ကမ္ဘာပေါ်က လူသတ်ကောင်အကြီးစားက လေထုညစ်ညမ်းမှုပါ

ကမ္ဘာပေါ်က လူသတ်ကောင်အကြီးစားက လေထုညစ်ညမ်းမှုပါ

လေထုညစ်ညမ်းမှုကြောင့် ကလေး ၃သိန်းကျော်ကို နှစ်စဉ် ကိုယ်ဝန်ပျက်ကျနေတယ်ဆိုရင် ကျနော်တို့ ကြုံတွေ့နေရတဲ့ လေထုညစ်ညမ်းမှုကို လျှော့ချဖို့သင်တယ်လို့ မထင်ဘူးလား။ အာရှမှာစီပွားရေးကျားကြီးတွေ ဖြစ်တဲ့ တရုတ်တို့ ၊ အိန္ဒိယတို့ မှာ လေထုညစ်ညမ်းမှု နဲ့ ပတ်သက်ပြီး ကမ္ဘာကပြောနေဆိုနေပေမဲ့ သူတို့ ထက်ပိုဆိုးတဲ့ ဥရောပက မြို့တွေ ရှိပါသေးတယ်။

ကားတွေ မော်တော်ဆိုင်ကယ်တွေက ထွက်တဲ့ အငွေ့တွေ ၊ ထင်း တွေ မီးသွေးတွေနဲ့ လောင်စာဆီတွေ လောင်ကျွမ်းလို့ ထွက်တဲ့ မီးခိုးငွေ့တွေမှာ ရှိတဲ့ အမှုန်တွေကို PM ဆိုတဲ့ ယူနစ်နဲ့ တိုင်းကြပါတယ်။ အကြမ်းအားဖြင့် ကိုယ့်ရဲ့ရှေ့က မြင်းကွင်း ကို ကြည်ကြည်လင်လင် မြင်ရတယ်ဆိုရင်တော့ PM ၂.၅ ရှိတယ်လို့ မှတ်ထားရပါမယ်။ အဲ့ဒိအခြေအနေက လေထုထဲမှာ ရှိတဲ့ အမှုန်တွေ က လူတွေကို အန္တရာယ် မဖြစ်စေဘူးလို့ ဆိုရမှာပါ။ ဒါပေမဲ့ PM ၁၀ ကိုကျော်လာပြီဆိုရင်တော့ ခင်းဗျားတို့နေထိုင်နေတဲ့ လေထုက အန္တရာယ်ဖြစ်နေပြီပေါ့။

ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ကြည့်လို့မရအောင် အမြင်တွေမှုန်ဝါးနေပါပြီ။ ကာဗွန်ဒိုင်အောက်ဆိုက် နိုက်ထရိုဂျင်အောက်ဆိုက် မီသိန်း ဓာတ်ငွေ့တွေလို ဖန်လုံအိမ်ဓာတ်ငွေ့တွေ ကိုယ့်ပတ်ခြာလည်မှာ ဝိုင်းနေပြီပေါ့ ။ အဲ့လိုအခြေအနေမျိုးကို ဥရောပနိုင်ငံအချို့က မြို့ကြီးတွေမှာ လည်းဖြစ်နေပါတယ်။ ဥရောပအလယ်ပိုင်းနိုင်ငံတွေ ၊ ဘောလကန်ဒေသက နိုင်ငံတွေမှာ လေထုညစ်ညမ်းမှုကြီး က အဆိုးဆုံးလို့ ပြောရလောက်အောင်ကိုဖြစ်နေပါတယ်။ ဇာဂရက်၊ ဘူချာရက် နဲ့ တက်ဆာလိုနီကီမြို့တွေမှာ ဆို ဘယ်ကို ကြည့်ကြည့် မှုန်ဝါးဝါးဖြစ်နေပါပြီ။

အဲ့ဒိမြို့တွေက PM၁၀ အောက်ကို တစ်နှစ်ပတ်လုံး မရောက်နိုင်ဘူးဖြစ်နေပါတယ်။ အာရှမှာ နီပေါက နိုင်ငံက နိုက်ထရိုဂျင်အောက်ဆိုက်အမြင့်ဆုံး နိုင်ငံဖြစ်နေတယ်။ အဲ့ဒိနောက်မှာတော့ ပိုလန်နိုင်ငံတောင်ပိုင်းက ကာရကော ၊ ရိုမေးနီးယာက ဘူချာရက် ၊ ဂရိက အေသင် နဲ့ ပြင်သစ်က ပါရီမြို့တွေက နိုက်ထရိုဂျင် အောက်ဆိုက်တွေ အမြင့်ဆုံးမြို့တွေဖြစ်နေပါတယ်။ အနောက်ဥရောပမှာလည်း ပြင်သစ် အင်္ဂလန်နိုင်ငံတွေမှာ ကြောက်စရာကောင်းတဲ့အချက်၂ချက် က ယာဉ်ကြောပိတ်ဆို့မှုနဲ့ နိုက်ထရိုဂျင်အောက်ဆိုက် ပမာဏတွေ အလွန်အကျူး မြင့်တက်နေမှုပါပဲ။

အဲ့လောက်လေမသန့်တော့ဘူးဆိုရင် ကျန်းမာရေးဆိုင်ရာပြဿနာတွေက တစ်ခုခုပြီး တစ်ခုဖြစ်လာတော့ တာပါပဲ။ နိုင်ငံတကာကပညာရှင်တွေရဲ့ တွက်ချက်မှုအရ ဆိုရင် တစ်ကမ္ဘာလုံး ရဲ့ GDP ၁ % က လေမသန့်လို့ ဖြစ်တဲ့ ရောဂါတွေအတွက် သုံးနေရတယ်လို့ သိရပါတယ်။

မောင်ယဿ ( ၂၀၂၁ ခရစ္စမတ်နေ့)

REF; euronews

Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply