အဲဗားဂရင်းချစ်သူ အစိမ်းရောင်ရသစာစုများ

သစ်တောသစ်ပင်တို့သည် လူသားတို့အတွက် အမှန်တကယ် မရှိမဖြစ် လိုအပ်သော သဘာဝသယံဇာတများ ဖြစ်သောကြောင့် ရှေးဦးစွာ သစ်တောသစ်ပင်များကို ဧဒင်ဥယျာဥ်ကြီးထဲတွင် အပြည့်ဖန်ဆင်းပြီးကာလမှ လူသားတို့ကို ဖန်ဆင်းခဲ့ကြောင်း အဆိုရှိခဲ့ပါတယ်။ ဒီစာအုပ်ကတော့ သဘာဝပတ်ဝန်းကျင် ချစ်မြစ်နိုးသူတွေ ထိန်းသိမ်းချင်သူတွေအတွက် ဖတ်ရှုသင့်တဲ့ နာမည်ကြီး စာရေးဆရာမတွေရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဝတ္ထုတိုတွေကို ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ ၂၀၁၁ ခုနှစ်တွင် ပထမအကြိမ် အဖြစ်အုပ်ရေ ၅၀၀ထုတ်ဝေခဲ့ပြီး စာမျက်နှာ ၉၃ ပါရှိပါတယ်။ ဝတ္ထုတစ်ပုဒ်ချင်းစီမှာ ရောင်စုံ ပန်းချီသရုပ်ဖော်ပုံတွေနဲ့ စာကိုကော ပန်းချီကိုပါ ခံစားရမယ့် စာအုပ်လည်း ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ရသနဲ့ပြတာ ရှားပါးတဲ့ အခြေအနေမှာ greenness အနေနဲ့ အသိအမှတ်ပြုရတဲ့ စာအုပ်ဆိုလည်း မမှားပါဘူး။

ပြောင်းလဲနေသော ရာသီဥတု

ဒီစာအုပ်ကတော့ ဆရာ မောင်တင်ဦး (ရုက္ခ) ဘာသာပြန်ဆိုထားတဲ့ ရာသီဥတုပြောင်းလဲ ခြင်းဆိုတာဘာလဲ ၊ ရာသီဥတုပြောင်းလဲ လာစေတဲ့ အကြောင်း အရင်းတွေ၊ ကိုယ်တိုင်ဖြေရှင်းနိုင်မယ့် အရာတွေ ၊ ရာသီဥတုပြောင်းလဲ မှုအပေါ် အစိုးရတွေရဲ့ ဖြေရှင်းချက် တွေနဲ့ ရာသီဥတု ပြောင်းလဲလာခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအကြောင်း ကို စုံစုံလင်လင် ဖတ်ရှုရမယ့် ဗဟုသုတများစွာရရှိစေမယ့်စာအုပ်ကောင်းတစ်အုပ်ပါ။ ၂၀၁၈ ခုနှစ်မှာ ပထမအကြိမ် ထုတ်ဝေခဲ့ပါတယ်။ စာအုပ်ကတော့ ရှာလို့ရမရ မသိပါဘူး။ လေ့လာလိုသူ‌တွေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့တော့ အကြံပြုချင်ပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့ လူချွန်လူမွန် သူရဲကောင်းများ

ဒီစာအုပ်ကတော့ မြစ်ညှာရေဝေရေလဲ အရပ်တွေ မပျက်စီးရေး ၊ အာတိတ်ရေခဲ ပြင်တိုင်းတာရေး ၊ အာဖရိက စိမ်းစိုသစ်တောတွေ ထိန်းသိမ်းရေး စတဲ့ ကမ္ဘာမြေကို ကယ်တင်ဖို့ ကြိုးပမ်းနေတဲ့ ခေါင်းဆောင်များ ၊ တက်ကြွလှုပ်ရှားသူများ ၊ သိပ္ပံပညာရှင်များ ၊ တန်ခိုးအာဏာကြီးမားသော သူကြွယ်ကြီးများ သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့ လူချွန်လူမွန်သူရဲကောင်းများ ရဲ့လုပ်ဆောင်ချက်တွေကို ဓာတ်ပုံတွေနဲ့တွဲပြီး ဖတ်ရှု ရမယ့် ဆရာနေဦးဝေရဲ့စာအုပ်ကောင်းတစ်အုပ်ပါ။ ၂၀၁၂ခုနှစ် တွင်ပထမအကြိမ်အဖြစ်အုပ်ရေ ၅၀၀ ထုတ်ဝေခဲ့ပြီး စာမျက်နှာ ၁၄၂ ပါဝင်ပါတယ်။

ဖောက်ပြန်လာသောရာသီဥတုနှင့် လူသားအချို့၏နမော်နမဲ့မှုများ

ဒီစာအုပ်ကတော့ ဆရာ ဦးမြင့်ဝေ ရေးသားထားတဲ့ ဖန်လုံအိမ်အာနိသင်ဆိုသည်မှာ အဘယ်နည်း ၊ ရာသီဥတု ပိုမိုနွေးထွေးလာသည် ဆိုသည်မှာ အမှန်ပင်လော ၊ မုန်တိုင်းနောက်တစ်ခေါက်လာရင်ဘယ်လိုရင်ဆိုင်ကြမည်နည်း ၊ ရာသီဥတု မဖောက်ပြန်ရအောင် ဘယ်လိုသတိရှိရှိနေထိုင်သင့်ပါ သနည်း စသော ပြည်သူတွေသိလိုနေကြသည့်မေးခွန်း များကို စာရင်းဇယားများဖြင့် တင်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ လေ့လာလိုသူများ၊ ဗဟုသုတအနေဖြင့် ဖတ်မှတ်လိုသူများ ဖတ်သင့်သည့်စာအုပ်ဖြစ်သောကြောင့် greenness က ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ်အဖြစ်ထုတ်ဝေခဲ့သည့်အတွက် စာအုပ်ကိုတော့ ရှာဖို့ ခက်ခဲသွားပြီဟု ဆိုရမည် ဖြစ်သည်။

ဆင်ဝန်ထမ်း လက်စွဲ

ဒီစာအုပ်ကတော့ ဆရာ ဦးစိုင်းအိုက်စံ ရေးသားထားတဲ့ မြန်မာဆင်တွေအကြောင်း ၊ ဆင်၊မြင်း၊နွားတို့ရဲ့ အစာလမ်းကြောင်း အစာချက်ပုံနဲ့ လူ့အစာလမ်းကြောင်းအစာ​ကြေ ချက်ပုံ ကွာခြားပုံတွေ ကို ဖတ်ရှု ရမှာဖြစ်ပြီး ဆင်နဲ့ပတ်​သတ်ပြီး တွေ့ရတတ်သောရောဂါ များ၊ ခန္ဓာကိုယ် အကြောင်း ၊ နို့သီးမမှီ သော ဆင်ပေါက်လေးများ ပြုစုနညိး၊ မျိုး ပွားအဂ်ါများ အကြောင်း စတဲ့ ဆက်နဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်း အရာအစုံ အလင်ကို အသေးစိတ်ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပြီး ဗဟုသုတ တွေများစွာ ပေးစွမ်း နိုင်မယ့် စာအုပ်တစ်အုပ်လို့လဲ ပြောလို့ရပါတယ် ။ ၁၉၉၄ ခုနှစ်တွင်ပထမအကြိမ် ထုတ်ဝေခဲ့ပါတယ်။ ဆင်တွေအကြောင်းလေ့လာသူများ၊ သိလိုသူများ ဖတ်ရှုလေ့လာသင့်ပါတယ်။

ဧရာဝတီကိုတော့ မလွမ်းချင်ပါ ဆောင်းပါးများနှင့်ရသစာစုများ

ဒီစာအုပ်ကတော့ ဆရာ ရွှေဥဒေါင်း ၊ သိပ္ပံမောင်ဝ ၊ ဒဂုန်တာရာ ၊ တိုက်စိုး ၊ မောင်ဝဏ္ဏ ၊ ညီပုလေး ၊ ဆူးငှက် ၊ ချစ်စံဝင်း ၊ ပါရဂူ နဲ့ အခြား နာမည်ကြီး စာရေးဆရာ ၊ အဆိုတော် ကြီးတွေရဲ့ သီချင်းများ ၊ ကဗျာများ ဆောင်းပါး မြောက်မြားစွာနဲ့ ရသစာစု‌ေတွကို တစ်စုတစ်စည်းတည်း ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပြီး ဧရာဝတီမြစ်ကြီး အကြောင်း လေ့လာလိုသူတွေ သိချင်သူတွေအနေနဲ့က မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လို့ပြောလို့ရပါတယ်။ သစ်တောပညာရှင် ဆရာကြီး ဦးအုန်းနဲ့ လူထုစိန်ဝင်းတို့ရဲ့ ဧရာဝတီ အမှာစာတွေကို လည်း ဖတ်ရှုရမယ့် စာအုပ်တစ်အုပ်ပါ။၂၀၁၁ ခုနှစ် တွင် ပထမအကြိမ်အဖြစ် […]

ထင်းအစားထိုးစွမ်းအင်

ဒီစာအုပ်ကတော့ ပညာရှင်များလေ့လာထားသော ဇီဝစွမ်းအအင်၊ နည်းပညာများ ၊ အိန္ဒိယနိုင်ငံတွင် လေ့လာခဲ့သည့် ဇိဝစွမ်းအင်နည်းပညာများ ၊ မြန်မာနိုငိငံသို့ Pro P.D.Grover ရောက်ရှိစဥ်က စာရေးသူအားလေ့ကျင့်သင်ကြားပေးသော ဇီဝနည်းပညာများ P.D. Grover နဲ့.ပူးပေါင်းဆောင်ရွက် ပြီး ကမ္ဘာပေါ်တွင် ပထမဦးဆုံး ပေါ်ပေါက်လာသည့် ရိုးရှင်းလွယ်ကူစွာ တည်ဆောက်နိုင်သော ကျောက်မီးသွေးအသုံးပြုအခိုးနှင့် အနံ့သတ် မီးဖိုတို့နှင့် ပတ်သက်တဲ့အကြောင်းအရာများကို ၁၉၉၅ ခုနှစ်၊ ထင်းအစား အခြားလောင်စာ အသုံးပြုရေးစနစ်တွင် ဆောင်ရွက်နေသည့် ထင်းအစားအခြားလောင်စာ သုံးစီမံကိန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူ ပြုနိုင်ရန်အတွက် ရေးသားထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ ၁၉၉၅ ခုနှစ် ပခုက္ကူ ဦးအုံးဖေစာပေဆု သုတေသနစာပေ ပထမဆုရရှိထားပြီး ၂၀၀၃ ခုနှစ်၊ တွင် ပထမအကြိမ် ထုတ်ဝေထားတဲ့စာအုပ်ပါ။ အဖုံးပန်းချီကို လှသစ်အောင်က ရေးဆွဲထားပါတယ်။

မြန်မာ့ရေအရင်းအမြစ်

မိုးလေဝသပညာရှင် ဆရာနိုင်ရွှေမိုးရဲ့ ၂၀၀၅ ခုနှစ် စာပေဗိမာန်စာမူဆု၊ သုတပဒေသာ(သိပ္ပံနှင့် အသုံးချသိပ္ပံ)စာမု ပထမဆုရ စာအုပ်ဖြစ်ပါတယ်။ မြန်မာ့ရေအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်တော်လေး အသေးစိတ်ရေးထားတာ တွေ့ရပါတယ်။ ရေရဲ့ ပေါင်းစပ်ဖွဲ့စည်းပုံနဲ့ ဖွဲ့တည်မှု၏ မူလအစ၊ သီးခြားတည်ရှိရာနေရာတွေ၊ ရေရဲ့ ထူးကဲတဲ့ဂုဏ်ရည်နဲ့ နှိုင်းမရတဲ့ အားမာန်တွေ၊ အဆုံးအစမဲ့ ဇလသံသရာ၊ ဇီဝလောကအတွက် အကျိုးပြုဆုံး ဒြပ်ပစ္စည်း၊ ဇလဒေါမာန်နဲ့ ဇလပေးတဲ့အန္တရာယ်၊ မြစ်ရေ ခန့်မှန် မြစ်ရေထိန်းကျောင်းမှု၊ မြန်မာနိုင်ငံနှင့် ကမ္ဘာ့ရေအကိပ်အတည်း စသဖြင့် အကြောင်းအရာအစုံအလင်ကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ လေ့လာလိုသူတွေအတွက် အတော်လေး အဆင်ပြေမယ့် စာအုပ်‌တစ်အုပ်လို့ ဆိုရပါမယ်။ စာအုပ်က ၂၀၀၇ ခုနှစ်က ထုတ်ဝေခဲ့တာဆိုတော့ စာအုပ်ဆိုင်တွေမှာ ရှာရဖို့တော့ မလွယ်တော့ပါဘူး။ စာအုပ်အဟောင်းဆိုင်တွေမှာတော့ တခါတလေ တွေ့ရတတ်ပါတယ်။

ငလျင် သို့မဟုတ် အနီးအနားက အကြီးမားဆုံး သဘာဝဘေးအန္တရာယ်

ဒီစာအုပ်ကတော့ ငလျင်စတင်ဖြစ်ပေါ်လာပုံ ၊ ငလျင်လှိုင်းများ ၊ ငလျင်ဗဟိုချက် ၊ နောက်ဆက်တွဲငလျင် ၊ ​ဆူနာမီငလျင်လှိုင်းများ ငလျင်အလင်းရောင်၊ ငလျင်လှုပ်ရတဲ့ အကြေင်းအရင်းအပေါ် ဗုဒ္ဓနဲ့ သိပ္ပံ တို့ရဲ့ အမြင်များ ၊ ကမ္ဘာ့အကြီးဆုံး ငလျင်ကြီးများအကြောင်း ၊ မြန်မာနိုင်ငံ ငလျင်များ ၊ မြန်မာ့ဝေဒပညာနဲ့ မြေငလျင်ကို လေ့လာခြင်းနဲ့ ငလျင် အန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာများစွာကို ဖတ်ရှုရမယ့်စာအုပ်ကောင်းတစ်အုပ်ပါ။ ၂၀၀၁ ခုနှစ်တွင် ပထမအကြိမ်အဖြစ် အုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့ပါတယ်။ ဝယ်လို့ရမယ်ဆိုရင် ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ၊ လေ့လာစရာ ဗဟုသုတဖြစ်စရာတွေ အများကြီးပါပါတယ်။

လူနှင့် မိုးလေဝသ

(ပတ်ဝန်းကျင် စာအုပ်မိတ်ဆက်) ဒီစာအုပ်ကတော့ ဆရာမောင်ယဥ်လှိုင်း ရေးသားထားတဲ့ မိုးလေဝသနဲ့ ပတ်သကပြီး လူတိုင်းသိသင့်တဲ့ အကြောင်းအရာတွေ၊ လေ အကြောင်း ၊ မိုးလေဝသရဲ့ အရေးပါမှု ၊ စစ်မှု ရေးရာ နဲ့မိုးလေဝသအကြောင်း ၊ မိုးလေဝသနဲ့ အပျက်အစီးများ ၊ ပညာရှင်တွေအကြောင်း ၊ ထိန်းချုပ်ရေးအကြောင်း ၊ လူ့ပယောဂနဲ့ မိုးလေဝသအကြောင်းတွေအပြင် လူသားတွေနဲ့ မိုးလေဝသ ဆက်နွယ်ပုံတွေကို ဖတ်ရှု ရမှာပဲ ဖြစ်ပါတယ်။ မိုးလေဝသသည် လူကို ကောင်းကျိုးပြုသလို ဆိုးကျိုးကိုလည်း ပေးပုံ ၊ မိုးလေဝသကြောင့် လူသားတို့၏ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံး ရသလို လူ့ပယောဂကြောင့်လဲ မိုးလေဝပျက်စီးရပုံတွေကို ဖတ်ရှုရမယ့်စာအုပ်ကောင်းတစ်အုပ်ပါ။ ၁၉၈၆ ခုနှစ် တွင် ပထမအကြိမ်ထုတ်ဝေခဲ့ပြီး အဖုံးပန်းချီကို လွယ်လွယ် ကရေးဆွဲထားပါတယ်။ […]

Page 2 of 3
1 2 3