ဆိုလာကားကို ထွင်ပြီး မိုင် ၆၀၀ ကျော်မောင်းပြတဲ့ ဟော်လန်ကျောင်းသားများ

ဆိုလာကားကို ထွင်ပြီး မိုင် ၆၀၀ ကျော်မောင်းပြတဲ့ ဟော်လန်ကျောင်းသားများ

နယ်သာလန်နိုင်ငံ အိုင်ဒိုဗန်တက္ကသိုလ်က ကျောင်းသားအချို့ စုပြီး နေရာင်ခြည်စွမ်းအင်သုံး ရွှေ့လျှား အိမ်ကား ( ဆိုလာမိုဘိုင်ကား) ထွင်ပြီး မိုင်၆၀၀ ကျော်မောင်ပြခဲ့ပါတယ်။ နယ်သာလန်နိုင်ငံကနေ စပိန်နိုင်ငံအထိ မောင်းခဲ့တာပါ။
ဥရောပမှာနေသာတဲ့ နေ့မျိုးဆိုရင် အားလပ်ရက် ဖြစ်လို့ကတော့ ခရီးတွေ ထွက်ကြပါတယ်။ လူခြေတိတ်ပြီး ရှု့ခင်းကောင်းတဲ့နေရာမျိုး ဆိုရင် စခန်းချပြီး နားနေကြပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ခရီးအတွက် ချက်ပြုတ်ကြော်လှော်စရာတွေ အတွက် စားအိုးစားခွက်နဲ့ လောင်စာတွေကို ပါသယ်ဆောင်လာကြရပါတယ်။
အခုတော့ အဲ့လိုခရီးအတွက် လောင်စာစွမ်းအင်တွေ အပိုသယ်စရာမလိုတဲ့ ဆိုလာမိုဘိုင်းကားကို ထွင်ပြီးခရီးသွားခဲ့ကြပါတယ်။ခရီးကိုတော့ စတယ်လာဗီလာလို့ အမည်ပေးခဲ့ကြပါတယ်။
အသင်းခေါင်ဆောင်ဖြစ်သူ ကေဂျယ်ရီဗန်ကေ်ကတော့ ကျနော်တို့က အနာဂတ်မှာ သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိန်းသိမ်းလို့ ရမယ့် နည်းပညာတစ်ခုကို အရှိန်ရအောင် လှုံ့ဆော်ပြလိုက်တာပါ။ ထုတ်လုပ်ရောင်းချဖို့အမဟုတ်ပါဘူး ၊ နည်းပညာကို ဘယ်သူ့ကိုမဆို အခမဲ့ ဖြန့်ဝေသွားမှာပါ။အဲ့ဒိကားရဲ့ မျိုးဆက်သစ်တွေကိုလည်း ဆက်လုပ်သွားမှာပါ လို ဆိုပါတယ်။
လာမယ့်မျိုးဆက်သစ်ကတော့ ကီလိုမီတာ ၃၀၀၀ ( မိုင်ထောင်ကျော် ) အထိသွားနိုင်မယ့် ဆိုလာကားတွေကို တီထွင်ဖန်တီးသွားမယ်လို့ လည်း ဆိုပါတယ်။
ကမ္ဘာကြီးက ရုပ်ကျွင်းလောင်စာသုံး စွမ်းအင်တွေသုံးပြီး ကာဗွန်တွေ ထုတ်လွှတ်ကာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးဖို့ကြိုးစားနေရာက ဆိုလာစွမ်းအင်လို အစိမ်းရောင်စွမ်းအင်တွေ အသုံးပြုပြီး ကမ္ဘာကြီးရဲ့ ဒဏ်ရာတွေကိုပြန်လည်ကုစားဖို့ ကြိုးစားနေချိန် ကြားကာလမှာ ဒီလိုတီထွင်မှုတွေက အနာဂတ်အကြို တီထွင်မှုလို့ဆိုရမှာပါ။
မောင်ယဿ
REF: euronews
Photo: solar team eidhoven

About The Author

greenness_mm

No Comments

Leave a Reply