Risk များ 

Risk များ 

အိမ်ရာတွေကို ခုတ်လှဲပစ်နေတာလား
အသိုက်အမြုံတွေကို ဖျက်ဆီးပစ်နေတာလား
ခိုကိုးရာမဲ့လာတဲ့ သတ္တဝါတွေကိုမြင်ရတော့
ခြေသလုံးအိမ်တိုင်ဆိုတဲ့စကားကို သတိရမိတယ်။

နေ့စဉ်သောက်သုံးနေကျ … ရေ
ကိုယ်လက်သန့်စင် ဆေးကြောနေကျ … ရေ
မရှိမဖြစ် ” ရေ ” အရင်းမြစ်ထဲကို
မသိလိုက်မသိဘာသာ
အဆိပ်အတောက်တွေ ပစ်ထည့်နေကြတယ်။

ပြည်ပက လိပ်စာမှားလာတဲ့
ထင်တိုင်းကြဲ ရင်းနှီးမြှုပ်နှံမှုတွေ
အထွက်နှုန်းမြင့် မွေးမြူရေးလုပ်ငန်းကြီးတွေ
ကူညီသူမဲ့ ဥတုဘေးသင့်တောင်သူတွေနဲ့ … ။

ပြောပြန်ရင်လည်း
ချနင်းခံပြည်သူတွေရဲ့ မြေ ရေ လေ မီး
ဘေးကင်းလုံခြုံမှုတွေကို တစ်ကြိမ်တစ်ခါမျှ
တွေးဆကြံစည် ကြည့်ခဲ့ဖူးဟန်မရှိတဲ့
ပြည်တော်ပြန်များရဲ့ဓနအင်အားဟာ
နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု ဖြစ်နေတော့တယ်။ ။

 

ဝန်းရံခ

ဓာတ်ပုံ-အင်တာနက်

About The Author

greenness_mm

No Comments

Leave a Reply