ဘာစီလိုနာမြို့ပေါ်လမ်း ၂၁ လမ်းကို အစိမ်းရောင်လမ်းတွေအဖြစ် ဖန်တီး

ဘာစီလိုနာမြို့ပေါ်လမ်း ၂၁ လမ်းကို အစိမ်းရောင်လမ်းတွေအဖြစ် ဖန်တီး

နွေရာသီတုန်းက ကိုဗစ်ပြန့်နှံ့မှုကို ထိန်းချုပ်တဲ့ လော့ခ်ဒေါင်းကို လုပ်ပြီးနောက်မှာတော့ ကိုဗစ်ကာကွယ် ဆေးထိုး လုပ်ငန်းတွေ လုပ်လာနိုင်ပြီဖြစ်လို့ လော့ခ်ဒေါင်းကို ဖြုတ်လိုက်ကာ ဘာစီလိုနာမြို့ က ယခင်ကလို ပြန်လည်စည်ကားမှုတွေ ဖြစ်လာပါပြီ။
မြို့ ကိုလော့ဒေါင်းချထားစဉ်ကာလမှာ မြို့ အာဏါပိုင်တွေ က မြို့ ပေါ် လမ်း ၂၁ လမ်းကို အစိမ်းရောင် လမ်းတွေ ဖြစ်အောင် ပြင်ဆင်ခဲ့ကြပါတယ်။ အဲ့ဒိစီမံကိန်းက ကမ္ဘာ့စီးပွားရေးဖိုရမ်ကနေဆင်းသက် လာတာဖြစ် ပြီး ကားလမ်းတွေနဲ့ လူသွားလမ်းတွေမှာ သစ်ပင်တွေစိုက်ကာ အစိမ်းရောင်လမ်းတွေကို ဖန်တီးခဲ့တာပါ။
ကိုဗစ်ပထမလှိုင်း ဖြစ်တဲ့ ၂၀၂၀ မတ်လကတည်းက အဲ့ဒိအစီအစဉ်ကို မြို့အာဏါပိုင်တွေ ဆွဲခဲ့တာပါ။ မြို့ မှာ ကာလမ်းတွေ ကို အစိမ်းရောင် ပြောင်းနေစဉ်မှာ ပဲ စက်ဘီးလမ်းတွေကို ပိုမိုတိုးချဲ့ နိုင်ခဲ့ပါတယ်။ ကားထက် စက်ဘီးတွေ ၊ အီးဘိုက်တွေ ပိုမိုသွားနိုင်အောင်လို့ လမ်းတွေကို ပြင်ဆင်မှု လုပ်ခဲ့ပါတယ်။
ရာသီဥတု ပြောင်းလဲမှု နဲ့ လိုက်ဖက်အောင်လို့ မြို့ ကို ပြောင်းလဲမှု တွေကို ဆက်လုပ်နေပါတယ်။ ဒလီဗရီကားတွေ ရပ်ဖို့အတွက် နေရာအခက်အခဲဖြစ်နေတာကို ဖြေရှင်းဖို့ ကြိုးစားမှုတွေကိုလည်း လုပ်နေပါတယ်။ မြို့ ဗိသုကာချုပ်က ကားလမ်းတွေကိုလျှော့ပြီး လူသွားလမ်းတွေ တိုးဖို့အတွက် ဒီဇိုင်းတွေ ဆွဲနေပါတယ်။ အဲဒိလိုလုပ်တဲ့နေရာမှာ မြို့ရဲ့စီးပွားရေး လုပ်ငန်းတွေကို မထိခိုက်စေဘဲ ကားလမ်းလျှော့တဲ့ အစီအစဉ်ကို လုပ်နေတာပါ။
ကိုဗစ် ကူးစက်ရောဂါတွေ ကို ကာကွယ်ဖို့အတွက် မြို့စွန်တွေ မှာ လမ်းပန်းဆက်သွယ်ရေး နဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုး ရေးကို ဦးတည်လုပ်ကိုင်ခဲ့လို့ မြို့နေလူတန်းစားတွေ တောနယ်ဖက်ကို ပြောင်းရွှေ့နေထိုင်မှုတွေ ဖြစ်လာပါတယ်။ကိုဗစ်ကာလအတွင်း မြို့ပေါ်မှာ နေရာလွတ်တွေ များများရဖို့ အတွက် စီစဉ်နိုင်ခဲ့တာဖြစ်လို့ ဘာစီလိုနာက အစိမ်းရောင်မြို့ ဖြစ်ဖို့နီးစပ်လာခဲ့ပါတယ်။

မောင်ယဿ
REF: green citizen
Photo; klm

About The Author

greenness_mm

No Comments

Leave a Reply