လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် နေရာကွက်၍ မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းနှင့် ဩရိဿတောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးဇလ၏ အောက်တိုဘာ ၁၆ ရက် နံနက် ၆ နာရီခွဲတွင် တိုင်းတာချက်အရ သိရသည်။ လေဖိအားနည်းရပ်ဝန်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ […]

“တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းငယ် (92W) (Depression)တစ်ခုစတင်ဖြစ်ပေါ်လာ”

၆.၁၀.၂၀၂၁ မွန်းလွဲ ၂ နာရီ ၁၈ မိနစ် ဖိလစ်ပိုင်နိုင်ငံရဲ့ အနောက်မြောက်ဘက် ဗီယက်နမ်နိုင်ငံ ရဲ့ အရှေ့ဘက် တောင်တရုတ်ပင်လယ်​​ပြင်အလယ်ပိုင်း တွင်JTWCအသိအမှတ်ပြုTyphoonမုန်တိုင်း(92W) (Depression)တစ်ခု စတင်ဖြစ်ပေါ်လာတာကိုတွေ့ရ ပါတယ်။ ယခု ဖြစ်ပေါ်နေသော Typhoon မုန်တိုင်းငယ်(92W) ရဲ့ အခြေအနေကတော့… ထိုင်းနိုင်ငံမိုးလေဝသဌာနရဲ့ ယနေ့ မြန်မာစံတော်ချိန် နံနက် ၆နာရီ၃၀မိနစ် အချိန်တိုင်းထွာချက်များအရ Center pressureမှာ”1000hpa”ဖြစ်ပြီးအနောက် အနောက်မြောက်ဘက်ကို ၁နာရီ၁၀ မိုင်နှုန်းဖြင့်ဗီယက် နမ်နိုင်ငံတောင်ပိုင်းကို ဦးတည်ရွေ့လျားနေတာကို တွေ့ရပါတယ် ခင်ဗျာ။ အဆိုပါ မုန်တိုင်းငယ် Depression ဟာဆက်လက် အားကောင်းလာပြီးနောက် အားကောင်းသော Typhoon မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ဗီယက်နမ်နိုင်ငံတောင်ပိုင်းကို ဖြတ်ကျော်ဝင်ရောက် ကာ မြန်မာနိုင်ငံဘက်ကို အရှေ့လေပွေလှိုင်းများ အဖြစ်နဲ့ ဘင်္ဂလားပင်လယ်အော်အထိရောက်ရှိ လာနိုင်တယ်လို့တော့ ကနဦးခန့်မှန်းတွက်ချက် […]

Page 2 of 2
1 2