ဒီနှစ်မိုးခေါင်မှုက ပြင်သစ်မြို့ ၁၀၀ကျော်ကို သောက်ရေပြတ်လပ်မှုဖြစ်

ဒီနှစ်မိုးခေါင်မှုက ပြင်သစ်မြို့ ၁၀၀ကျော်ကို သောက်ရေပြတ်လပ်မှုဖြစ်

ပြင်သစ်နိုင်ငံ ဂေဟစနစ် ဝန်ကြီးက တိုင်းပြည်ရဲ့ တောင်ပိုင်း အပူလှိုင်းကျတဲ့ ဒေသတွေကို သွားရောက် လေ့လာပြီးနောက် မိုးခေါင်မှုကြောင့်သောက်ရေ ပြတ်လပ်တဲ့ မြို့တွေကို ရေသယ်ကားတွေနဲ့ လိုက်လံ ပိုဆောင်ပေးနေရပါတယ်။ သူရဲ့ အပြောအရ သောက်ရေ မလုံလောက်မှု ဖြစ်သွားတဲ့ မြို့ ရာနဲ့ ချီတယ်လို့ သိရပါတယ်။

“ ကျနော်တို့ က သောက်ရေကိုရေလှောင်ကန်တွေကနေ တစ်ဆင့် ပိုက်လိုင်းတွေနဲ့ မြို့တွေကို ရေပို့ပေးနေတာပါ။ ရေလှောင်ကန် တွေမှာ ရေမရှိတော့လို့ သောက်ရေ လုံးဝမရတော့တဲ့ မြို့ က ရာနဲ့ ချီသွားပါတယ်” လို့ ခရစ္စတိုဖီ ဘဲချူက ဆိုပါတယ်။

ဥရောပနိုင်ငံတော်တော်များများမှာလည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် အပူလှိုင်းကျရောက်ခြင်းနဲ့ စံချိန်တင်မိုးခေါင်မှု ဖြစ်စဉ် ဖြစ်ပွားနေပါတယ်။ ပြင်သစ်ဝန်ကြီးချုပ် အဲလိစဘတ်ဘော်နီက “ ကျမတို့ နိုင်ငံက လယ်သမားတွေအတွက် တော်တော်စိတ်မကောင်းစရာ ဖြစ်ရပါတယ်။ ကျမတို့ ကလည်း အရပ်ဖက်မှာ သောက်ရေ မရမှုတွေ ုဖြစ်နေလို့ ရေကာတာတွေက ရေတွေကို သောက်သုံးရေ အတွက် ဦးစား ပေးနေရလို့ စိုက်ခင်းတွေဖက်ကို မလှည့်နိုင်ဘူးဖြစ်နေပါတယ်။ ကျမတို့ရဲ့ ဂေဟစနစ်နဲ့ ဇီဝမျိုးကွဲတွေအတွက် စိတ်ပူနေရပါတယ်’ လို့ ဆိုသွားပါတယ်။

အခုဆိုရင်ပြင်သစ်နိုင်ငံမှာ ဂေါက်ဖ်ကွင်းတွေ ရေဖြန်ခြင်း ၊ ရေကူူးကန်တွေရေဖြည့်ခြင်း ၊ ပန်းခြံနဲ့ ဥယျာဉ်တွေ ရေဖြန်းခြင်း ၊ ကားရေဆေးခြင်း နဲ့ ရေပန်းများဖွင့်ခြင်း ကို တာမြစ်ထားပါတယ်။ မြို့တော်ဖြစ်တဲ့ ပါရီမှာတောင် ရေသုံးစွဲမှု ချွေတာရေးတွေ လုပ်နေရပါတယ်။ ပန်းခြံတွေ ကို ညဖက်ကျမှပဲ ရေလောင်းကြရပါတယ်။ ဒီနှစ်မိုးခေါင်တဲ့ ပြဿနာ ပြီးသွားရင် နောက်နှစ်မှာ ရေကြီး မှု ဖြစ်တတ်လို့ အဲ့ဒိကိစ္စအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရတယ်လို့ ဝန်ကြီး ချုပ်ကပြောသွားပါတယ်။

မောင်ယဿ

REF: eUro news

#greenness

About The Author

greenness_mm

No Comments

Leave a Reply