Autumn part V@ the Netherlands

Autumn part V@ the Netherlands

(ပတ်ဝန်းကျင် ဗဟုသုတ)
နယ်သာလန်က သေးသေးလေး မြန်မာပြည်ထက် အဆများစွာသေးတယ်။ ဒါပေမယ့် လူဦးရေ က ၁၇သန်း တောင် ကျော်တယ်။ အဲဒီတော့ လူနေထူထပ်တယ်ပေါ့။ တစ်မိုင်ပတ်လည်မှာ ပျမ်းမျှလူဦးကြည့်ရင် မြန်မာနိုင်ငံမှာက ၂၁၆ဦး ပဲရှိပြီး နယ်သာလန်က ၁၃၁၆ ယောက် တောင်ရှိတယ်။
မြန်မာနိုင်ငံလို မြေလွတ်မြေရိုင်းမပေါဘူး။ ပဲခူးရိုးမ ရခိုင်ရိုးမလို တောင်နဲ့တောတွေမရှိဘူး။ဒါပေမယ့် မြို့တိုင်းရွာတိုင်းရဲ့ ပတ်လည် သို့ အနီးတစ်ဝိုက်မှာ လူစိုက်ထားတဲ့တောအုပ်လေးတွေရှိတယ်။ တချို့လည်း နှစ် ၂၀လောက်သက်တမ်း တချို့လဲ နှစ်ရာချီပေါ့။ တောအုပ်လေးတွေရှိတော့ ငှက်လေးတွေလည်းရှိတယ်။ သမင်ဒရယ် ယုန် တောဝက် နဲ့ တချို့နေရာတွေဆို မြေခွေးတောင်ရှိတယ်။
တောအုပ်တွေထဲမှာ မိသားစုတွေ စုံတွဲတွေ သူငယ်ချင်းတွေက တူတူအပန်းဖြေ လမ်းလျောက်ကြတယ် ။ချောင်းတွေမှာ လှေစီးကြတယ်။
အဲလိုနေရာတွေမှာ စည်းမရှိကမ်းမရှိ အမှိုက်ပစ်တာရှားတယ်။ မရှိတာတော့မဟုတ်ပါဘူး ။ နည်းတယ်။ အထူးသဖြင့် လူလတ်ပိုင်း လူကြီးပိုင်းတွေက စည်းကမ်းရှိကြတယ်။ အိမ်ကလူဆို အဲလိုနေရာတွေမှာ ရံဖန်ရံခါ ပလတ်စတစ်ဗူး သံဗူးအမှိူက်တွေကိုတွေ့ရင် သိပ်မုန်းလို့ ကြုံကြုံသလို ကောက်သိမ်းတာပဲ။
ဒီအချိန်သစ်ပင်ရိပ်နဲ့ စိုထိုင်းမှုမြင့်မားလို့ မှိုတွေသိပ်ပေါတယ်။
ခုပုံတွေက တောထဲ လမ်းလျောက်ရင်းလှလို့
(စိတ်နဲ့တွေ့ရင် ပုံတွေ သိမ်းခွင့် သုံးခွင့်ရှိပါတယ်..)

About The Author

greenness_mm

No Comments

Leave a Reply