တိမ်ကောယိုယွင်းလာသော ရေချိုကန်ကြီး ” အင်းလေး “

တိမ်ကောယိုယွင်းလာသော ရေချိုကန်ကြီး ” အင်းလေး “

အာရှတိုက်အရှေ့ပိုင်းရှိ တရုတ်ပြည် ပိုယန်း ရေချိုအိုင်ကြီး ခမ်းခြောက်သွားပုံကို သီးခြားစာစုများဖြင့် ဖော်ပြခဲ့ပြီး လက်လှမ်းမှီရာ နိုင်ငံများ ဒေသများရှိ မြစ်ကြီးများ ရေကန်ကြီးများ တဖြေးဖြေး ခမ်းခြောက်လာကြပုံကို အမေရိကန်နိုင်ငံရှိ ကိုလိုရာဒိုမြစ်ကြီး နှင့် မစ္စစ္စပီမြစ်ကြီး အပါအဝင် ကမ်ဘာ့ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှု၏ အကျိုးဆက်များဖြစ်သော မိုးခေါင်ခြင်း ကမ်ဘာကြီးပိုမိုပူနွေးလာခြင်းစသည်တို့အပြင် လူတို့၏ မှားယွင်းသော ပယောဂများကြောင့် ဖြစ်ရပုံကို ဖော်ပြခဲ့ပြီး ယခုတဖန် ကမ်ဘာ့ပညာရှင်များက အထူးအလေးပေးပြောကြား သတိပေးနေသော ကမ်ဘာ့ရေချိုကန်ကြီး (၃) ကန်မှာ တိုက်ကြီး (၃) တိုက်တွင် တည်ရှိသည့်အနက် ကျနော်တို့နိုင်ငံမှ “အင်းလေးကန်ကြီး” လည်း ပါဝင်နေသည်ကို တွေ့ရပါသည်။
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်တွင် တည်ရှိပြီး ဧရိယာအကျယ်စုစုပေါင်း (၁၁၆ ) စတုရန်းကီလိုမီတာ ခန့်ရှိပါသည်။ ထူးခြားသည့်မှတ်တမ်းမှာ ၁၉၁၈ ခုနှစ်တွင် တိုင်းတာခဲ့သော အင်းရေ၏ အနက်ဆုံးနေရာမှာ ပေ (၂၀ )ခန့် ရှိပြီး နှစ်ပေါင်း (၁၀၀) အကြာ ( ၂၀၁၈ ) ခုနှစ် တိုင်းတာချက်အရ အနက်ဆုံးနေရာမှာ (၁၀ ) ပေ ခန့်သာရှိတော့ သည်ဟု ဆိုပါသည်။ အရွယ်အစားအားဖြင့် မူလအရွယ်အစား၏ (၃၈%) ခန့် ကျုံ့ဝင်သွားခဲ့ပြီးဟု ဆိုပါသည်။
နာမည်ကျော်ကြားသော ကမ်ဘာ့ရေချိုအိုင်များတွင်ပါဝင်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ( ၁.၅ ) သန်းခန့်ရှိပါသည်။ အင်းသားလူမျိုးများမှာ အများစုဖြစ်ပြီး တောင်ရိုး ပအို့ဝ် ဓနု တောင်သူ စသည်တို့လည်း အင်းလေးကန်ကြီး၏ ပတ်ပတ်လည်တွင် လုပ်ကိုင် စားသောက်နေထိုင်ကြပါသည်။ အင်းသားတို့၏ ခြေဖြင့်လှေကိုလှော်ခတ်ခါ မြုံးများကိုအသုံးပြု၍ အင်းလေးတွင် ငါးဖမ်းကြပုံ နှင့် ရေပေါ်စိုက်ခင်းများဖြင့် ခရမ်းချဉ်သီး ခရမ်းသီး စသည့်အသီးအနှံများကို စိုက်ပျိုးထုတ်လုပ်ရောင်းချခါ အသက်မွှေးကြပါ သည်။ ကိုယ်ပိုင်ဒီဇိုင်းဖြင့် ယက်လုပ်ရောင်းချသော အင်းလေးထွက် ယက္ကန်းထည်လုပ်ငန်းများ ကလည်း အလည်လာသူများကို ဖောင်တော်ဦးဘုရားကို ဖူးပြီးသည်နှင့် မလည်မဖြစ် လည်ပတ်ရန် ဖိတ်ခေါ်နေသလိုပါ။
ကမ်ဘာပေါ်ရှိအခြားမည်သည့်နေရာဒေသများတွင်မှ မတွေ့နိုင်ဘဲ အင်းလေးကန်ဒေသတွင်သာ တွေ့ရှိရသော ကျေးငှက် နှင့် ရေနေသတ္တဝါ ဇီဝမျိုးကွဲပေါင်း (၇၀၀) ခန့် ရှိသည့်အပြင် နှစ်စဉ်ကမ်ဘာ့မြောက်ပိုင်းဒေသမှ ဆောင်းခိုငှက်များ လာရောက် ကြရာတွင် အင်းလေးဒေသတွင်သာ နှစ်စဉ်လာလေ့ရှိသော ကြိုးကြာငှက်တစ်မျိုးကြောင့် ကမ်ဘာ့ငှက်ချစ်သူများအကြား နာမည်ကြီးပါသည်။
နောက်ပိုင်းလူဦးရေကလည်း ( ၂ ) သိန်းကျော်လာပြီး တဟုန်ထိုးဖွံ့ဖြိုးလာသော ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ ကြောင့် နှစ်စဉ် ပြည်တွင်းခရီးသည် ( ၁ ) သန်းခန့်နှင့် ပြည်ပခရီးသည် ( ၂ ) သိန်းခန့် ရွိရာ ၂၀၁၂ ခုနှစ်တွင် ညောင်ရွှေ အင်းလေးဒေသတွင် ဟော်တယ်နှင့် တည်းခိုခန်း (၁၇) ခုသာ ရွိခဲ့ရာမွ ယခုအခါ ကမ်ဘာ့နာမည်ကြီးဟော်တယ်အုပ်စုများ အပါအဝင် (၁၅၀) ကျော်ခန့်အထိ တိုးပြားလာခါ အင်းလေးဒေသဖွံ့ဖြိုး တိုးတက်လာသည်နှင့်အတူ ကျွှဲကူးရေပါ အင်းလေးကန် ကြီး၏ ဆုတ်ယုတ်မှုများလည်း ဖြစ်ပွားလာခဲ့သည်ဟု ဆိုပါသည်။
( ၁ ) ကမ်ဘာ့ရာသီဥတု ပြောင်းလဲခါ ပိုမိုပူပြင်းလာခြင်းကြောင့် မိုးခေါင်သည့်နှစ်များတွင် ရေမျက်နှာပြင် ဆိုးရွားစွာ နိမ့်ကျခြင်း ဖြစ်တတ်ရာ ၂၀၁၀ ခုနှစ်က ဖောင်တော်ဦးဘုရား၏ လှေဆိပ်တွင် ရေစူး တစ်ပေခန့်သာကျန်သည်အထိ ခမ်းခြောက်ခဲ့ဖူးပါ သည်။
( ၂ ) အင်းလေးကန်ပတ်လည်တွင် တိုးတက်တည်ဆောက်လာသော လူနေအိမ်ခြေများ နှင့် ဟော်တယ်များအတွက် မြေကွက်များ ရှင်းလင်းရာတွင် သစ်တောများကို ခုတ်ထွင်ရှင်းလင်းခြင်းကြောင့် ရေဝေရေလဲဒေသများအပါအဝင် ဂေဟစံနစ် ပျက်ယွင်းခါ မြေလွှာများကို မိုးရေများဖြင့် တိုက္စားခါ အင်းလေးကန်ကြီးအတွင်းသို့ ကနယ်မြေ (Silt) များပို့ချမှုများပြား ခဲ့ပါသည်။ အဆိုပါ ဟော်တယ် တည်းခိုခန်းများ လူနေအိမ်ခြေများမှ ထွက်လာသော ရေဆိုးများ အညစ်အကြေးများကို အင်းလေးကန်အတွင်းသို့ မစွန့်ပစ်ရေးမှာ အရေးကြီးလှပါသည်။ လက်ရှိနေထိုင်သူများ၏ (၇၀%) မြာ အညစ်အကြေးများကို တိုက်ရိုက်စွန့်ပစ် နေကြဆဲဟု ဆိုပါသည်။
( ၃ ) တိုးတက်လာသော ကျွန်းမျော ရေပေါ်စိုက်ခင်းများကြောင့် ခရမ်းခြင်သီးအစရှိသော စိုက်ပျိုးသီးနှံများ တိုးတက်ထွက်ရှိ လာသလို ထိုသို့သောကျွန်းမျှောများ ကြောင့် ရေပြင်ကို ဖုံးလွှမ်းမှုပိုမိုလာရာ ရေအောက်ဂေဟစံနစ်အတွက် ယခင်ကလို နေရောင်ခြည်အပါအဝင် အောက်စီဂျင်ရရှိမှုများ လျော့နည်းကျဆင်းလာနေသည်ဟု ဆိုပါသည်။ ရေနေသတ္တဝါ ငါးများအတွက် အနေကျုံ့လာသည့်သဘော ဖြစ်ပါသည်။ ဗူးလေးရာ ဖရုံဆင့် စကားလိုပင် ယခင်ရှိပီးသား ဗေဒါပင်များ၏ တိုးပွားလာနေမှု ကလည်း ကြောက်ခမန်းလိလိဟု ဆိုကြပါသည်။
( ၄ ) အဆိုးဆုံးပြဿနာမှာ အသီးအနှံများစိုက်ပျိုးရာတွင် အထွက်တိုးစေရန် မတန္တစ်ဆ သုံးစွဲကြသည့် ဓာတ်မြေသြဇာ အပါအဝင် ပိုးသတ်ဆေးများကိုပါ အလွန်အကျွံသုံးစွဲခဲ့ကြခြင်း အသီးအနှံများကို ရောင်းချရန် ဆွတ်ခူးဆေးကြောကြခြင်း စသည်တို့မှ အဆိုပါပြင်းထန်သော ဓာတုဆေးများကြောင့် အင်းလေးကန်ကြီးအတွင်းရှိ ရေများ ညစ်ညမ်း (Water Pollution) လာပုံမြာ စိုးရိမ်ဖွယ်ရာအဆင့်သို့ ရောက်ရှိနေပြီဟု တိုင်းတာတွေ့ရှိမှုများက ဆိုပါသည်။
ဆင့်ကဲဖြစ်စဉ်များအဖြစ် အဆိုပါဓာတုဆေးအဆိပ်သင့်သော ငါးမ်ားကို ဒေသနေလူတို့က ဖမ်းယူစားသုံးနေပြန်ရာ ကာလတာရှည်လာသည်နှင့်အမျှ အန္တရာယ်ကြီးမားလှပါသည်။ သူတို့၏ အဆိုအရ အင်းလေးကန်အတွင်း ကျွန်းမျောစိုက်ခင်း များတွင် မည်သည့်သီးနှံမျှ သဘာဝအတိုင်း စိုက်ပျိုးခြင်း (Organic Farming) ကို ပြုလုပ်၍ မရနိုင်တော့ဟု ဆိုကြပါသည်။
အင်းလေးကန်ကြီးကို ကမ်ဘာ့ကုလသမ္မဂ္ဂအဖွဲ့အစည်းများ ပြည်ပနိုင်ငံများမှ အဖွဲ့အစည်းများ နှင့် ပြည်တွင်းအင်အားစု မ်ားက ပြန်လည်အခြေအနေကောင်းမွန်စေရန် ဆောင်ရွက်နေကြသည့် သတင်းများကိုလည်း သိရှိရပါသည်။ ယခုစာစုမြာ ယခင်တစ်ပတ်က ကမ်ဘာ့သတင်းဌာနများက ဖော်ပြထားကြသည်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပြီး ပြုပြင်သင့်သည်တို့ကို သက်ဆိုင်ရာ နှင့် ပြည်သူအပေါင်း ဝိုင်းဝန်းခါ အင်းလေးကန်ကြီး အဓွန့်ရှည်ကြာ ကောင်းမွန်စွာ တည်တံ့ရေးကို ဆောင်ရွက် နိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။
22/02/2019
#Myanar Environmental Education Team
photo-credit

About The Author

greenness_mm

No Comments

Leave a Reply