အမေဇုံကို ဆိုလာနဲ့ ကယ်ဖို့ကြိုးစားနေပြီ

အမေဇုံကို ဆိုလာနဲ့ ကယ်ဖို့ကြိုးစားနေပြီ

တောင်အမေရိက တိုက်မှာရှိတဲ့ အမေဇုံ တောဆိုတာ ကမ္ဘာကြီးရဲ့ အဆုတ်လို့ ခေါ်ပါတယ်။ ကမ္ဘာ့လေထုထဲ မှာ ရှိတဲ့ တန်ပေါင်းများစွာသော ကာဗွန်တွေကို သိုလှောင်ပြီး အောက်ဆီဂျင်တွေ ထုတ်ပေးနေတဲ့ သဘာ၀ စက်ရုံကြီး တစ်ခုပါ။
ဒီဖက်ခေတ်တွေမှာတော့ အမေဇုံတောကြီးက မြို့ပြချဲ့ထွင်မှု နဲ့ သစ်ထုတ်လုပ်မှုတွေရဲ့ ဒဏ်ကို အလူးအလဲ ခံနေရပါတယ်။ စွမ်းအင်လိုအပ်မှု နဲ့ အလုပ်အကိုင်အခွင့်အလမ်းက သစ်တောကြီးကို လုံးပါးပါး လာစေပါတယ်။ အခုတော့ အမေဇုံတော ကိုကာကွယ်ဖို့အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတွေ လုပ်ဖို့ ပထမဆုံး ခြေလှမ်းတစ်ရပ်ကို စတင်နိုင်ခဲ့ပါပြီ။
အမေဇုံတောရဲ့ မြောက်ဖက်ပိုင်း ဘရာဇီးနိုင်ငံရဲ့ ဆန်တာဟယ်လီနာပြည်နယ်မှာ ဆိုလာပြားတွေကို စတင်တပ်ဆင်ပြီး ဆေးရုံ ၊ စာသင်ကျောင်း ၊ ဘုရားရှိခိုးကျောင်းတွေ နဲ့ လူနေအိမ်ခြေအချို့ ကို လျှပ်စစ်မီး ပေးတဲ့လုပ်ငန်း တွေ စတင်နေပါတယ်။
နီးဂရိုးမြစ် ကမ်းပါးတွေမှာ ဆိုလာပြားတွေ တပ်ဆင်ထားပြီး ဒေသတွင်း ငါးဖမ်းလုပ်ငန်တွေအတွက် အရေးပါတယ် အအေးခန်းတွေကို မီးပေးထားနိုင်နေပါပြီ။ ဒေသခံငါးဖမ်းသမားတစ်ယောက်ကတော့ ကျနော်တို့ တစ်ရက်ကို ၁၀ဒေါ်လာနီးပါးလောက်ဝင်ငွေအပိုထွက်လာတယ် လို့ မွန်ဂါဘေး သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး သတင်းဌာနကို ဆိုလိုက်ပါတယ်။
နီးဂရိုမြစ် ဘေးမှာရှိတဲ့ သစ်တော ဧက ၂သိန်းခွဲကျော်ကို ထိန်းသိမ်းဖို့အတွက် ရွာ ၁၉ ရွာ မှာ ဆိုလာခင်းတွေ တပ်ဆင်နေတဲ့ စီမံကိန်း စတင်လည်ပတ်နေပါတယ်။ တစ်ရွာ ကို ဆိုလာပြား ၁၃၂ ပြား ၊ လစ်သီယံ ဘတ်ထရီ ၅၄ လုံးနဲ့ အင်ဗာတာ ၉ လုံးစီဝေမျှ ပေးထားခဲ့ပြီးပါပြီ ။ တောတွင်းမှာ ရှိတဲ့ ရွာအချို့ ကိုလည်း ဖယ်ရှားပြီး အဲ့ဒိရွာ ၁၉ ရွာမှာ လောရောက်ပေါင်းစည်းကာ လျှပ်စစ်မီး ကို အချိုးကျစတင်သုံးစွဲခိုင်းထားပါတယ်။
ယူနီကိုဘာလို့ ခေါ်တဲ့ ပရဟိတအဖွဲ့က အဲ့ဒိစိမံကိန်း တပ်ဆင်မှုလုပ်ငန်းတွေကို အကျိုးအမြတ်မယူဘဲ လုပ်ဆောင်ပေးခဲ့ပါတယ်။ ကျနော်တို့ အဖွဲ့က ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကြွယ်ဝမှု ဖြစ်ထွန်းရေးကို ဦးတည်ပြီး သစ်တောထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်နေတာပါ လို့ တာဝန်ရှိသူက ဆိုပါတယ်။
မောင်ယဿ ( ဇန် ၅ )
REF: mongabay
Photo : mongabay

About The Author

greenness_mm

No Comments

Leave a Reply