ
ဝတ်အစား၊ နေအိမ်အဆောက်အအုံ ၊ အသုံးအဆောင်
ပစ္စည်းများနှင့် ထင်းမီးသွေးစသော လူနေမှုအတွက်
လိုအပ်သည့် ပစ္စည်းများစွာတို့ကို သစ်ပင်များမှ ထုတ်
လုပ်ရရှိသည်။ နေ့စဥ်နေ့တိုင်း လူတို့စားသောက် သုံး
ဆောင်နေသော အရာဝတ္ထု ပစ္စည်းများစွာတို့သည်
သစ်ပင်နှင့် မကင်းကြပေ။ စားသောက် သုံးဆောင်ရန်
အတွက်လည်းကောင်း ဘယဆေးဝါး ပစ္စည်းအဖြစ် လည်းကောင်း သစ်ပင်အမျိုးပေါင်းများစွာတို့၏ အဖူး ၊
အပွင့်၊ အသီး၊ အရွက်တို့ကိုသာမက ရန်ဖန်ရန်ခါ အ
ခေါက်အမြစ်များကိုပင် အသုံးချရသည်။ သစ်ခေါက်
သည် ဆိုးဆေးများအတွက် အရေးပါ အသုံးဝင်သည်။ သစ်စေးသစ်ဆီများကိုလည်း လူ့အသုံးအဆောင် ပစ္စည်း
များ လုပ်ကိုင်ရာ၌ အသုံးပြုကြသည်။ သစ်ပင်မှ ထုတ်
လုပ်ရရှိသည့် ပစ္စည်းများအနက် စက္ကူသည် အရေးပါ
သော လူ့သုံး ပစ္စည်းတစ်ရပ်ဖြစ်သည်။ စက္ကူကို မှော်ပင် ကောက်ရိုးစသည်တို့ဖြစ် ပြုလုပ်နိုင်သော်လည်း စက္ကူအကောင်းစာကို သစ်သားပျော့ဖတ်များဖြင့်သာလုပ်
ကိုင် ရရှိနိုင်လေသည်။

ထို့ပြင်ဓါတ်ပစ္စည်းများဖြင့်ရောနှောကာ ပစ္စည်း
အသုံးအဆောင် များစွာကို ပြုလုပ် နိုင်သေးသည် ။
သစ်သားတွင် ပါဝင်သော သကြားဓါတ်ကို ထုတ်၍
အယ်လ်ကိုဟော အရက်ပျံပြုလုပ်ကြသည်။ သစ်
သားမှထုတ်ယူရရှိသော ဆဲလျူလို့သည် ပလပ်စ
တစ်လုပ်ငန်းတွင် အရေးပါသော ဝတ္ထုပစ္စည်း တစ်
ရပ်ဖြစ်လေသည်။

သစ်ပင်တစ်ပင်သည် နှစ်ကာလ အတန်ကြာမြင့်မှ
သာလျှင် အပင်ကြီးအဖြစ်သို့ ရောက်ရှိနိုင်သည်။ သို့
သော် သစ်ပင်များကို တိုတောင်းလှသော အချိန်အ
တွင်း တမဟုတ်ခြင်း ပျက်စီးအောင် ပြုလုပ်နိုင် သူ
တို့သည် လူသားများဖြစ်သည်။ လူတို့သည် သစ်ပင်
များ၏ အကြီးဆုံး ရန်သူများဖြစ်ကြသည်။ တောမီး
ရှို့ခြင်း၊ သစ်ပင်များကို အရမ်းမဲ့ ခုတ်လှဲခြင်း တို့
ကြောင့် အချို့သစ်ပင်များ မျိုးပြုန်းခဲ့ရသည်။ အ
ချို့သစ်ပင်ကြီများပင် ဤနည်းဖြင့် ပြုန်းတီးခဲ့ရ
သည်။ သစ်ပင်များ သေကြေပျက်စီးသော အခြား
ရန်သူများမှာ သစ်ဖောက်ပိုးများ၊ မှိုများနှင့်အပင်
ရောဂါများ ဖြစ်ကြလေသည်။

About The Author

greenness_mm

No Comments

Leave a Reply